နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ရှီက သူ့ရဲ့သစ္စာခံတွေကို ဘာကြောင့် အရေးယူခဲ့တာလဲ။

ရှီသည် စစ်တပ်တွင်းရှိ အင်အားကြီးပြိုင်ဘက်များကို ဖြုတ်ချခဲ့သည်။ ယခုလည်း သူ့နောက်လိုက်လူယုံများဖက်ကိုလှည့်ပြီး ရှင်းလင်းရေး လုပ်နေသည်။

ဒီဇင်ဘာလ (၁၅) ရက်။

ရှီကျင့်ဖျင်၏ အကျင့်ပျက်ခြစားမှုတိုက်ပွဲ

++++++++++++++++++++++

အစောပိုင်းနှစ်များအတွင်း တရုတ်ခေါင်းဆောင်သည် ပြိုင်ဘက်အုပ်စုများမှ သြဇာကြီးသော ဗိုလ်ချုပ်များကို ဖြုတ်ချကာ သူ့အားထောက်ခံသည့် မဟာမိတ်များနှင့် အစားထိုးကာ သူ့ကိုသစ္စာစောင့်သိသူများဖြင့် ကမ္ဘာ့အကြီးဆုံးစစ်တပ်ကို စုစည်းချုပ်ကိုင်ခဲ့သည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ပြုပြင်မွမ်းမံပြီး တပ်၏ ထိပ်တန်းရာထူးများကို သူ၏လူများနှင့် အဆင့်ဆင့် အစားထိုးဖွဲ့စည်းကာ ထိပ်တန်းခေါင်းဆောင်သည် အကျင့်ပျက်ခြစားမှုနှင့် သစ္စာမဲ့မှုတို့၏ အဆုံးမရှိသံသရာအတွင်း ရုန်းကန်နေရဆဲဖြစ်သည်။

ထို့အပြင် သမိုင်းတစ်လျှောက်တွင် အင်အားကြီးခေါင်းဆောင်များစွာကဲ့သို့ပင် သူသည် မိမိရွေးချယ်ထားသော သစ္စာခံများအပေါ် ဆန့်ကျင်အရေးယူဆောင်ရွက်မှုကို တိုး၍လုပ်လာခဲ့သည်။

ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ရှီသည် PLA တွင် အကြီးတန်းရာထူးပေးရန် စိစစ်ရွေးချယ်လိုက်သည့် နိုင်ငံရေးအရ သစ္စာစောင့်သိမှု ရှိခဲ့သော ဆယ်စုနှစ်များစွာကြာ လက်တွဲခဲ့သည့် ၎င်း၏အနီးကပ်ဆုံး စစ်ဘက်အရာရှိ မဟာမိတ်တစ်ဦးကို ဖယ်ရှားခဲ့ပြီး အကြီးတန်းရာထူးများကို စိစစ်ခဲ့သည်။

ရှီဦးဆောင်သည့် ဗဟိုစစ်ကော်မရှင် (CMC) တွင် တာဝန်ထမ်းဆောင်နေသည့် ရေတပ်ဗိုလ်ချုပ် မီရောက်ဝါ (Miao Hua) သည် ကြီးမားသည့်စည်းကမ်းချိုးဖောက်မှုများကြောင့် စုံစမ်းစစ်ဆေးမှုအောက်တွင် ရာထူးမှဆိုင်းငံ့ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အကျင့်ပျက်ခြစားမှုနှင့် သစ္စာမဲ့မှုများအတွက်ဖြစ်ကြောင်း သာမာန်ထုတ်ပြန်နေကြ စကားလုံးများကို အသုံးပြု၍ ကြေညာခဲ့သည်။ .

နိုင်ငံရေးအယူဝါဒနှင့် ဝန်ထမ်းခန့်အပ်မှုများကို ကြီးကြပ်သည့် CMC ၏ နိုင်ငံရေး အလုပ်ဌာန၏ အကြီးအကဲတဦးအနေဖြင့် မီရောက်ဝါသည် ရှီ၏နောက်ဆုံးပေါ် စစ်တပ်သုတ်သင်ရှင်းလင်းမှုတွင် အကြီးတန်းထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သည်။ ပြီးခဲ့သည့် နွေရာသီကတည်းက ရှီမှ CMC သို့ ရာထူးတိုးမြှင့်ပေးခဲ့သည့် နောက်ဆုံး ကာကွယ်ရေးဝန်ကြီးနှစ်ဦး အပါအဝင် တရုတ်နိုင်ငံ၏ ကာကွယ်ရေး တည်ဆောက်မှုတွင် အဆင့်မြင့် ပုဂ္ဂိုလ် တစ်ဒါဇင်ကျော်ကို ဖယ်ရှားခဲ့သည်။

သို့သော် ဖူကျန့်ပြည်နယ် ကမ်းရိုးတန်းဒေသတွင် ရှီ၏အစောပိုင်း နိုင်ငံရေးလောကတွင် ဆယ်စုနှစ်များစွာကတည်းက ထိပ်တန်းခေါင်းဆောင်နှင့်လက်တွဲလုပ်ကိုင်ခဲ့သော မီရောက်ဝါလောက် မည်သူကမျှ ကာလကြာရှည် ဆက်ဆံရေးမျိုးမရှိပေ။

ပထဝီနိုင်ငံရေး တင်းမာနေချိန်တွင် မီရောက်ဝါကို အရေးယူမှုသည် စစ်တပ်တွင်း အလုပ်ထုတ်ပစ်မှု များကို ကျယ်ပြန့်လာစေသည့် စာမျက်နှာသစ်တခုကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး စစ်တပ်တွင်းစနစ်တကျ အကျင့်ပျက်ခြစားမှုများကို ရှီက အဆုံးသတ်နိုင်မည့် အရည်အချင်းရှိမည်လားဆိုသည့် မေးခွန်းထွက်ပေါ်လာခဲ့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ရှီသည် PLA ကို ရည်မှန်းချက်ကြီးမားစွာဖြင့် အမေရိကန်စစ်တပ်ကို ပြိုင်ဆိုင်နိုင်သည့် ကမ္ဘာ့အဆင့်မီ တိုက်ပွဲဝင်အင်အားစုအဖြစ် အသွင်ပြောင်းလဲလာစေရန် ကြီးကြပ်ခဲ့သည်။ ဘီဂျင်း၏ခေတ်မီတိုးတက်ရေးအတွက် တွန်းအားပေးဆောင်ရွက်မှု၏ အဓိကပန်းတိုင်မှာ ဘေဂျင်းက ပိုင်ဆိုင်သည်ဟု ဆိုထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရက်တစ်ကျွန်းစုထိုင်ဝမ်ကို တိုက်ခိုက်ရန်နှင့် စစ်ပွဲတွင် တရုတ်က အဆင်သင့်ဖြစ်နေကြောင်း သေချာစေရန်ဖြစ်သည်။

သို့သော် မီရောက်ဝါ၏ကျဆုံးမှုသည် ပြီးခဲ့သည့်နွေရာသီက သုတ်သင်ရှင်းလင်းမှုအတွင်း ရှီက စစ်ပွဲကို ဦးဆောင်မည့်သူ၏ ထိပ်တန်းဗိုလ်ချုပ်များအပေါ် ယုံကြည်မှု မည်မျှရှိကြောင်း မေးခွန်းထုတ်မှု ပြန်လည်ဖြစ်ပေါ်လာခဲ့သည်ဟု ပင်တဂွန်မှ ရန်ပုံငွေထောက်ပံ့ထားသော အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှ အကြီးတန်းသုတေသနလုပ်ဖော်ကိုင်ဖက် ဂျိုးလ် ဝသ်နောင်း (Joel Wuthnow) က ပြောကြားခဲ့သည်။

“ သူ သို့မဟုတ် သူ့အစီအစဉ်အပေါ်တွင် မေးခွန်းထုတ်စရာမလိုအောင် သစ္စာရှိသောသူ မဟုတ်သူများကို သူက ခန့်အပ်မိမည်ကို စိုးရွံ့နေပါက၊ ၎င်းသည် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လိမ့်မည်။”

ရှီကျင့်ဖျင်၏ နှစ်ရှည်လများတပည့်ရင်းများကို သုတ်သင်ရှင်းလင်းခြင်းသည် ၎င်း၏ရှေ့တော်ပြေး မော်စီတုံး အပါအဝင် အာဏာရှင်များအတွက် ဖြစ်ပေါ်နေကျ အကျပ်အတည်းကို ညွှန်ပြသည်။ နိုင်ငံရေး ပြိုင်ဘက်များကို ဖယ်ရှားပြီးနောက်တွင် ထိပ်တန်းခေါင်းဆောင်သည် ၎င်းတို့၏ အကြွင်းမဲ့အာဏာကို ချုပ်ကိုင်ထားရန် ခြိမ်းခြောက်မှုအသစ်များကို ဘယ်သောအခါမှ ရပ်တန့်မှု မရှိဘဲ မိမိအတွင်းစည်း အပါအဝင် ခြိမ်းခြောက်မှုကို ရှာဖွေနေရသည်။

ညစ်ညမ်းသော အကျင့်ပျက်ခြစားမှုအတိုင်းအတာ

++++++++++++++++++++++++++++

ရှီနှင့် မီရောက်ဝါတို့၏ ဆက်ဆံမှုသမိုင်းသည် နှစ် ၃၀ ခန့်က စတင်ခဲ့သည်။ ဖူကျန့်ပြည်နယ်ဇာတိသည် မီရောက်ဝါသည် ၁၉၈၀ခုနှစ်များမှ ၂၀၀၀ ခုနှစ်များအစောပိုင်းအထိ ၃၁ စစ်အုပ်စု (31st Group Army) တွင် နိုင်ငံရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရှီသည် ထိုဒေသဆိုင်ရာအရာရှိအဖြစ်မှ ဖူကျန့်ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတိုးမြှင့် ရရှိလာခဲ့သည်။

“ယုံကြည်ရလောက်တဲ့ သတင်းရင်းမြစ်တွေအရ ရှီက အဲဒီအချိန်တုန်းက ၃၁ စစ်အုပ်စုကို ပုံမှန်လည်ပတ်ခဲ့တယ်” ပြီး မီရောက်ဝါနဲ့ ပုဂ္ဂိုလ်ရေးအရ အဆက်အသွယ်ရှိကြောင်း စင်္ကာပူရှိ S. Rajaratnam School of International Studies မှ သုတေသီ ဂျိမ်းစ်ချာ (James Char) က ပြောသည်။

ရှီအာဏာရလာပြီးနောက် မကြာမီတွင် မီရောက်ဝါ၏ စစ်မှုထမ်းဘဝက တိုးတက်ကြီးထွားလာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် သူသည် PLA ရေတပ်၏နိုင်ငံရေး ကော်မရှင်အရာရှိအဖြစ် အဓိကရာထူးတိုးခြင်းကို ရရှိခဲ့ပြီး ထိုမှအသက်မွေးဝမ်းကျောင်းမှုမှ ပုံမှန်မဟုတ်သော မြေပြင်တပ်ဖွဲ့တွင် ပြောင်းလဲတာဝန်ပေးခြင်းခံခဲ့ရသည်။ သုံးနှစ်အကြာတွင် စစ်တပ်၏အာဏာတွင် အထွတ်အထိပ် ဖြစ်သော ဗဟိုစစ်ကော်မရှင်သို့ ထပ်မံရာထူးတိုးခံရသည်။

“မီရောက်ဝါဟာ ရှီရဲ့ ငြင်းပယ်စရာမရှိတဲ့တပည့်ရင်းတယောက်ဆိုတာ ဘယ်နေရာမှာမှ ငါတို့ ရှာမတွေ့နိုင်ဘူး” ဟု ချာက ဆိုပါသည်။ “နောက်ဆုံးမှာ မီရောက်ဝါဟာ အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်တင်ခံရရင်၊ ရှီကိုယ်တိုင်က PLA အထက်တန်းလွှာတွေ အကြားမှာ ရှိနေတဲ့ အကျင့်ပျက်ခြစားမှုရဲ့ ညစ်ညမ်းမှု အတိုင်းအတာကို မျှော်မှန်းမထားဘူးဆိုတာ ထင်ရှားပါတယ်။”

