နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို ဆိုင်းငံ့သေဒဏ် ချမှတ်

CNN- ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်

ဘေဂျင်း — တရုတ်နိုင်ငံသည် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများကို ဆက်တိုက် နှိမ်နင်းလျက်ရှိရာ ကြာသပတေးနေ့တွင် ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဆိုင်းငံ့သေဒဏ်များ ချမှတ်လိုက်ကြောင်း တုန်လှုပ်ဖွယ်ရာ သတင်းထွက်ပေါ်လာသည်။

ဝေဖုန်းဟဲ (Wei Fenghe) နှင့် လီရှန်းဖူ (Li Shangfu) တို့နှစ်ဦးစလုံးသည် လာဘ်ပေးလာဘ် ယူမှုဖြင့် ပြစ်မှုထင်ရှားသဖြင့် စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်ဆိုင်းငံ့ခွင့် (two-year reprieve) ပေးထားကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။ နှစ်နှစ်ကျော်လွန် ပြီးနောက် ၎င်းတို့၏ ပြစ်ဒဏ်ကို လွတ်ငြိမ်းချမ်းသာခွင့်မရှိသည့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် သို့ ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း ခုံရုံးက ကြေညာခဲ့သည်။

ဝေဖုန်းဟဲ သည်အသက် ၇၂ နှစ်ရှိပြီးဖြစ်ပြီး  ၂၀၁၈ မှ ၂၀၂၃ ခုနှစ်အထိ ၅နှစ်ကြာ ကာကွယ်ရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

လီရှန်းဖူ သည်အသက် ၆၈ နှစ်ရှိပြီးဖြစ်ပြီး ဝေဖုန်းဟဲ၏ အရိုက်အရာကို ဆက်ခံခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း ရှစ်လမပြည့်မီသော ကာလအထိ တာဝန်ယူခဲ့သည်။

၎င်းတို့ နှစ်ဦးစလုံးကို ၂၀၂၃ ခုနှစ်တွင် စစ်တပ်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် (Xi Jinping) သည် လက်နက်ကိုင်တပ်ဖွဲ့အတွင်း သန့်စင်မှု များကို အဆင့်မြင့်ဆုံးနေရာများအထိ လုပ်ဆောင်လာခဲ့ပြီး၊ ဇန်နဝါရီလအတွင်းကလည်း ဝေနှင့် လီတို့ထက် ရာထူးကြီးသည့်အပြင် စစ်တပ်၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ကြီးကြပ်ခဲ့သူ ဗိုလ်ချုပ်ကြီး ကျန်းယို့ရှ (Zhang Youxia) ကို ရာထူးမှ ဖယ်ရှားခဲ့သည်။

ရှီကျင့်ဖျင်၏ တပ်တွင်းအပြောင်းအလဲများကြောင့် ၂၀၂၂ ခုနှစ်မှစ၍ အင်အား ၂ သန်းရှိသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အတွင်း အရာရှိကြီး ၁၀၀ ကျော် ရာထူးမှ ဖယ်ရှားခံခဲ့ရဖွယ်ရှိသည်။ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS) ၏ ဖေဖော်ဝါရီလ အစီရင်ခံစာအရ ဗိုလ်ချုပ်ကြီးနှင့် ဒုဗိုလ်ချုပ်ကြီး ၃၆ ဦးကို တရားဝင် ဖယ်ရှားခဲ့ပြီး အခြားအရာရှိ ၆၅ ဦးမှာ ပျောက်ဆုံးနေခြင်း သို့မဟုတ် ဖယ်ရှားခံရ ခြင်းများ ဖြစ်နိုင်သည်ဟု ဆိုသည်။

ဤသန့်စင်မှုသည် ရှီကျင့်ဖျင်၏ အာဏာကို ပိုမိုတင်းကျပ်ရန်နှင့် စစ်တပ်ကို ခေတ်မီအောင် တည်ဆောက်ရန်အတွက် လုပ်ဆောင်နေသော ရေရှည်စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ် သည်။ သို့သော် “ မကြုံစဖူးသော ဤသန့်စင်မှု” အတိုင်းအတာကြောင့် တရုတ်စစ်တပ်၏ ရှုပ်ထွေးသော စစ်ဆင်ရေးများ ဆောင်ရွက်နိုင်စွမ်းအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာ ကြောင်း သုတေသီများက ထောက်ပြကြသည်။

တရားဝင်ထုတ်ပြန်သော PLA Daily သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် ယခုကဲ့သို့ စစ်ဆေးမှုများသည် စစ်တပ်အတွင်းရှိ “ အဆိပ်အတောက် ဖြစ်စေသော ဩဇာလွှမ်းမိုးမှုများ” ကို ဖယ်ရှားပေးမည်ဖြစ်ပြီး အင်အားတောင့်တင်းသော စစ်တပ်ဖြစ်လာစေရန် တွန်းအားပေးလိမ့်မည်ဟု ဖော်ပြထားသည်။

ဝေဖုန်းဟဲ (Wei Fenghe) နှင့် လီရှန်းဖူ (Li Shangfu) တို့နှစ်ဦး(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 24 ရက်
  • 24 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 26 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 22 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

PLA က ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 17 Views
ဇွန်လ (၂၃)ရက်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ပြည်သူတဦးကို ဖမ်းဆီးပြီး သတ်ပစ်မယ်ဆိုကာ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ မေလ (၂၆)ရက်နေ့က ဝဲလောင်းရွာနေ ဦးသန်း(အမည်လွှဲ)ဆိုသူက PLA က ဖမ်းဆီးခဲ့ပြီး
မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 29 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၂၀)ရက်နေ့က နယ်မြေလုံခြုံရေးလုပ်ဆောင်ချိန် ရေနံချောင်းမြို့ရဲ့ အရှေ့မြောက်ဘက်ရှိ လွန်းပင်ရှိုရွာစာကြည့်တိုက်မှာ YGN နဲ့ မကွေး-PDF
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