နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

စစ်အုပ်ချုပ်ရေး ကြေညာဖို့ သမ္မတကို အကြံပေးခဲ့တဲ့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဟောင်း ကင်မ်ယွန်ဟွန်းကို ဖမ်းဆီး

သမ္မတယွန်ဆပ်ယိုးကို အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာရန် အကြံပေးခဲ့သည့် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွန်းကို အစိုးရရှေ့နေတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြသည်။

ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွန်းဟာ နိုင်ငံတော်ကို ပုန်ကန်ရန် ကြံစည်သည်ဟု အတိုက်အခံပါတီက စွပ်စွဲခဲ့သည်။

သမ္မတယွန်ကို အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာရန် အကြံပေးခဲ့သည့် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်မ်အား အစိုးရရှေ့နေများက ၈ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တောင်ကိုရီးယားသတင်းဌာန Yonhap သတင်းဌာနက ဖော်ပြသည်။

ကာကွယ်ရေးဝန်ကြီးဟောင်းကင်သည် နိုင်ငံတော်ကို ပုန်ကန်ရန် ကြံစည်နေသည်ဟု အတိုက်အခံပါတီက စွပ်စွဲခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဒီဇင်ဘာလ (၈)ရက်နေ့အစောပိုင်းတွင် အစိုးရရှေ့နေရုံးသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အစိုးရရှေ့နေများက စစ်ဆေးမေးမြန်းပြီးနောက် ၎င်းကို ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်း၏လက်ကိုင်ဖုန်းကို သိမ်းဆည်းခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဟောင်းကင်က “ အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေ” နှင့် ပတ်သက်၍ “ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ပြည်သူတွေကို စိတ်ရှုပ်ထွေးစေပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့တဲ့အတွက် ကျွန်တော် နက်နက်ရှိုင်းရှိုင်း တာဝန်ရှိတယ်လို့ ခံစားမိတဲ့အတွက် စိတ်မကောင်းပါဘူး။” ဟု ဆိုခဲ့သည်။

သမ္မတယွန်သည် ဒီဇင်ဘာလ (၅) ရက်နေ့တွင် သူ၏ ရာထူးမှနုတ်ထွက်မှုကို လက်ခံအသိအမှတ်ပြုခဲ့သည်။

တောင်ကိုရီးယားမီဒီယာများ၏ ဖော်ပြချက်အရ ကာကွယ်ရေးဝန်ကြီးဟောင်းကင်မ်သည် သမ္မတယွန်တက်ရောက်ခဲ့သည့် အထက်တန်းကျောင်းထွက်တစ်ဦးဖြစ်ကာ သမ္မတ၏ အရင်းနှီးဆုံး လက်ထောက်တစ်ဦးလည်း ဖြစ်သည်။

သတင်းရင်းမြစ်။ Yonhap, NHK

ဓာတ်ပုံ။

စစ်အုပ်ချုပ်ရေး ကြေညာဖို့ သမ္မတကို အကြံပေးခဲ့တဲ့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဟောင်း ကင်မ်ယွန်ဟွန်း/Yonhap News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် “အချို့” ပျက်ကျခဲ့ပြီး “လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်” ဟု ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ CNN
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 26 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ထရန့် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အီရန်နိုင်ငံနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂)ရက်နေ့ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အီရန်နှင့် ပတ်သက်၍ သတင်းထောက်များ၏ အော်ဟစ်မေးမြန်းမှုများကိုမူ ၎င်းက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ အဓိပတိခေါင်းဆောင် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံး

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက် အမေရိကန်နှင့် အစ္စရေးတို့၏ အကြီးအကျယ် တိုက်ခိုက်မှုအပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အစိုးရ အပြောင်းအလဲလုပ်ရန် တောင်းဆိုလိုက်ပြီး၊ ယင်းတိုက်ခိုက်မှုကြောင့် အီရန်ဘက်မှလည်း မကြုံစဖူး တုံ့ပြန်တိုက်ခိုက်မှုများ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 30 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။ စနေနေ့ နံနက်အစောပိုင်းတွင် သမ္မတ ဒေါ်နယ်ထရန့်က The Washington Post သတင်းဌာနသို့