ဒီဇင်ဘာလ (၁၂)ရက်။
မနေ့က နံနက် (၅)နာရီအချိန် ဖာပွန်ခရိုင်ထဲက စစ်ကောင်စီရဲ့ တောင်သုံးလုံးစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ တောင်သုံးလုံးတပ်စခန်းကို KNLA နဲ့ PDF အပါအဝင် BPLA နဲ့ Force for Federal Democray(FFD)တို့ ပူးပေါင်းပြီး ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲကနေ ၁၂၀မမ၊ ၈၁မမ လက်နက်ကြီးတွေအပါအဝင် ခဲယမ်းအမြောက်အမြားကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲထဲ စစ်ကောင်စီဘက်က စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
တောင်သုံးလုံးစခန်းကို ဒီဇင်ဘာလ (၄)ရက်နေ့ကစတင်ကာ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး ဆင်စွယ်တပ်စခန်းကိုလဲ သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။












