နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းတပ်မြို့မှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ လုံးဝမလုပ်ဖို့ မြို့နယ်ပအဖထုတ်ပြ်

ဒီဇင်ဘာလ (၁၇)ရက်။

မင်းတပ်မြို့နယ်မှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်ကျင်းပတာတွေ လုံးဝ(လုံးဝ)မပြုလုပ်ဖို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မင်းတပ်မြို့နယ်ထဲ မကြာခဏ လေကြောင်းတိုက်ခိုက်တာ‌တွေ ပြုလုပ်နေတာကြောင့် အခုလို အသိပေးချက်ထုတ်ပြန်တာလို့ ဆိုပါတယ်။

အခုအခါ မင်းတပ်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ကာလဖြစ်ပြီး လေကြောင်းတိုက်ခိုက်တာ ပိုမိုများပြားလာတာကြောင့် ဘာသာရေးပွဲတွေနဲ့ ရိုးရာပွဲလမ်းသဘင်တွေ ကျင်းပတာ လုံးဝမလုပ်ဖို့ ဖော်ပြထားပါတယ်။

အခုလို အသိပေးထုတ်ပြန်ထားတဲ့‌အပေါ် မလိုက်နာပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူတာခံရမယ်လို့ ပြောဆိုထားကာ အခုအမိန့်ဟာ နောက်ထပ်အမိန့် ထုတ်ပြန်တာမပြုမခြင်း အတည်ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့တို့မှာ ချင်းညီနောင်စစ်ဆင်ရေးအနေနဲ့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကာ တစ်လကျော်ကြာမြင့်လာပြီဖြစ်သလို အောင်မြင်မှုအချို့ ရရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ချင်းတော်လှန်ရေးတပ်တွေက ထွေ/အုပ်ရုံးနဲ့ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီရဲ့ ခလရ(၂၇၄)တပ်ရင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နမ့်ခိုင်းတံတားအနီး MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 3 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက် (၉)နာရီအချိန်က နမ့်ခိုင်းတံတားအနီးမှာ MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို တိုက်မိခဲ့တယ်လို့ TNLA
မြန်မာသတင်း

အရက်မူးပြီး AA တပ်ဖွဲ့ဝင်ကို ရိုက်နှက်ခဲ့တဲ့ KIO အုပ်ချုပ်ရေးအရာရှိတစ်ဦး စစ်ဥပဒေနဲ့အရေးယူခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 2 Views
ဒီဇင်ဘာလ (၁၈)ရက်။ ပန်ဆိုင်းမြို့မှာ အရက်မူးပြီး အာရက္ခတပ်တော်(AA)ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးကို ရိုက်နှက်ခဲ့တဲ့ KIO အုပ်ချုပ်ရေးအရာရှိကို KIA က စစ်ဥပဒေနဲ့
မြန်မာသတင်း

(၃)ရက်တာထဲ အရာတော်မြို့ပေါ်က လူငယ် (၁၁)ဦးအထိ ပေါ်တာဆွဲဖမ်းဆီးခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 1 Views
ဒီဇင်ဘာလ (၁၈)ရက်။ အခု (၃)ရက်တာကာလထဲ အရာတော်မြို့ပေါ်က လူငယ် (၁၁)ဦးအထိ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ အရာတော်မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြီးခဲ့တဲ့ (၂)ရက်လောက်ကစပြီး မြို့ပေါ်က လူငယ်တွေကို စကစက ပေါ်တာဆွဲဖမ်းဆီးနေတာ။
မြန်မာသတင်း

မာနယ်ပလောဒေသ စခန်းကုန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီရဲ့ တပ်ရင်းမှူးနဲ့ တပ်ကြပ်ကြီးအပါအဝင် (၆)ဦးကို အရှင်ဖမ်းမိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 4 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီဇင်ဘာလ (၁၆)ရက်နေ့က မာနယ်ပလောဒေသရှိ စစ်ကောင်စီရဲ့ အမှတ်(၃၁၁)အမြောက်တပ်ရင်း၊ ပွိုင့်(၉၁၃)စခန်းကုန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ KNDO ရဲ့ ဒီကနေ့မှာ ထူတ်ပြန်ထားချက်အရ သိရပါတယ်။ “ စခန်းမှာ အင်အားက (၃၀)လောက်ပဲရှိတယ်။
မြန်မာသတင်း

အုတ်ဖိုမှာ ပျုစောထီး(၂)ဦး ဖမ်းဆီးထိန်းသိမ်းထားချိန် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 2 Views
ဒီဇင်ဘာလ (၁၈)ရက်။ အုတ်ဖိုမြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ ပျူစောထီး (၂)ဦး ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့၊ အမှတ်(၁၀)ရပ်ကွက်နေ ပျူစောထီး အရှည်ကြီးနဲ့ ဝေလင်းတို့ဟာ ဆင်ကူးရွာဘက်ကနေ
မြန်မာသတင်း

အမ်း နပခအဆောက်အအုံ မီးလောင်ပျက်စီးတဲ့အခြေအနေ AA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 8 Views
ဒီဇင်ဘာလ (၁၈)ရက်။ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အဆောက်အအုံ မီးလောင်ပျက်စီးနေတဲ့ အခြေအနေကို အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နပခဌာနချုပ်အဆောက်အအုံ မီးလောင်ပျက်စီးနေတဲ့ ပကတိ မြေပြင်အခြေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်တဲ့ အခြေအနေကို မနေ့က ရုပ်သံဖိုင်နဲ့
မြန်မာသတင်း

ဘက်စုံတော်လှန်‌ရေးအပိုင်း (၃)

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 7 Views
ဘက်စုံတော်လှန်‌ရေးအပိုင်း (၃) ဘာသာရေးမှာ ကျား-မတန်းတူ သာသနာပြုခွင့် ရှိသင့်သလား? ကမ္ဘာမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံလို့ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပြီး ကျင့်ကြံတရားအားထုတ်နေသူတွေ ပေါ်ထွက်လာခဲ့ပါတယ်။ မိရိုးဖလာဗုဒ္ဓဘာသာဝင် မဟုတ်သူတွေ မိမိတို့လေ့လာမှုအရ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြပြီး ဘာသာ‌ပြောင်းလဲလာခဲ့ကြသလို တချို့ဗုဒ္ဓရဲ့
မြန်မာသတင်း

ထိုင်းမှာပြုလုပ်မယ့် မြန်မာအရေးဆွေးနွေးပွဲကို စစ်ကောင်စီ တက်ရောက်မယ်လို့ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 16 Views
ဒီဇင်ဘာလ (၁၇)ရက်။ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲကို တက်ရောက်သွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇောမင်းထွန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ (၁၉)ရက်နေ့ မြန်မာနဲ့ အိမ်နီးနားချင်းနိုင်ငံတွေ ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးစီးတက်ရောက်သွားမှာပါ။