လွန်ခဲ့သည့် ၁၈ လအတွင်း ရှီ၏ ရှင်းလင်းမှုသည် တရုတ်၏နျူကလီးယားနှင့် သမားရိုးကျ ဒုံးကျည်များကို ကြီးကြပ်သည့် လက်နက်များ ဝယ်ယူရေးနှင့် ဒုံးပျံတပ်ဖွဲ့နှင့် ဆက်နွှယ်သည့် အရာရှိများကို အဓိက ပစ်မှတ်ထားခဲ့သည်။ သို့ရာတွင် မီရောက်ဝါ၏ ကျဆုံးမှုသည် တခြားနယ်ပယ်များဆီသို့ ကျယ်ပြန့်လာခဲ့သည်။ ဥပမာအားဖြင့် နိုင်ငံရေးနယ်ပယ်ကဲ့သို့သော ကဏ္ဍသစ်များဖြစ်ပြီး စစ်တပ်နှင့် ရေတပ်၏ “ အသက်သွေးကြော” အဖြစ် ရှီက ဖော်ပြခဲ့သည်။

“ဘယ်နေရာကို သွားကြည့်ကြည့် ပြဿနာတွေနဲ့ အမှုကိစ္စတွေကို သူတို့တွေ့မှာ သေချာပါတယ်။ သူတို့က ဘယ်ကဏ္ဍကိုစပြီး စစ်ဆေးဖို့ ရွေးမလဲဆိုတဲ့ကိစ္စပဲ” ဟု ချာက ပြောသည်။

“ ယုံကြည်မှု ပျောက်ဆုံးခြင်း”

++++++++++++++++

မီရောက်ဝါနှင့် ပတ်သက်သည့်စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက အသေးစိတ် ပြောကြားခြင်း မရှိပါ။

PLA ၏ နိုင်ငံရေးကော်မီတီအရာရှိချုပ်အနေဖြင့် မီရောက်ဝါသည် အာဏာရ ကွန်မြူနစ်ပါတီ အပေါ် အရာရှိများက သစ္စာစောင့်သိမှုအား သေချာစေရန် တာဝန်ခံကြီးကြပ်ရသည်။ သူသည် စစ်တပ်တွင် ရာထူးတိုးခြင်းများကို ကြီးကြပ်ကာ အဓိကစစ်တပ် ကိုယ်စားလှယ်လောင်းများအား ၎င်းတို့၏ နိုင်ငံရေးအရ သစ္စာစောင့်သိမှု ရှိမရှိ နောက်ကြောင်းရာဇဝင်ကို စုံစမ်းစစ်ဆေးရသည်။ ရေတပ်တွင် တာဝန်ထမ်းဆောင်စဥ်က ထိုတာဝန်ကို ယူခဲ့ရသည်။

ယခင်က ထိုသို့သောရာထူးများသည် အကျင့်ပျက်ခြစားမှုများအတွက် ရေခံမြေခံကောင်းများ အဖြစ်ရှိခဲ့ပြီး အထူးသဖြင့် ရာထူးတိုးခြင်းအတွက် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သည်။ မီရောက်ဝါ၏ ရှေ့တာဝန် ဗိုလ်ချုပ် ကျွန်ယန် (Zhang Yang) သည် လာဘ်ပေးလာဘ်ယူမှုအတွက် စည်းကမ်းစုံစမ်းမှုအောက်တွင် မိမိကိုယ်ကို သတ်သေခဲ့သည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှု အရှိန်မြင့်တက်လာချိန်တွင် PLA ရေတပ်သည် စစ်သင်္ဘောများနှင့် အခြားလက်နက်များ ဝယ်ယူရေးတွင် သိသိသာသာ တိုးမြင့်လာသည်ကို တွေ့မြင်ရပြီး အကျင့်ပျက်ခြစားမှုများအတွက် အခွင့်အလမ်းများစွာ ပေးစွမ်းခဲ့ကြောင်း စန်ဒီယေဂို တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဗစ်တာရှစ် (Victor Shih) က ပြောကြားခဲ့သည်။

