နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ကိုးကန့်တပ်ရဲ့ လက်နက်ခဲယမ်းတင်လာတဲ့ကား မီးလောင်ပေါက်ကွဲပြီး (၅)ဦးသေဆုံးခဲ့

ဒီဇင်ဘာလ (၁၀)ရက်။

ဒီဇင်ဘာလ (၈)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က ကွမ်းလုံ-သိန္နီကားလမ်းပေါ်ရှိ နားတီးဂိတ်မှား ကိုးကန့်တပ်ရဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ကား မီးလောင်ပေါက်ကွဲခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းတွေအရ သိရပါတယ်။

“ နားတီးဂိတ်နားမှာ လက်နက်တွေတင်လာတဲ့ ကိုးကန့်တပ်ရဲ့ကား ‌ပေါက်ကွဲတာ။ ပထမတစ်လုံးက တော်တော်ကျယ်တယ်။ မြေကြီးတွေပါတုန်သွားတယ်။ စုစုပေါင်း (၃)လုံးပေါက်တာ။ မီးလောင်ပြီး ကားပေါ်က လက်နက်တွေ ပေါက်ကွဲတာ” လို့ ဆိုပါတယ်။

ကိုးကန့်တပ်ရဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ ကားတစ်စီး မီးလောင်ပေါက်ကွဲတာကြောင့် (၅)ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ အရပ်သား (၂)ဦး ပါဝင်တယ်လို့ သိရပါတယ်။

“ ကားမီးလောင်ပေါက်ကွဲတော့ ဘေးနားကနေ ကပ်လိုက်လာတဲ့ အရပ်သား (၂)ဦးပါ ပေါက်ကွဲတဲ့ထဲပါပြီး သေဆုံးသွားတာ။ ပေါက်ကွဖြတာဖြစ်ပြီးတော့ အဲ့လမ်းတောက်လျောက်ကို သွားခွင့်မပေးတော့ဘူး” လို့ သူက ဆက်ပြောပါတယ်။

ကိုးကန့်တပ်ရဲ့ကား မီးလောင်ပေါက်ကွဲခဲ့ပြီးနောက် လမ်းမတလျောက်ကို ဖြတ်သန်းသွားလာခွင့်မပြုတော့သလို ကွမ်းလုံ၊ သိန္နီနဲ့ ဟိုပန်ဘက်မှာ ဖုန်းဆက်သွယ်ရေးလိုင်းနဲ့ အင်တာနက်လိုင်း‌တွေ ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။

အခုလို ကိုးကန့်တပ်ရဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ကား မီးလောင်ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိ‌သူတွေဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

ကိုးကန့်တပ်(MNDAA)ဟာ “ ၁၀၂၇ စစ်ဆင်ရေး” ထဲ လယးရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင် စတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က မြို့တွေကို သိမ်းပိုက်ထားပြီး ဂိတ်စခန်းထိုင်ကာ ပျက်စီးသွားတဲ့ လမ်း၊တံတားတွေကို ပြန်လည်တည်ဆောက်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကိုယ်ကျိုးအတွက် အဖွဲ့အစည်းပိုင် လက်နက်ခဲယမ်းတွေ မရောင်းဖို့ မြိုင်ပကဖ သတိပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 12 Views
ဇန်နဝါရီလ (၅)ရက်။ ကိုယ်ကျိုးအတွက် အဖွဲ့အစည်းပိုင် လက်နက်နဲ့ ခဲယမ်းတွေ မရောင်းချဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ရဲ့ မနေ့က သတိပေးထားချက်အရ သိရပါတယ်။ တော်လှန်ရေးကာလထဲ
မြန်မာသတင်း

ယုန်လေးအိမ်အနီး ပေါက်ကွဲတာနဲ့ အုပ်ချုပ်ရေးမှူးတွေကို ပစ်ခတ်ခဲ့သူတွေဆိုပြီး (၈)ဦးကို စစ်ကောင်စီဖမ်းဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 5 Views
ဇန်နဝါရီလ (၅)ရက်။ စမ်းချောင်းမြို့က ယုန်လေးအိမ်အနီး ပေါက်ကွဲတာအပါအဝင် ရန်ကုန်မှာ အုပ်ချုပ်ရေးမှူးတွေကို ပစ်ခတ်ခဲ့သူတွေဆိုပြီး (၈)ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှယ
မြန်မာသတင်း

PDF ရဲ့ တပ်ရင်းစံပြုတည်မြဲအမိန့် MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 6 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က ဇန်နဝါရီလ (၄)ရက် လွတ်လပ်ရေးနေ့မှာ PDF ရဲ့ တပ်ရင်းစံပြုတည်မြဲအမိန့်(ပထမမူ)ကို MOD က ကနဦးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအမိန့်ထဲ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ တပ်ရင်းတွေ စံပြုဖွဲ့စည်းပုံနဲ့ တာဝန်တ္တရားတွေ စတဲ့ကဏ္ဍတွေပါဝင်တဲ့ (၇)ခုကို
မြန်မာသတင်း

လက်တစ်ဆုပ်စာ လူတစုရဲ့အကျိုးကို ရှေ့တန်းတင်သရွေ့ ပြည်သူတွေ ထိခိုက်နစ်နာရဦးမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 5 Views
ဇန်နဝါရီလ (၅)ရက်။ ပြည်နယ်အရေး၊ လူတစုအရေးဆိုတဲ့ ခေါင်းစဉ်တွေနဲ့ လက်တစ်ဆုပ်စာ လူတစ်စုရဲ့အကျိုးအတ္တကို ရှေ့တန်းတင်သရွေ့ ပြည်သူတွေ ထိခိုက်နစ်နာရဦးမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်တဲ့အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဆုံးရှုံးနစ်နာတာတွေ မဖြစ်ရအောင် လိုအပ်တဲ့
မြန်မာသတင်း

တောင်ငူလေတပ်စခန်း ပစ်ခတ်ခံရတဲ့အထဲ ‌လေယာဉ်(၂)စင်း ထိမှန်ပြီး (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 12 Views
ဇန်နဝါရီလ (၄)ရက်။ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်မှာ လာဉ် (၂)စင်း ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦး‌ သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar ထံက သိရပါတယ်။ “ မနက်အစောပိုင်းက
မြန်မာသတင်း

လွတ်လပ်ရေးနေ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုန်း (၁၀)လုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 11 Views
ဇန်နဝါရီလ (၄)ရက်။ ဒီကနေ့ လွတ်လပ်ရေးနေ့ နံနက် (၁၂)နာရီ (၅)မိနစ်အချိန်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်ကောင်စီဟာ နိုင်ငံရဲ့ (၃)ပုံ (၁)ပုံကိုဝောာင် မစိုးမိုးနိုင်တော့ဘူးလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 12 Views
စစ်ကောင်စီဟာ နိုင်ငံရဲ့ (၃)ပုံ (၁)ပုံကိုဝောာင် မစိုးမိုးနိုင်တော့ဘူးလို့ NUG ပြော ဇန်နဝါရီလ (၄)ရက်။ စစ်ကောင်စီအနေနဲ့ နိုင်ငံရဲ့ (၃)ပုံ (၁)ပုံကိုတောင် စိုးမိုးအုပ်ချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားတဲ့ စစ်ရေးအစီရင်ခံစာမှာ
မြန်မာသတင်း

စစ်ကောင်စီလွတ်ငြိမ်းထဲ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 12 Views
ဇန်နဝါရီလ (၄)ရက်။ ဒီကနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ထဲ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင်လာတယ်လို့ နီးစပ်သူတွထံက သိရပါတယ်။ “ ဒီနေ့ လွတ်ငြိမ်းထဲ သင်ဇာဝင့်ကျော်ကတော့ လွတ်လာပြီ၊ ထောင်ကထွက်လာတာတွေ့တယ်။ နန်းမွေစံတော့ ပါဝင်လာတာ မတွေ့ရဘူး”