နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတ္တရာမြို့အနောက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ

ဒီဇင်ဘာလ (၁၇)ရက်။

မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာအချို့က အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။

“ မတ္တရာအနောက်ခြမ်းက ရွာတွေကို စခတွေက ပြီးခဲ့တဲ့အပတ်ထဲကစပြီး မီးရှို့ဖျက်ဆီးနေတာ။ ဒီနေ့လဲ ဥဒိန်၊ ပုသိမ်နဲ့ ဆင်ကုန်းရွာက ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတယ်” လို့ ဆိုပါတယ်။

ဒီကနေ့ နံနက်(၁၁)နာရီခွဲအချိန်ကစပြီး မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဥဒိန်ရွာ၊ ပုသိမ်ရွာနဲ့ ဆင်ကုန်းရွာက ပြည်သူပိုင်နေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

“ အခုဆို ဥဒိန်ရွာက မီးရှို့ဖျက်ဆီးခံရတာ (၇)ကြိမ်နဲ့ ပုသိမ်ရွာနဲ့ ဆင်ကုန်းရွာတို့က (၅)ကြိမ်စီရှိပါပြီ။ ဒေသခံတွေလဲ ထွက်‌ပြေးနေရတာဆိုတော့ မီးရှို့ပျက်စီးတဲ့အခြေအနေကို မသိရသေးဘူး” လို့ သူက ဆက်ပြောပါတယ်။

မတ္တရာမြို့အနောက်ခြမ်းက ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်စိုးမိုးနိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဘက်က နိုဝင်ဘာလထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတာပါ။

နောက်ပြီး မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေကြောင့် ကျေးရွာပေါင်း (၂၀)နီးပါးက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် မတ္တရာမြို့ကို စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)က ပြာပုံဖြစ်စေရမယ်လို့လဲ ခြိမ်းခြောက်ထားပြီး အခုလို နေ့တိုင်း မီးရှို့ဖျက်ဆီးနေတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 22 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 24 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 23 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 22 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 26 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 24 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 27 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 30 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ စစ်ကော်မရှင်တပ်ရဲ့ နောင်ချိုတန်ပြန်စစ်ဆင်ရေးမှာ နာမည်ကောင်းရရှိခဲ့ပြီးနောက်