သို့သော် မီရောက်ဝါ ပြုတ်ကျသွားခြင်း၏ နောက်ကွယ်တွင် နောက်ထပ်ဖြစ်နိုင်ချေရှိသော အကြောင်းရင်းတစ်ခု ရှိနိုင်သည်ဟု ရှစ်က ဆိုပြီး “စစ်တပ်အတွင်း ဂိုဏ်းခွဲတစ်ခုကို ခွဲထုတ်ဖွဲ့စည်းဖို့ ထင်ရှားတဲ့ လုပ်ဆောင်မှုကြောင့်” ဟု ပြောကြားခဲ့သည်။

ရှီသည် ပါတီနှင့် စစ်တပ်နှစ်ရပ်စလုံးတွင် ဂိုဏ်းခွဲများ ဖွဲ့စည်းခြင်းအား ဆန့်ကျင်ရန် အကြိမ်ကြိမ် သတိပေးခဲ့သည်။ “ဟုတ်ပါတယ်၊ ဒီလိုလုပ်ခွင့်ရတဲ့သူက ရှီကိုယ်တိုင်ပါပဲ” ဟု ရှစ်က ဆက်လက်ပြောသည်။

မီရောက်ဝါသည် ရော့ကက်တပ်ဖွဲ့ကွန်မန်ဒါ ဝမ်ဟောဘင်း (Wang Houbin) နှင့် ကာကွယ်ရေး ဝန်ကြီး ‌ဒုန်းဂျန်း (Dong Jun) အပါအဝင် ရေတပ်တွင်ရှိ အပေါင်းအသင်းများစွာကို အဓိကရာထူးများသို့ ရာထူးတိုးမြှင့်ရန်အတွက် အကြံပြုထားကြောင်း လေ့လာသူအချို့က ရှုမြင်ကြသည်။

လက်ရှိနှင့် အမေရိကန်အရာရှိဟောင်းများကို ကိုးကား၍ ‌‌ဒုန်းဂျန်းအား အကျင့်ပျက် ခြစားမှုဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဟု Financial Times က ဖော်ပြပြီးနောက် တစ်ရက်အကြာတွင် မီရောက်ဝါ၏ စုံစမ်းစစ်ဆေးမှု ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာနသည် အဆိုပါအစီရင်ခံစာကို “တင်းတင်းကျပ်ကျပ် လုပ်ကြံဖန်တီးမှု” အဖြစ် ပယ်ချခဲ့ပြီး ရက်များအကြာတွင် ‌ဒုန်းဂျန်း သည် လုံခြုံရေးဖိုရမ်တစ်ခုတွင် လူသိရှင်ကြား တက်ရောက်ပြီးပြသခဲ့သည်။

အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင် ဝသ်နောင်း (Wuthnow) က မီရောက်ဝါ ကျဆုံးသွားရခြင်းမှာ “ ယုံကြည်မှု ဆုံးရှုံးခြင်း” ဖြစ်သည်။ သို့သော် ယင်းအတွက် အကြောင်းပြချက်များမှာ ခဲယဉ်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခြားရှုမြင်ချက်တစ်ခုတွင် ရှီသည် မီရောက်ဝါက တဖြည်းဖြည်း အလွန်သြဇာကြီးလာပြီး အမှီအခိုကင်းသူအဖြစ် ရှုမြင်ကာ ရှီအနေနှင့် အပြည့်အဝ မထိန်းချုပ်နိုင်သော အခြေအနေတစ်ခု ဖြစ်လာနိုင်သည်ဟု မြင်လာပြီးနောက် ဖယ်ရှားပစ်ရန် ဖြစ်လာသည်ဟု ဝသ်နောင်းက ပြောကြားခဲ့သည်။

“ဗျူရိုကရေစီကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ သူတို့ရဲ့ကိုယ်ပိုင်အာဏာနဲ့ စွမ်းရည်ကို ယုံကြည်မှုရှိတဲ့ ခေါင်းဆောင်တွေက ဒီလိုမျိုး ကျင့်ကြံပြုမူမယ်လို့ မထင်ပါဘူး။ ဒီအပြုအမူက အားနည်းခြင်းရဲ့ လက္ခဏာတရပ်အဖြစ် ကျွန်တော်ြမင်ပါတယ်။ တကယ်လို့ ယုံမှားသံသယဖြစ်တာ မဟုတ်ရင် သူ့အနေနဲ့ပန်းသီးလှည်းကို မှောက်သလို ဆက်တိုက်ထုတ်ပယ်နေဖို့ မလိုပါဘူး” ဟု ဆိုခဲ့သည်။

‘ဒါက ထပ်ခါထပ်ခါ ဖြစ်နေတယ်’

+++++++++++++++++++

ကာကွယ်ရေးဝန်ကြီးဟောင်း လီရှန်ဖူး (Li Shangfu) ကို CMC မှဖယ်ရှားပြီးနောက် မီရောက်ဝါ၏ ကျဆုံးမှုသည် တစ်နှစ်မပြည့်သေးပေ။

သြဇာကြီးမားသောအဖွဲ့တွင် ခြောက်ဦးရှိပြီး အားလုံးသည် ရှီ၏သစ္စာခံများဟု မှတ်ယူထားကြပြီး လွန်ခဲ့သည့် ၂ နှစ်က ၎င်း၏မကြုံစဖူး တတိယသက်တမ်းကိုတိုး၍ စတင်ယူချိန်တွင် ထိပ်တန်းခေါင်းဆောင်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေခဲ့ကြသည်။ မီရောက်ဝါကို ဖယ်ရှားလိုက်လျှင် လစ်လပ်နေရာနှစ်ခု ကျန်မည်ဖြစ်သည်။

တရုတ်အထက်တန်းပေါ်လွှာ နိုင်ငံရေးကျွမ်းကျင်သူ ရှစ် (Shih) က ဆိုဗီယက် ခေါင်းဆောင်ဟောင်း ဂျိုးဇက်စတာလင်မှ မော်အထိ အာဏာရှင်အများအပြားသည် နောက်ဆုံးတွင် ၎င်းတို့၏ ရန်ဘက်များကို ဆန့်ကျင်ရှင်းလင်းခဲ့ကြသည်ဟု ဆိုသည်။

“သူတို့ရဲ့ ပြိုင်ဖက်အစစ်အမှန်တွေ အားလုံးဆုံးပါးသွားတဲ့အခါ အာဏာရှင်တစ်ယောက်ဟာ သူတို့အတွက် တွေးစရာမလိုတော့ဘူး။ “အင်း ငါ့မှာ ခြိမ်းခြောက်မှုတွေ အားလုံးမရှိတော့ဘူး။ ငါအခုမှအေးအေးဆေးဆေး နေနိုင်တယ်လို့ စိတ်ဒုံးဒုံးချနိုင်တော့တယ်” ဟု ဖြစ်လာသည်ဟု ဆိုသည်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ တစ်ချိန်က သူတို့နဲ့ အလွန်နီးစပ်နေသူတွေ အပါအဝင် ခြိမ်းခြောက်မှုအသစ်တွေ ထွက်ပေါ်လာနိုင်တယ်လို့ အမြဲတွေးတောထားပြီး ရှင်းလင်းပစ်တာ ဖြစ်တယ်။ ဒီလိုအဖြစ်မျိုးက ထပ်ခါထပ်ခါ ဖြစ်နေတယ်” ဟု ပြောသည်။

ရလဒ်အနေဖြင့် အာဏာရှင်သည် တစ်စုံတစ်ဦးကသူ့အား ဆန့်ကျင်ရန် ကြံစည်နေသည်ဟူသော ပိုမိုသိမ်မွေ့သော အရိပ်အယောင်များကို အမြဲရှာဖွေနေကြောင်း၊ အာဏာရှင်မော်၏ ဘဝနှောင်းပိုင်းတွင် မော်၏အာဏာကို ချုပ်ကိုင်ထားမှုကို ဆန်းစစ်ရေးသားထားသည့် “အားနည်းသောညွန့်ပေါင်းများ” ကို ရေးသားသည့် စာရေးဆရာ ရှစ်က ပြောကြားခဲ့သည်။

မော်၏နောက်ဆုံးနှစ်များအတွင်းတွင် သူသည် အာဏာသိမ်းရန် ကြံစည်မှုဟု စွပ်စွဲပြီး ၎င်း၏သက်တမ်းရှည် ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် သူ့အမွေဆက်ခံရန်ရာထားသူ လင်ပြောင် (Lin Biao) ကို ဆန့်ကျင်ဖြုတ်ချခဲ့သည်။

“ရှီကျင့်ဖျင် အသက်ကြီးလာတာနဲ့အမျှ သူ့ကျန်းမာရေးက အရင်ကလောက် မကောင်းတော့တဲ့အတွက် ဒီလို တက်ကြွတဲ့ ဆောင်ရွက်မှုတွေက ပိုပြင်းထန်လာမယ်။ သူ့ရဲ့အာဏာအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကို သူ့ရဲ့ အာရုံခံစားနိုင်စွမ်းက အချိန်ကြာလာတာနဲ့အမျှ ပိုမိုကျွမ်းကျင်လာမှာပါ” ဟု ရှစ် က ပြောကြားခဲ့သည်။

ယခုအချိန်တွင် ထိပ်တန်းခေါင်းဆောင်သည် အကျင့်ပျက်ခြစားမှုနှင့် သစ္စာမဲ့မှုတို့ကို ဆန့်ကျင်ရန် ၎င်း၏ လှုပ်ရှားမှုစစ်ပွဲကို ဆက်လက်လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

ယခုလအစောပိုင်းတွင် ရှီသည် CMC တွင် ၎င်း၏ကျန်ရှိနေသောသစ္စာခံလေးဦးနှင့်အတူ PLA ၏သတင်းအချက်အလက်ပံ့ပိုးမှုတပ်ဖွဲ့အား စစ်ဆေးခဲ့သည်။

“ငါတို့ရဲ့တပ်တွေဟာ လုံးဝသစ္စာစောင့်သိ၊ လုံးဝသန့်ရှင်းပြီး၊ လုံးဝယုံကြည်စိတ်ချမှုရှိရမှာ ဖြစ်တယ်” ဟု ရှီကျင့်ဖျင်က မှတ်စုလိုက်မှတ်နေသောအရာရှိများအား ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ကုလဆုံးဖြတ်ချက် ဂါဇာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးမူကြမ်းကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 16 Views
ဇွန်လ (၅) ရက်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ချက်ချင်းလက်ငင်း၊ ခြွင်းချက်မရှိ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ပြီး
နိုင်ငံတကာသတင်း အမေရိကန်

“ အသိဥာဏ်ကျဆင်းမှု” ကိုဖုံးကွယ်ထားပြီး သမ္မတဟောင်းဘိုင်ဒင်၏ လုပ်ဆောင်ချက်များနှင့် အော်တိုပင်များကို အသုံးပြုခြင်းအတွက် စုံစမ်းစစ်ဆေးရန် ထရန့် အမိန့်ပေး

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 20 Views
ဇွန်လ (၆) ရက်။ မှတ်ချက်။ အော်တိုပင်သည် အလိုအလျောက်လက်မှတ်ရေးထိုးစက်ကို အသုံးပြုပြီး လက်မှတ်ရေးထိုးခြင်းကို ဆိုလိုသည်။ ဇွန်လ (၄) ရက်နေ့
နိုင်ငံတကာသတင်း အမေရိကန်

ဟားဗတ်တက္ကသိုလ်ကို အသစ်ဝင်ရောက်မည့် နိုင်ငံတကာကျောင်းသားများကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းဖို့ ထရန့် လက်မှတ်ထိုး

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 21 Views
ဇွန်လ (၅) ရက်။ ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာကျောင်းသားများအတွက် ဗီဇာထုတ်ပေးမှုကို ဆိုင်းငံ့ထားရန် သမ္မတထရန့်က လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ဇွန်လ (၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အသစ်ဝင်ရောက်မည့် နိုင်ငံခြားသားများ၏ တက္ကသိုလ်တက်ခွင့်ကို တားဆီးရန် အားထုတ်မှုများ သိသိသာသာ
နိုင်ငံတကာသတင်း ဗြိတိန် ရုရှား ဥရောပ

ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ဗြိတိန်၏ ကာကွယ်ရေး အစီအစဉ်သစ်ကို “ပြန်လည်တိုက်ခိုက်ရန်အဆင်သင့်” ဆီသို့ ရွှေ့သွားမည်ဟုဆို

