နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သမတဘိုင်ဒင်သည် ထရန့် ပစ်မှတ်ထားနိုင်သည့် အရာရှိများအတွက် ကြိုတင်လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေသည်။

ဖြစ်နိုင်ချေရှိသောအမည်များမှာ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီ (Mark Milley)၊ လစ်ဇ်ချိန်နီ (Liz Cheney)၊ အဒမ်ရှစ်ဖ် (Adam Schiff) နှင့် ဒေါက်တာဖော်စီ (Dr. Fauci) တို့ ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ရက်။

သမ္မတဂျိုးဘိုင်ဒင်နှင့် ၎င်း၏ အကြီးတန်း လက်ထောက်များသည် နောက်တက်လာသောထရန့်အစိုးရ အုပ်ချုပ်ရေးမှ ပစ်မှတ်ထားခံရမည့်သူများအတွက် ဖြစ်နိုင်ခြေရှိသော လွတ်ငြိမ်းချမ်းသာခွင့်များကို ဆွေးနွေးနေကြသည်ဟု သမ္မတနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဖြစ်နိုင်ခြေရှိသောအမည်များတွင် အငြိမ်းစားဗိုလ်ချုပ်ကြီး မာ့ခ် မီလီ၊ ယခင် ရီပတ်ပလီပါတီ (GOP)လွှတ်တော် ကိုယ်စားလှယ်ဟောင်း လစ်ဇ် ချိန်နီ၊ အထက်လွှတ်တော်အမတ် အဒမ်ရှစ်ဖ်နှင့် ဒေါက်တာ ဒေါက်တာအင်တိုနီဖော်စီ တို့ကဲ့သို့သော လက်ရှိနှင့် ယခင်အရာရှိများ ပါဝင်နိုင်သည်။

Politico မှ ထိုသတင်းကို ဦးစွာဖော်ပြခဲ့ပါသည်။

ဘိုင်ဒင်သည် ၎င်း၏သားဖြစ်သူ ဟန်တာဘိုင်ဒင်အား ဒီဇင်ဘာ ၁ ရက်တွင် လွတ်ငြိမ်း ချမ်းသာခွင့် အပြည့်အ၀ ပေးလိုက်ပြီး နောက်ထပ် ထည့်သွင်းစဉ်းစားခြင်းမှ ထွက်ပေါ် လာခြင်းဖြစ်သည်။ ယင်းလုပ်ရပ်သည် ရီပတ်ဘလစ်ကန်များထံမှ တုံ့ပြန်မှုများနှင့် ဒီမိုကရက်များစွာ၏ ဝေဖန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ဘိုင်ဒင်သည် ၎င်း၏သားကို လွတ်ငြိမ်းခွင့်ပေးမည် မဟုတ်ကြောင်း ယခင်က ကတိကဝတ်ပြုခဲ့သော်လည်း လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းမှာ ၎င်း၏နိုင်ငံရေးအတိုက်အခံများက အမှုကို လွှတ်ပေးမည်မထင်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

၎င်း၏မဲဆွယ်စည်းရုံးမှုတစ်လျှောက်လုံးတွင် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်က သူ၏နိုင်ငံရေးရန်သူများကို “ လက်စားချေခြင်း” ကို အတိအကျ လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။

ယမန်နှစ်တွင် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌအဖြစ်မှ အနားယူခဲ့သော မာ့ခ်မီလီသည် အာဖဂန်နစ္စတန်မှတပ်များဆုတ်ခွာမှုနှင့်ပတ်သက်၍ ရီပတ်ဘလီကန်များ၏ တိုက်ခိုက်မှုများကို ကာလကြာရှည်စွာပစ်မှတ်ထားခံခဲ့ရသည်။

၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီနှင့် အပြီးတွင် တရုတ်ကို ထရန့်က တိုက်ခိုက်မည်ဆိုသည်ကို စိုးရွံ့နေမှုကို ချေဖျက်ရန် မီလီသည် ၎င်း၏ တရုတ်ဖက်ရှိ အဆင့်တူပုဂ္ဂိုလ်ကို တိတ်တဆိတ် ဖုန်းခေါ်ဆိုခဲ့သည်ဆိုသည့် အစီရင်ခံစာအတွက် ထရန့်၏ဒေါသကို လှုံ့ဆော်ပေးခဲ့သည်။ ထိုအစီရင်ခံစာရအပြီးတွင် ထရန့် သည်မီလီအား “ သစ္စာဖောက်” ဟု စွပ်စွဲခဲ့သည်။

