နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

အဂတိလိုက်စားမှုဆိုတာ မကောင်းမှုလို့ စစ်ခေါင်းဆောင်ပြော

ဒီဇင်ဘာလ (၁၀)ရက်။

အဂတိလိုက်စားမှုဆိုတာ လာဘ်ပေးလာဘ်ယူလောက်သာ ထင်ကြပေမယ့် မကောင်းမှုကြီးဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အဂတိတိုက်ဖျက်ရေးနေ့အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဂတိလိုက်စားမှုဟာ လူ့ဘောင်လောကကို အကျည်းတန်စေပြီး ကောင်းမွန်တဲ့ လူမှုစီးပွားဘဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ မကောင်းမှု ဒုစရိုက်တစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။

အဂတိလိုက်စားတာကြောင့် ရာဇဝတ်မှုတွေ ကျူးလွန်တာ၊ အကြမ်းဖက်တိုက်ခိုက်တာတွေကို အားပေးတာတွေ ဖြစ်ပေါ်စေတဲ့အပြင် တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီစနစ်ကို ထိခိုက်စေတာတို့ ဖြစ်စေတယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး ပြည်သူပိုင်ပစ္စည်း ငွေကြေးတွေကို ကိုယ်ကျိုးအတွက် မသင့်မလျော်သုံးစွဲတာ၊ မလျော်ဩဇာသုံးပြီး ကိုယ်ကျိုးအတ္တကို ရယူတာတွေဟာ အဂတိလိုက်စားတာ‌တွေလို့လဲ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်ထက်မှာ အဂတိကင်းစင်ဖို့အပါအဝင် မျိုးဆက်သစ် လူငယ်တွေကြား အဂတိလိုက်စားတာကို မနှစ်သက်၊ ရှက်ရွံ့ဆန့်ကျင်တဲ့ စိတ်ဓါတ်တွေ ကိန်းအောင်လာဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

‌လူငယ်တွေအပါအဝင် ကျောင်းသား၊ ကျောင်းသူတွေကို ငယ်ရွယ်ချိန်ကထဲကစပြီး အဂတိကင်းရှင်းစေဖို့နဲ့ စိတ်ထားဖြူစင်သန့်ရှင်းစေဖို့အတွက် လူ့ဂုဏ်သိက္ခာနဲ့ လူမှုကျင့်ဝတ်တွေကို ဆုံးမပေးကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းထားပါတယ်။

အဂတိလိုက်စားမှု ကျူးလွန်သူတွေကို တရားစွဲဆို အရေးယူရုံသာမက အဂတိလိုက်စားတာကြောင့် ကြွယ်ဝချမ်းသာလာတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာ‌အနေနဲ့ သိမ်းဆည်းဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အယ်ဒီတာ့အာဘော်

မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 9 Views
မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် ဒီဇင်ဘာလ (၂၂) ရက်။ မြန်မာ့နွေဦးတော်လှန်ရေး၃နှစ်ကျော် ၄နှစ်အတွင်းဝင်ရောက်လာတဲ့အချိန်မှာ တော်လှန်ရေး အရှိန်အဟုန် အားကောင်းကောင်းနဲ့ မြန်မာပြည်‌မြောက်ပိုင်းမှာ
မြန်မာသတင်း

ရန်ကုန်မှာ မင်္ဂလာဆောင်ပွဲလာတက်တဲ့ စစ်ကောင်စီစရဖဗိုလ်မှူးတစ်ဦး ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 13 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်က ရန်ကုန် မရမ်းကုန်းမြို့ရှိ Apollo Hotel အနီးမှာ စစ်ကောင်စီရဲ့ စရဖ
မြန်မာသတင်း

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်လျက်ရှိသည့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင် ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 13 Views
ဒီဇင်ဘာလ (၂၂) ရက်။ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်လျက်ရှိသည့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင်ကဒီနေ့ ဒီဇင်ဘာလ (၂၂) ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဖြစ်ကြတဲ့ ယောဒေသကာကွယ်ရေးတပ်
မြန်မာသတင်း

ကန်ပက်လက်မြို့ကို သေနတ်တချက်မဖောက်ရဘဲ ချင်းညီနောင် သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို သေနတ်တချက်မဖောက်ရဘဲ ချင်းညီနောင်အဖွဲ့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ Kanpetlet Council ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကန်ပက်လက်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့က
1027 Operations မြန်မာသတင်း

မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ KIA တပ်စခန်း ပြောင်းရွှေ့ဖို့ TNLA သတိပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 12 Views
ဒီဇင်ဘာလ (၂၂)ရက်။ မိုးမိတ်မြို့ လယ်ကြီးရွာထဲ တပ်စွဲထားတဲ့ KIA တပ်စခန်းကို နေရာပြောင်းရွှေ့ပေးဖို့ TNLA ဘက်က သတိပေးအကြောင်းကြားထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ (၉)ရက်နဲ့ (၁၂)ရက်မှာ KIA ဘက်ကို TNLA
မြန်မာသတင်း

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 9 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီခွဲအချိန်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ထဲကို ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ နံနက်(၁၂)နာရီ (၃၅)မိနစ်က စကစရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီ ဂွမြို့ကို မကြာခင် လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ AA ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၂)ရက်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျား ထွက်ပြေးနေတာတွေနဲ့အတူ ဂွမြို့ကို မကြာခင်ရက်တွေထဲ လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA အနေနဲ့ တပြိုင်နက်ထဲ မြို့(၄)မြို့ကို ထိုးစစ်ဆင်ခဲ့တဲ့အထဲ ဂွတစ်မြို့သာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

နပခဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ AA အောင်ပွဲအတွက် NUG သမ္မတရုံးက ဝမ်းမြောက်သဝဏ်လွှာပေးပို့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 13 Views
ဒီဇင်ဘာလ (၂၂)ရက်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အာရက္ခတပ်တော်(AA)ရဲ့ အောင်ပွဲအတွက် NUG သမ္မတရုံးက မနေ့က ဂုဏ်ပြုဝမ်းမြောက်သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ AA ခေါင်းဆောင်တွေ ဦးဆောင်တာနဲ့အတူ ရဲဘော်ရဲဘက်တွေရဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်တာတွေကြောင့် နပခကို