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 29 Views
ဇွန်လ (၄) ရက်။ ရုရှားနှင့် တရုတ်ကဲ့သို့သော နျူကလီးယားအင်အားကြီးများ၏ ခြိမ်းခြောက်မှုအသစ်များကို ရင်ဆိုင်ရချိန်တွင် ဗြိတိန်အစိုးရသည် ၎င်း၏စစ်တပ်တွင် ပေါင်ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။ ၎င်းအစီအစဉ်ကိုကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီ (John Healy) က လွှတ်တော်မှာ ဇွန်လ
ဆောင်းပါးများ နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အချက်အလက်များ

ယူကရိန်းနိုင်ငံ ခရိုင်မီးယားအရေးနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်သုံးသပ်ခြင်း

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 55 Views
ဤဆောင်ပါးသည် ၂၀၁၅ ခုနှစ်တွင် ရေးသားထားသည့် ဦးထွန်းအောင်ကျော်၏ ဆောင်းပါးဖြစ်ပြီး လက်ရှိအချိန်တွင် ပြန်လည်မှီငြမ်းနိုင်ရန် တင်ပြလိုက်ပါသည်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့ နိဒါန်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရမှ ငြိမ်းချမ်းရေး ရယူနိုင်ရန် ကြိုးစားနေဆဲ ကာလအတွင်း ၂၀၁၅ ခုနှစ်တွင်
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း သဘာ၀ပတ်ဝန်းကျင် အမေရိကန်

မြေရှားသတ္ထုတွင်းထွက်သတ္တုများဆိုသည်မှာ ဘယ်အရာကို ဆိုလိုသနည်း၊ ၎င်းတို့သည် ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲတွင် အဘယ်ကြောင့် အဓိကကျသနည်း။

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 26 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ရက် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတွင် အဓိကအတားအဆီးတစ်ခု ရှိသည်။ ထိုအရာမှာ မြေရှားသတ္တုများ ဖြစ်သည်။ ပြီးခဲ့သည့်လတွင် သမ္မတဒေါ်နယ်ထရန့်က အမေရိကန်သည် ဂရင်းလန်း (Greenland) ကို “ အလွန်အမင်းလို
ဂျပန် နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာရှ

ယူကရိန်းသည် ရုရှားကို အနိုင်ယူရန်အတွက် ရုရှား-ဂျပန်စစ်ပွဲတွင် အသုံးပြုခဲ့သည့် “ အာကာရှီ မဟာဗျူဟာ” ကို အတုယူရန် အရေးကြီးသည်။

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 25 Views
ယူကရိန်း၏ လျှို့ဝှက်စစ်ဆင်ရေးများသည် အောင်မြင်သော်လည်း ၎င်းတို့သည် အာကာရှီမဟာဗျူဟာနှင့် တူညီသောအဆင့်သို့ မရောက်ရှိသေးဟု စစ်ရေးသုံးသပ်သူ ယိုကိုဟားမားက ဆိုသည်။ ဂျပန်လေတပ်တွင်တာဝန်ထမ်းဆောင်ခဲ့သည့် လက်ရှိ ကာကွယ်ရေး သုတေသနစင်တာ (ဖောင်ဒေးရှင်း) တွင် သုတေသန ကော်မတီဝင် ယိုကိုဟားမား၏ ဆောင်းပါးကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

စားနပ်ရိက္ခာအကူအညီရယူရန် ကြိုးစားနေသော ဂါဇာအရပ်သားများအား တိုက်ခိုက်သည့်လုပ်ရပ်မှာ “အလွန်ဒေါသဖြစ်ဖွယ်ကောင်းသည်” ဟု ကုလသမဂ္ဂပြော

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 20 Views
ဇွန်လ (၄) ရက်။ စားနပ်ရိက္ခာအကူအညီရယူဖို့ ကြိုးစားနေတဲ့ ဂါဇာအရပ်သားတွေအပေါ် သေစေနိုင်တဲ့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့လုပ်ရပ်ဟာ “အလွန် ဒေါသဖြစ်ဖွယ်ကောင်း” ပြီး “အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်က နိုင်ငံတကာဥပဒေကို အပြင်းအထန် ချိုးဖောက်ပြီး