နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်ထုတ် ကင်းထောက်လေယာဉ် (၂)စင်းကို စစ်ကောင်စီ တပ်တော်ဝင်ခဲ့

ဒီဇင်ဘာလ (၁၆)ရက်။

မနေ့က လေတပ် (၇၇)နှစ်မြောက် အခမ်းအနားမှာ စစ်ကောင်စီက ကင်းထောက်လေယာဉ်အမျိုးအစား (၂)စင်းကို တပ်တော်ဝင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လေတပ် (၇၇)နှစ်မြောက် အခမ်းအနားမှာ လေယာဉ်၊ ရဟတ်ယာဉ်တွေ တပ်တော်ဝင်တဲ့ အခမ်းအနားကို စစ်ကောင်စီက မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

လေတပ်အခမ်းအနားမှာ တပ်တော်ဝင်ခဲ့တဲ့ လေယာဉ် (၂)စင်းဟာ MTX-1A နဲ့ MTX-1B တို့ဖြစ်ကာ စစ်တပ်က စမ်းသပ်တီထွင်ထုတ်လုပ်ထားတဲ့ ကင်းထောင်‌လေယာဉ်အမျိုးအစားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တပ်တော်ဝင်ခဲ့တဲ့ MTX-1A ကို ၂၀၂၁ခုနှစ် မတ်လ (၂၅)ရက်နေ့က အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး MTX-1B ကို အခုနှစ် မတ်လမှာ စမ်းသပ်ပျံသန်းတာကို အောင်မြင်စွာ ပြီးစီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ ၂၀၂၃ခုနှစ်ကစပြီး လေယာဉ်တွေအသုံးပြုကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကို အများဆုံးပြုလုပ်ခဲ့သလို အရပ်သားတွေ ထိခိုက်သေဆုံးတာတွေလဲ အများအပြားရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ ၂၀၂၁ခုနှစ်ကစပြီး ၂၀၂၄ခုနှစ်အထိ တိုက်ပွဲတွေထဲ စစ်ကောင်စီရဲ့ လေယာဉ် (၈)စင်းအထိကို တော်လှန်ရေးအင်အားစုတွေဘက်က ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီကို အရေးယူပေးဖို့ NLD တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 3 Views
မေလ (၁၅)ရက်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီရဲ့ ပြည်သူတွေကို ပစ်မှတ်ထားကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာကို အရေးယူပေးဖို့ NLD က ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်း သိမ်းပိုက်ရရှိခဲ့တာကို KNU အတည်ပြုထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 3 Views
မေလ (၁၅)ရက်။ မေလ (၁၃)ရက်နေ့က ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် KNU က ဒီကနေ့မှာ
မြန်မာသတင်း

မြိုင်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခလရ(၂၅၄)တပ် တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 3 Views
မေလ (၁၅)ရက်။ အခုလဆန်းပိုင်းက မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခလရ(၂၅၄)တပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မေလ(၁)ရက်နေ့က မြိုင်ကို စစ်ကြောင်းထိုးလာတဲ့ စကစရဲ့ တပ်မ(၁၀၁)က ခလရ(၂၅၄)တပ်ရင်းစစ်ကြောင်းကို လိုက်လံချေမှုန်းခဲ့တာ။
မြန်မာသတင်း

အခုလ (၂)ပတ်ထဲ စစ်အုပ်စုကြောင့် သေဆုံးသူ (၆၇)ဦးအထိရှိခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 21 Views
မေလ (၁၄)ရက်။ မေလ (၁)ရက်နေ့ကစပြီး (၁၄)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူ (၆၇)ဦးအထိ ရှိခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုကြောင့် သေဆုံးသူတွေဟာ အမျိုးသား (၂၉)ဦးနဲ့ အမျိုးသမီး (၃၈)ဦးဖြစ်ကာ
မြန်မာသတင်း

အိုးတိန်တွင်းရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ သေဆုံးကလေးငယ်ဦးရေ ထပ်တိုး

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 18 Views
မေလ (၁၄)ရက်။ ဒီပဲယင်းနယ် အိုးတိန်တွင်းရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ဒဏ်ရာရတဲ့ ကလေးငယ်တွေထဲက သေဆုံးသူဦးရေ ထပ်တိုးလာခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သေဆုံးဦးရေ ထပ်တိုးတာက ဒဏ်ရာရတဲ့ ကလေးတွေထဲက (၈)နှစ်အရွယ် G-2
မြန်မာသတင်း

စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 20 Views
မေလ (၁၄)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် ဘားအံခရိုင်ရှိ စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီစစ်ကောင်စီဗျူဟာစခန်းဟာ ဘားအံခရိုင် ပိုင်ကျုံမြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီး တည်ရှိပြီး စစ်ကောင်စီရဲ့
မြန်မာသတင်း

(၂)နှစ်ကျော်ကာလထဲ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၆၀၀)ကျော်အထိရှိခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 21 Views
မေလ (၁၄)ရက်။ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁)ရက်ကနေ အခုနှစ် မေလ (၁၂)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၆၇၉)ကြိမ်အထိ ရှိခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ ယာယီအပစ်အခတ်ရပ်စဲရေးကို
မြန်မာသတင်း

ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ပြောတာတွေအပေါ် စစ်ကောင်စီနဲ့ခိုင်းနှိုင်းတဲ့ ဒေါက်တာတူးခေါင်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 31 Views
မေလ (၁၃)ရက်။ ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ ပြောဆိုနေတာတွေအပေါ် NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စစ်ကောင်စီနဲ့ခိုင်းနှိုင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စကစ လေယဉ် ဗုံးကြဲ လူသတ်တိုင်း NUG က မကာကွယ်ပေးလို့ဆိုတဲ့