နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက လူသားစာနာမှုအကူအညီတွေ အလွဲသုံးစားလုပ်တဲ့အပေါ် လက်မခံဘူးလို့ WFP ပြော

ဒီဇင်ဘာလ (၁၈)ရက်။

စစ်ကောင်စီက လူသားစာနာမှု အကူအညီတွေအပေါ် အလွဲသုံးစားပြုလုပ်တာတွေကို လက်မခံဘူးလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရခိုင်မြောက်ပိုင်းရှိ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်တွေ အသုံးပြုတဲ့ အဆောက်အဦတစ်ခုမှာ WFP အမှတ်အသားပါရှိတဲ့ ရိက္ခာအိတ်တွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဲ့ဒီအရပ်ဒေသကို သွားရောက်ဖို့ခက်ခဲတာကြောင့် အသေးစိတ်ကို အတည်မပြုနိုင်သေးဘဲ ဇွန်လပိုင်းကလဲ မောင်တောရှိ WFP သိုလှောင်ရုံ ဖောက်ထွင်းလုယက် မီးရှို့ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ထိခိုက်အလွယ်ဆုံး ရပ်ရွာလူထုအတွက် ရည်ရွယ်တဲ့ လူသားစာနာမှုအကူအညီတွေအပေါ် အလွဲသုံးစားလုပ်တာကို လက်မခံသလို အဲ့ဒီလုပ်ရပ်တွေဟာ ကယ်ဆယ်ရေး အထောက်အပံ့တွေ အရေးပေါ်လိုအပ်နေသူတွေကို ထိခိုက်နစ်နာစေတယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ပဋိပက္ခမှာ ပါဝင်နေသူတွေအားလုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေကို လိုက်နာကြဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းတွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို လေးစားပြီး ကာကွယ်စောင့်ရှောက်ဖို့ WFP က ထပ်မံတောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာဖူလုံမှုအခြေအနေ ပိုမိုဆိုးရွားနေပြီး ပဋိပက္ခတွေအပြင် ရာသီဥတုနဲ့ စီးပွားရေးကျဆင်းတာတွေကြောင့် ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုအခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ ရေးသားထားပါတယ်။

မြန်မာနိုင်ငံထဲရှိ စစ်ဘေးရှောင်တွေအပါအဝင် ထိခိုက်အလွယ်ဆုံးအုပ်စုတွေဆီ အကူအညီတွေ အမှန်တကယ်ရောက်ဖို့ဟာ စစ်ကောင်စီနဲ့မဟုတ်ဘဲ မြေပြင်မှာ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်‌ဆောင်သင့်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောဆိုထားပါတယ်။

WFP အနေနဲ့ အခု ၂၀၂၄ခုနှစ်မှာ နိုင်ငံတဝန်းရှိ လူဦးရေ (၁)ဒသမ(၇)သန်းကို စားနပ်ရိက္ခာအထောက်အပံ့၊ အာဟာရပြည့်ဝဖို့နဲ့ ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ဖို့ အစီအစဉ်တွေကနေ အကူအညီတွေပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်တာကြောင့် နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 29 Views
မေလ (၁၃)ရက်။ မေလ (၁၁)ရက်နေ့ ည (၈)နာရီခွဲအချိန်က အရူနာချားပြည်နယ်၊ Changlang ခရိုင်၊ Doimuk Nala ဒေသထဲ
မြန်မာသတင်း

KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 25 Views
မေလ (၁၃)ရက်။ KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်မှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး (၁၀)ဦးခန့် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 26 Views
မေလ (၁၀)ရက်နေ့က ယင်းမာပင်မှာ စစ်တပ်ရဲ့ အင်အား(၃၀၀)ကျော်ပါ စစ်ကြောင်းကို မိုင်းဆွဲခဲ့တယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာအမှတ်(၄၇)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်ရဲ့ တပ်မ(၃၃)နဲ့ ဘန့်ဘွေးရွာက ပျူစောထီးတွေပါတဲ့ အင်အား (၃၀၀)ကျော် စစ်ကြောင်းက
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စစ်သုံ့ပန်းတွေအပါအဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 28 Views
မေလ (၁၃)ရက်။ အခုနှစ်ရက်တာထဲ မင်းတပ်မြို့‌ပေါ်နဲ့ အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ (၁၁)ကြိမ် တိုက်ခိုင်ခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၁)ရက်နေ့မှာ ညပိုင်း မြို့ပေါ်ကို လေကြောင်းကနေ (၂)ကြိမ်၊ မနေ့က မနက်ပိုင်းမှာ
မြန်မာသတင်း

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို ဆိုင်းငံ့သေဒဏ် ချမှတ်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် ဘေဂျင်း — တရုတ်နိုင်ငံသည် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများကို ဆက်တိုက် နှိမ်နင်းလျက်ရှိရာ ကြာသပတေးနေ့တွင် ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဆိုင်းငံ့သေဒဏ်များ ချမှတ်လိုက်ကြောင်း တုန်လှုပ်ဖွယ်ရာ
မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ ဆေးလက်ထောက်သင်တန်း၊ စစ်သူနာပြုအကူသင်တန်း၊ သားဖွားတပ်ကြပ်ကြီးသင်တန်းနဲ့ ဆေးတပ်ဖွဲ့ဆိုင်ရာသင်တန်းတွေကို လက်ခံဖွင့်လှစ်ပေးတဲ့ သင်တန်းကျောင်းလို့ ဆိုပါတယ်။ ဒါပေမယ့်
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ (၁၀)ရက်နေ့ နံနက်ပိုင်းအချိန်က အုတ်ဖိုမြို့ အေးမြသာယာမြို့သစ် မြို့အဝင်ရှိ ပျူစောထီးစခန်းကို ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)ရှိ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 28 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး