နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထိုင်းမှာပြုလုပ်မယ့် မြန်မာအရေးဆွေးနွေးပွဲကို စစ်ကောင်စီ တက်ရောက်မယ်လို့ဆို

ဒီဇင်ဘာလ (၁၇)ရက်။

ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲကို တက်ရောက်သွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇောမင်းထွန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။

“ (၁၉)ရက်နေ့ မြန်မာနဲ့ အိမ်နီးနားချင်းနိုင်ငံတွေ ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးစီးတက်ရောက်သွားမှာပါ။ အဓိကကတော့ နယ်စပ်ရေးရာကိစ္စတွေ နယ်စပ်ဖြတ်ကျော် မှုခင်းကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာ” လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ (၁၉)ရက်နေ့ ကျင်းပမယ့် မြန်မာအရေးဆွေးနွေးပွဲကို စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်မှာဖြစ်သလို တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က ဝန်ကြီးနဲ့ ဒုဝန်ကြီးအဆင့်တွေ တက်ရောက်သွားမယ်လို့ သိရပါတယ်။

ထိုင်းမှာပြုလုပ်မယ့် ဆွေးနွေးပွဲထဲ နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စကို အဓိကထား ဆွေးနွေးသွားမှာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စတွေ ပူးပေါင်းတိုက်ဖျက်နိုင်ဖို့ကိုလဲ ဆွေးနွေးသွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာအရေးနဲ့ပတ်သက်ပြီး ထိုင်းဘက်က ဒီဇင်ဘာလ (၁၉)ရက်နေ့နဲ့ (၂၀)ရက်နေ့တို့မှာ ဆွေးနွေးပွဲ (၂)ခု ပြုလုပ်သွားဖို့ရှိနေပေမယ့် စစ်ကောင်စီဘက်က ဒီဇင်ဘာလ (၁၉)ရက်နေ့မှာပြုလုပ်မယ့် ဆွေးနွေးပွဲကိုသာ ထည့်သွင်းပြောဆိုထားတာပါ။

ထိုင်းနိုင်ငံရဲ့ ဆွေးနွေးပွဲ (၂)ခုထဲ ဒီဇင်ဘာလ (၂၀)ရက်နေ့မှာတော့ အာဆီယံဝန်ကြီးအဆင့် ဆွေးနွေးဖို့ရှိနေကာ အဲ့ဒီ‌အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ရပ်ကို ဆွေးနွေးသွားမယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အမ်း နပခအဆောက်အအုံ မီးလောင်ပျက်စီးတဲ့အခြေအနေ AA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 3 Views
ဒီဇင်ဘာလ (၁၈)ရက်။ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အဆောက်အအုံ မီးလောင်ပျက်စီးနေတဲ့ အခြေအနေကို အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နပခဌာနချုပ်အဆောက်အအုံ
မြန်မာသတင်း

ဘက်စုံတော်လှန်‌ရေးအပိုင်း (၃)

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 5 Views
ဘက်စုံတော်လှန်‌ရေးအပိုင်း (၃) ဘာသာရေးမှာ ကျား-မတန်းတူ သာသနာပြုခွင့် ရှိသင့်သလား? ကမ္ဘာမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံလို့ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပြီး ကျင့်ကြံတရားအားထုတ်နေသူတွေ
မြန်မာသတင်း

မုံရွာမြို့အဝင်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 12 Views
ဒီဇင်ဘာလ (၁၇)ရက်။ ဒီဇင်ဘာလ (၁၅)ရက်နေ့ ညနေ (၆)နာရီအချိန်က မုံရွာမြို့က ထွက်လာတဲ့ စစ်ကောင်စီရဲ့ စုစုပေါင်း (၆၉)စီးခန့်ရှိတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာကနေ စစ်ကိုင်းဘက်ကို
မြန်မာသတင်း

မတ္တရာမြို့အနောက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 17 Views
ဒီဇင်ဘာလ (၁၇)ရက်။ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာအချို့က အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မတ္တရာအနောက်ခြမ်းက ရွာတွေကို စခတွေက ပြီးခဲ့တဲ့အပတ်ထဲကစပြီး မီးရှို့ဖျက်ဆီးနေတာ။ ဒီနေ့လဲ ဥဒိန်၊
မြန်မာသတင်း

ရန်ကုန်မှာ အာဏာရှင်စနစ်ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 10 Views
ဒီဇင်ဘာလ (၁၇)ရက်။ မနေ့က ရန်ကုန်မြို့တနေရာမှာ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြတယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုအနေနဲ့ “ တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးကို သတ်လို့မရဘူး” စာသားပါ ဘန်နာကို
မြန်မာသတင်း

မင်းတပ်မြို့မှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ လုံးဝမလုပ်ဖို့ မြို့နယ်ပအဖထုတ်ပြ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 10 Views
ဒီဇင်ဘာလ (၁၇)ရက်။ မင်းတပ်မြို့နယ်မှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်ကျင်းပတာတွေ လုံးဝ(လုံးဝ)မပြုလုပ်ဖို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ မင်းတပ်မြို့နယ်ထဲ မကြာခဏ လေကြောင်းတိုက်ခိုက်တာ‌တွေ ပြုလုပ်နေတာကြောင့် အခုလို အသိပေးချက်ထုတ်ပြန်တာလို့ ဆိုပါတယ်။ အခုအခါ မင်းတပ်မြို့မှာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်း နပခက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချတဲ့အခြေအနေ AA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 8 Views
ဒီဇင်ဘာလ (၁၇)ရက်။ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချတဲ့အခြေအနေ ရုပ်သံဖိုင်တစ်ခုကို AA က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီရုပ်သံဖိုင်ထဲ နပခဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား အလံဖြူထောင် လက်နက်ချလာတာကို ဖော်ပြထားပြီး
မြန်မာသတင်း

မန္တလေးမှာ စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့လူငယ် (၁၂၅)ဦးရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 6 Views
ဒီဇင်ဘာလ (၁၇)ရက်။ အခုလ (၁၅)ရက်တာထဲ မန္တလေးမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့ လူငယ် (၁၂၅)ဦးအထိရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီဇင်ဘာ (၁)ရက်ကနေ (၁၅)ရက်အထိ (၂)ပတ်တာကာလထဲ မြေပြင်သတင်းတွေကို