နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အမေရိကန်သည် ဆီးရီးယား၏ HTS နှင့် တိုက်ရိုက်အဆက်အသွယ်ရှိကြောင်း ဘလင်ကန် အတည်ပြု

ဒီဇင်ဘာလ (၁၅) ရက်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က အာဆတ်အစိုးရကို ဖြုတ်ချခဲ့တဲ့ ဟာယတ် တာဟီယာအယ်လ်ရှမ် (Hayat Tahrir al-Sham (HTS)) အဖွဲ့နဲ့ တိုက်ရိုက်အဆက်အသွယ် ပြုလုပ်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။

“ပထမအနေနဲ့ ကျွန်တော်တို့ HTS နဲ့ တခြားပါတီတွေနဲ့ အဆက်အသွယ် လုပ်တယ်ဆိုတာ ဟုတ်ပါတယ်။ အော်စတင်တိုက်စ် (Austin Tice) ကို ရှာဖွေပြီး အိမ်သို့ပြန်လည် ခေါ်ဆောင်ရာမှာ ကူညီပေးဖို့အရေးပါမှုနဲ့ ထိတွေ့ဆက်ဆံခဲ့သူတိုင်းကို ကျွန်တော်တို့ လေးစားပါတယ်။ နောက်ပြီး အခုက ဒေသတွင်းနိုင်ငံတွေနဲ့ ပြင်ပနိုင်ငံတွေက လက်ခံကျင့်သုံးနေတဲ့ ဆက်လုပ်နေတဲ့ ပံ့ပိုးမှုတွေအတွက် ချမှတ်ထားတဲ့ အခြေခံမူတွေကိုလည်း မျှဝေထားပါတယ်” လို့ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

အမေရိကန် အလွတ်သတင်းထောက် အော်စတင်တိုက်စ်ဟာ ၂၀၁၂ ခုနှစ်က ဆီးရီးယားမှာ သတင်းပို့နေစဉ် ပြန်ပေးဆွဲခံခဲ့ရပါတယ်။

အမေရိကန်က ဆီးရီးယားရဲ့ အောင်ပွဲခံ HTS သူပုန်တွေနဲ့ တိုက်ရိုက်အဆက်အသွယ် ပြုလုပ်ခဲ့တယ်လို့ အန်တိုနီဘလင်းကင်က ပြောကြားပြီး အနောက်နဲ့ အာရပ်နိုင်ငံတွေက တူရကီနဲ့အတူ စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းသော ဆီးရီးယားနိုင်ငံကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ မှတ်ချက်ဟာ ၂၀၁၈ ခုနှစ်မှာ HTS သူပုန်တွေကို အကြမ်းဖက်သမားတွေအဖြစ် ဝါရှင်တန်က သတ်မှတ်ခဲ့ပေမယ့် ဘလင်ကန်နဲ့ အခြားသံတမန်တွေဟာ စနေနေ့မှာ ဂျော်ဒန်နိုင်ငံ၊ အာကာဘာမြို့မှာ ဆီးရီးယားအရေး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

“ကျွန်တော်တို့ HTS နဲ့ အခြားပါတီတွေကို ဆက်သွယ်ခဲ့ပါတယ်” ဟု ဘလင်ကန်က ပြောပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာ ဆက်သွယ်တယ်၊ ဘယ်လိုနည်းနဲ့ ဆက်သွယ်တယ်ဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။

ဆီးရီးယားပြည်တွင်းစစ်မှာ အစ္စလာမ္မစ်ဦးဆောင်တဲ့ သူပုန်တွေက အာဆတ်ကို ဖြုတ်ချပြီးနောက် ဆီးရီးယားပြည်တွင်းစစ်အတွင်းမှာ တူရကီက သံတမန်မစ်ရှင်ကို ဖြုတ်ချပြီး ၁၂ နှစ်အကြာ ပိတ်ထားခဲ့ရာမှ အခုအခါ ဒါမတ်စကတ်မှာ တူရကီသံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ တူရကီက ကြေညာခဲ့ပါတယ်။

တူရကီဟာ ဆီးရီးယား ပဋိပက္ခမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး အနောက်မြောက်ဘက်မှာ လက်နက်ကိုင်အဖွဲ့တွေကို ငွေကြေးထောက်ပံ့ထားပြီး အာဆတ်ကို ဖြုတ်ချခဲ့တဲ့ထိုးစစ်ကို ဦးဆောင်ခဲ့တဲ့ HTS နဲ့လည်း ဆက်ဆံရေးကို ထိန်းသိမ်းထားပါတယ်။

အမေရိကန်၊ တူရကီ၊ အီးယူနဲ့ အာရပ်နိုင်ငံတွေက သံတမန်တွေ ဂျော်ဒန်နိုင်ငံမှာ တွေ့ဆုံပြီးနောက် ပူးတွဲကြေညာချက်ထုတ်ခဲ့ပြီး အဲ့ဒီကြေညာချက်မှာ “ပိုမိုမျှော်လင့်ချက်ရှိသော၊ လုံခြုံပြီး ငြိမ်းချမ်းသောအနာဂတ်ကို တည်ဆောက်ရန်အတွက် ၎င်းတို့၏ ဤအရေးကြီးသည့်သမိုင်းတွင် ဆီးရီးယားပြည်သူများအား အပြည့်အဝ ထောက်ခံအားပေးကြောင်း” ဖော်ပြခဲ့ပါတယ်။

လူ့အခွင့်အရေးကို လေးစားမှုနဲ့ ဖွဲ့စည်းထားတဲ့ “အားလုံးပါဝင်နိုင်သော၊ ဂိုဏ်းဂဏအုပ်စု မဟုတ်ဘဲ ပြည်သူကို ကိုယ်စားပြုသည့် ပွင့်လင်းမြင်သာမှုရှိသော အစိုးရတစ်ရပ်ကို ဖန်တီးရန်” ဆီးရီးယားဦးဆောင်တဲ့ အသွင်ကူးပြောင်းမှုကို ၎င်းတို့က တောင်းဆိုခဲ့ကြပါတယ်။

“နောက်ဆုံးတော့ ဆီးရီးယားဟာ ဆယ်စုနှစ်များစွာ အထီးကျန်မှုကို အဆုံးသတ်ဖို့ အခွင့်အရေး ရှိလာပြီဖြစ်ပါတယ်” လို့ အဲ့ဒီအဖွဲ့က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ။

တူရကီနိုင်ငံခြားရေးဝန်ကြီးဟာကန်ဖီဒန် (Hakan Fidan) သည် ဂျော်ဒန်နိုင်ငံ၊ အာကာဘာတွင် ဆီးရီးယား၏အနာဂတ်ဆိုင်ရာ ဆွေးနွေးပွဲအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) နှင့် စကားပြောဆိုနေစဉ်။ Andrew Caballero-Reynolds/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 58 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက