မေလ (၁၂)ရက်။
မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ယာတို့အပြင် LPDF အဖွဲ့ပေါင်း (၄၄)ဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ မကွေးယူနစ်အစိုးရအနေနဲ့ LPDF တွေရဲ့ တင်ပြတောင်းဆိုတာတွေကို အလေးအနက်ထား တွေ့ဆုံဆွေးနွေးတာနဲ့ လိုအပ်တဲ့ လမ်းညွှန်တာတွေအတွက် ကျေးဇူးတင်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အစည်းအဝေးထဲ မကွေးယူနစ်အစိုးရကနေ LPDF တွေ ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ လမ်းညွှန်တာတွေကို အောင်မြင်စွာ ဆွေးနွေးအကြံပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အစည်းအဝေးကို သီးခြားတပ်ဖွဲ့တွေဖြစ်တဲ့ PRA-Magway YDF နဲ့ YA စတဲ့ တပ်ဖွဲ့တွေက တာဝန်ရှိသူတွေလဲ စုံညီစွာ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
LPDF တပ်ဖွဲ့တွေအနေနဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ အမိန့်နာခံပြီး တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်သွားမယ်လို့ အသိပေးထားပါတယ်။
ကျန်ရှိတဲ့ LPDF အဖွဲ့တွေအနေနဲ့လဲ မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ကိုလဲ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။








