နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 22 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ(၅)စခန်းကို သိမ်းပိုက်နိုင်တော့မယ်လို့ AA အသိပေး

ဒီဇင်ဘာလ (၇)ရက်။

နခခ(၅)စခန်းကို မကြာမီ သိမ်းပိုက်နိုင်တော့မှာဖြစ်တဲ့အတွက် မောင်တောမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်တော့မယ်လို့ AA ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

မောင်တောမြို့ နခခ(၅)စခန်းထဲကနေ ခုခံနေတဲ့ စစ်ကောင်စီတပ်တွေဟာ လေကြောင်းကနေ ခဲယမ်း၊ ရိက္ခာတွေ ဖြည့်တင်းပေးတာကလွဲပြီး ဘယ်လိုစစ်ကူမှ လာရောက်ဖြည့်တင်းနိုင်တာ မရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ နခခ(၅)စခန်းဟာ အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်အောက်မှာ မကြာမီ သိမ်းပိုက်ရရှိတော့မယ့် မောင်တောမြို့ရဲ့ နောက်ဆုံး လက်ကျန်စခန်းတစ်ခုဖြစ်ပြီး အရှိန်မြှင့် ထိုးစစ်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အာရက္ခဒေသထဲရှိ အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းရှိရာ နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီဘက်ကလဲ ထိုးစစ်တွေကို လေကြောင်းပစ်ကူတာအပါအဝင် ရေတပ်စစ်သင်္ဘောတွေပေါ်ကနေ ပစ်ကူအမြောက်အမြားပေးပြီး တောက်လျှောက် ခုခံကာကွယ်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေ နေ့တိုင်း ပြင်းထန်နေကာ AA အနေနဲ့ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့ ထိုးစစ်တွေကို တစ်ပြိုင်နက်ထဲ ဆင်နွှဲနေတယ်လို့ အသိပေးထားပါတယ်။

မနေ့ကလဲ အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့တွေက စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို AA က အရင်ရက်တွေအတိုင်း ဆက်လက်ထိုးစစ်ဆင်နေကာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 9 Views
ဒီနေ့ မတ်လ (၂၂)ရက်တနင်္ဂနွေနေ့မှာ “တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”ခေါင်းစဥ်နဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၃၉)မှာ မင်းအောင်လှိုင်က တဖက်မှာ အစိုးရဖွဲပြီး သမတတက်လုပ်တော့မယ်ဆိုပြီး တဆင့်ပြီး တဆင့်သွားနေချိန်မှာ
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 26 Views
မတ်လ (၂၁)ရက်။ မတ်လ (၁၈)ရက်နေ့ ညနေပိုင်းအချိန်က တနင်္သာရီကနေ မြိတ်ဘက်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့
မြန်မာသတင်း

ယင်းမာပင်မှာ အင်အား(၂၀၀)ကျော်ပါ စစ်တပ်‌စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈၀)ကျော်သေဆုံးကာ စစ်ကြောင်းဖွဲစည်းပုံပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 25 Views
မတ်လ (၂၁)ရက်။ ပြီးခဲ့တဲ့လကစပြီး ယင်းမာပင်မြိုနယ်အနောက်ပိုင်းရှိ ကျေးရွာတွေကို အင်အား(၂၀၀)ကျော်နဲ့ စစ်တပ်စစ်ကြောင်းက မီးရှိတာနဲ့ ခိုးဆိုးလုနှိက်တာတွေ လုပ်ဆောင်နေတယ်လို PDF Column 1 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ယင်းမာပင်က ကျေးရွာတွေမှာ
မြန်မာသတင်း

ကသာမှာ စစ်ရှောင်တွေခိုလှုတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 19 Views
သံဃာတွေနဲ့ စစ်ရှောင်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ မတ်လ (၂၁)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ကသာမြိုပေါ်ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က ကသာမြိုပေါ်ကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ရှမ်းပြည်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေ ချေမှုန်းခံရပြီး အများအပြား ထိခိုက်သေဆုံးနေ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 19 Views
မတ်လ (၂၀)ရက်။ စစ်တပ်ဟာ ရှမ်းပြည်တောင်ပိုင်းက စတင်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေးနဲ့ ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းကြောင်းတလျှောက်ကို စစ်ကြောင်းထိုးနေတယ်လို KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းတလျှောက်ရှိ မြိုတွေကို ထိန်းချုပ်နိုင်ပြီဆိုပြီး တဖက်သတ်
မြန်မာသတင်း

ခေတ်မျက်လုံးအယ်ဒီတာ့အာဘော်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
“မင်းအောင်လှိုင်ရဲ့အရှက်မဲ့မျက်နှာနဲ့ သမတအဖြစ် ခြေလှမ်းသစ် စလှမ်းတော့မလား” မင်းအောင်လှိုင်က ၂၀၂၀ မဲရလာဒ်ကို မဲမသမာမှုလို့ စွပ်စွဲပြီး အာဏာကို လူယူခဲ့တာ လူတိုင်းသိပြီးသားဖြစ်တယ်၊ စစ်တပ်ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥကို အသက်ပေး စောင့်ရှောက်ပါ့မယ်ဆိုတဲ့သူက တပ်တည်ထောင်ထားတဲ့ ကြံ့ဖွတ်ပါတီက မဲမနိုင်တဲ့အခါ
မြန်မာသတင်း

အာရက္ခတပ်တော် (AA)မှ စစ်သုံပန်းတချို့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 28 Views
၂၀၂၆ခုနှစ်၊မတ်လ (၂၀)ရက် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် အာရက္ခတပ်တော်၊ အာလဖာ (၁) စစ်ဒေသတွင် စစ်သုံပန်းတချို့နှင့် မိသားစုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အခန်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းမတ်လ (၂၀)ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းစစ်သုံပန်းမိသားစုဝင်များထဲမှ မိသားစုဝင် တစ်ဦးဖြစ်သော
မြန်မာသတင်း

ချင်းပြည်နဲ့ ချင်းလူမျိုးကို ကာကွယ်ဖို တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ ပြော

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 36 Views
မတ်လ (၂၀)ရက်။ ချင်းပြည်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တံ့ တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ Pu Zing Cung က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ ချင်းအမျိုးသားလုံခြုံရေးနဲ့ ချင်းပြည်တည်ဆောက်ဖိုအတွက်