နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ ဖုန်းလိုင်းတွေပြတ်တောက်နေ၊ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကြောင့် သေဆုံးသူ (၁၀)ဦးထက်မနည်းရှိ

ဒီဇင်ဘာလ (၇)ရက်။

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ မနေ့က ညပိုင်းအချိန်ကစပြီး ဖုန်းဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဗန်းမော်မှာ တိုက်ပွဲတွေဖြစ်တော့ လျှပ်စစ်မီးပါပြတ်သွားတယ်။ ရနေတဲ့ MPT ကလဲ မီးစက်နဲ့ တောက်လျှောက်လုပ်နေရတော့ အခု ဆီကုန်သွားတော့ မနေ့ည (၁၂)နာရီလောက်ကစပြီး လိုင်းတွေပြတ်သွားတာ” လို့ ဆိုပါတယ်။

ဒီဇင်ဘာလ (၄)ရက်နေ့ကစပြီး ဗန်းမော်မြို့အနီးမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ကာ စစ်ကောင်စီဘက်က ‌လက်နက်ကြီးနဲ့ လေကြောင်းတွေနဲ့ အပြင်းအထန် ကာကွယ်နေပြီး မြို့ထဲနေပြည်သူတွေ ဘေးလွတ်ရာ ထွက်‌ပြေးတိမ်းရှောင်နေကြရပါတယ်။

“ တိုက်ပွဲစဖြစ်တဲ့နေ့က လေကြောင်းကနေပစ်လို့ (၃)မိုင်ဈေးနဲ့ စာသင်ကျောင်း ပျက်စီးသွားတယ်။ အဲ့ဒီနေ့က (၃)မိုင်ဈေးရှေ့မှာ စစ်ကားနှစ်စီး မိုင်းဆွဲခံရတာ ပျက်စီးတာတွေနဲ့ အလောင်းတွေပြန့်ကျဲနေတာ။ နောက်ပြီး မနေ့ကလဲ စခစ(၂၁)နားနဲ့ (၂)မိုင် ဂေါက်ကွင်းနားမှာ တိုက်ပွဲပြင်းထန်နေတာ” လို့ ဆက်ပြောပါတယ်။

မနေ့က နေ့လယ်ပိုင်းအချိန်မှာ ဗန်းမော်မြို့ရှိ စကခ(၂၁)အနီးဝန်းကျင်နဲ့ (၂)မိုင်ဂေါက်ကွင်းနားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကာ စစ်ကောင်စီက စကခ(၂၁)နဲ့ မြို့ထဲရှိ တပ်စခန်းတွေကို လေကြောင်းကနေ စစ်အင်အားဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး မြို့ထဲကနေ ထွက်ပြေးတိမ်းရှောင်ကြမယ့် ပြည်သူတွေကို စစ်ကောင်စီဂိတ်တွေက ဆိုင်ကယ်နဲ့ ကားတွေ ယူခွင့်မပေးဘဲ လူကိုပဲ ထွက်ခွင့်ပေးကာ ရေကြောင်းကနေ ထွက်ခွာတာမှာလဲ ဗန်းမော်မြို့တစ်ဖက်ကမ်းကိုသာ ရှောင်တိမ်းခွင့်ရနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တာတွေကြောင့် အရပ်သား (၁၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသေးစိတ် အချက်အလက်ကိုတော့ အတည်မပြုနိုင်သေးပါ။

အခုအခါမှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့ရှိ စစ်ကောင်စီလုံခြုံရေးယူထားတဲ့ နေရာအချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဌာနဆိုင်ရာရုံးအချို့ကိုလဲ ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့