ချိန်နီနှင့် ရှစ်ဖ်တို့သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ တွင် ထရန့်ကို ထောက်ခံသော လူအုပ်စုက အမေရိကန်လွှတ်တော်ကို တိုက်ခိုက်မှုအပေါ် ထရန့်ပါဝင်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအပေါ် ထရန့် ၏ဝေဖန်မှုကိုကြာရှည်ခံခဲ့ရသည်။ ၎င်းတို့နှစ်ဦးသည် ဇန်နဝါရီလ ၆ ရက်နေ့တွင် အောက်လွှတ်တော်ကော်မတီ၏ နှစ်ရှည် စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းတွင် ပါဝင်ခဲ့ပြီး ထရန့် အပေါ် ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တင်ရန် အကြံပြုချက်ကို ပေးခဲ့သည်။ ရှစ်ဖ်သည် ထရန့်၏ ပထမဆုံး အထက်လွှတ်တော်တွင် စွပ်စွဲပြစ်တင်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုတွင် အောက်လွှတ်တော် ရှေ့နေလည်းဖြစ်သည်။

ချိန်နီသည် ထရန့် ကျောထောက်နောက်ခံပြုရီပတ်ဘလစ်ကန် စိန်ခေါ်သူပြိုင်ဖက်ကို ၂၀၂၂ ခုနှစ်တွင် သူမ၏ ပြန်လည်ရွေးကောက်တင်မြှောက်ခံမှုတွင် မဲရှုံးသွားခဲ့သည်။ ချိန်နီသည် ထရန့်ကိုဆန့်ကျင်ပြီး ဒုသမ္မတ ကာမလာဟဲရစ် ကို ထောက်ခံခဲ့ပြီး မဲဆွယ်စည်းရုံးရေးတွင် ဟဲရစ်နှင့် အကြိမ်များစွာ ပါဝင်ခဲ့သည်။

ရှစ်ဖ်သည် နိုဝင်ဘာလနှောင်းပိုင်းတွင် အထက်လွှတ်တော်အမတ် ဒိုင်ရင်း ဖင်းစတိန်း (Dianne Feinstein) နေရာကို အနိုင်ရပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ်မှ ဆီးနိတ်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရသည်။

ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါဆိုင်ရာ အမျိုးသား အင်စတီကျု၏ အကြီးအကဲဟောင်း ဖော်ဆီသည် ကိုဗစ်-၁၉ ကပ်ရောဂါအတွက် အစိုးရ၏ တုံ့ပြန်မှုအပေါ် ပြင်းထန်သော စိစစ်မှုကို ရင်ဆိုင်ခဲ့ရသည်။

၂၀၂၂ ခုနှစ်တွင် အငြိမ်းစားယူပြီးကတည်းက အောက်လွှတ်တော် ရီပတ်ဘလစ်ကန်များက ကျောင်းများကိုပိတ်ခြင်း၊ ဗိုင်းရပ်စ်၏ဇစ်မြစ်နှင့် အခြားအရာများကို သက်သေခံရန် လွှတ်တော် Capitol Hill သို့ ဆင့်ခေါ်ခြင်းခံခဲ့ရသည်။

သတင်းရင်းမြစ်။ ABC သတင်း။

ဓာတ်ပုံများတွင် သက်ဆိုင်ရာအမည်များကို ရေးသားထားပါသည်။

Army Gen. Mark A. Milley, chairman of the Joint Chiefs of Staff. (DOD Photo by Benjamin Applebaum)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ်
နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင် နေမီစီယို အယ်မန်ချို အိုစီဂွေရာ ဆာဗားန်တေးစ်ကို တနင်္ဂနွေနေ့က အန္တရာယ်ကြီးမားသော စစ်ဆင်ရေးတစ်ခုအတွင်း အသေဖမ်းဆီးနိုင်ခဲ့ရာ၊
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတွင် မှားယွင်းသော တွက်ချက်မှုတစ်ခုကြောင့် ရုရှားသည် လေးနှစ်ကြာသည့်တိုင် အဖိုးအခပေးဆပ်နေရဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အစောပိုင်းနာရီများတွင် ကိယက်ဗ် (Kyiv) မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ကျွန်တော်ရပ်နေစဉ်၊
နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏ ဒုတိယမြောက် သက်တမ်း အတွင်း အပြင်းထန်ဆုံးသော ပယ်ချမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ သမ္မတကိုယ်တိုင် ခန့်အပ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 53 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း