နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးရှိ ရွှေဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရပြီး တန်ဖိုးကျပ်သိန်း(၃၀၀၀၀)ခန့်ရှိ ရွှေထည်တွေပါသွားခဲ့

ဒီဇင်ဘာလ (၁၉)ရက်။

မနေ့က ညနေ (၅)နာရီအချိန်က မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်ရှိ ရွှေစင် အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီချန်နယ်တွေထံက သိရပါတယ်။

ရွှေစင် အကယ်ဒမီရွှေဆိုင်မှာ ဆိုင်ပိုင်ရှင်အပါအဝင် ဆိုင်အလုပ်သမား (၄)ဦးတို့ ဆိုင်ပိတ်ထားပြီး ဆိုင်ထဲရှိနေချိန် ဆိုင်ကယ်တစ်စီးနဲ့ အမည်မသိ အမျိုးသား(၃)ဦး ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီအမျိုးသား (၃)ဦးထဲက (၂)ဦးဟာ သေနတ်တွေကိုင်ဆောင်ပြီး ဆိုင်ထဲဝင်ရောက်ကာ သေနတ်ပြခြိမ်းခြောက်ပြီး ကောင်တာဘေး စားပွဲပေါ်တင်ထားတဲ့ ရွှေထည်ပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရွှေဆိုင်ဓါးပြတိုက်ခံရတာမှာ ရွှေထည်အတုံး၊ ဆွဲကြိုးနဲ့ လက်ကောက်ထည့်ထားတဲ့ ပလက်စတစ်ပုံး (၃)ပုံးကို ယူဆောင်သွားခဲ့တာဖြစ်ပြီး စုစုပေါင်းတန်ဖိုး သိန်း (၃၀၀၀၀)ခန့် ပါသွားခဲ့တယ်လို့ ရေးသားထားပါတယ်။

ဓါးပြတိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စီစီတီဗီစစ်ဆေးတာနဲ့ ပိတ်ဆို့ရှာဖွေတာတွေ လုပ်ဆောင်ခဲ့ပေမယ့် အခုအချိန်အထိ ဖမ်းမမိသေးဘူးလို့ မြို့ခံတွေက ပြောဆိုထားပါတယ်။

စစ်ကောင်စီလက်ထက်မှာ ရွှေဆိုင်နဲ့ ဘဏ်အပါအဝင် ဓါးပြတိုက်ခံရတာ မကြာခဏဖြစ်ပွားနေပြီး ထိထိရောက်ရောက် အရေးယူနိုင်တာမရှိသေးဘဲ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်စိတ်တွေနဲ့ နေထိုင်နေကြရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်မြောင်းနဲ့ စဉ့်ကူးမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 1 Views
အောက်တိုဘာလ (၂၉)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာသတင်း

ကူးမင်းဆွေးနွေးပွဲမှာ စစ်တပ်နဲ့ အပစ်ရပ်ရေးထိုးခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 5 Views
အောက်တိုဘာလ (၂၉)ရက်။ အောက်တိုဘာလ (၂၇)ရက်နဲ့ (၂၈)ရက်နေ့က တရုတ်ရဲ့ ကြားဝင်စေ့စပ်တာနဲ့ ကူမင်းမြို့မှာ စစ်တပ်နဲ့ ဆွေးနွေးခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

အနုပညာအမည်ခံ အကြမ်းဖက်စစ်တပ် လက်ကိုင်တုတ်တွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတွေ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 25 Views
အောက်တိုဘာလ (၂၉)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ‌ရွေးကောက်ပွဲကို ‌အားပေးကူညီပြီး တော်လှန်ရေးကို ပုံဖျက်တဲ့ ဝါဒဖြန့် အနုပညာရှင်တွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတွေက ဒီကနေ့မှာ သတိပေးထားတယ်လို့ သိရပါတယ်။ သူတို့ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး လူထုရဲ့ အသက်အိုးအိမ်ကို
မြန်မာသတင်း

ကော်သူးလေနယ်မြေထဲ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ် (၁၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 24 Views
အောက်တိုဘာလ (၂၉)ရက်။ ကော်သူးလေနယ်မြေထဲ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၅)ရက်နေ့က မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့ရှိ သရက်ချောင်းနယ်မြေကို စစ်တပ်ရဲ့ တပ်ရင်း
မြန်မာသတင်း

ဒီ‌ကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်တဲ့ကာလအနေနဲ့ သတ်မှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 40 Views
အောက်တိုဘာလ (၂၈)ရက်။ ဒီကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်တဲ့ ကာလအနေနဲ့ သတ်မှတ်ထားတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ အကြမ်းဖက်မှုပေါင်းစုံ ကျင့်သုံးကာ မတရားအာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်း (၂)ဦး အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 34 Views
အောက်တိုဘာလ (၂၈)ရက်။ မနေ့က မုံရွာမြို့မှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သား (၂)ဦး အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပကဖရဲ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား (၂)ဦးဟာ ကျောက္ကာရွာ ရွှေဂူနီဘုရားဝန်းထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်စခန်းကနေ
မြန်မာသတင်း

တနင်္သာရီမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေ ခရီးမသွားဖို့ PDF-တိုင်းစစ်ဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 19 Views
အောက်တိုဘာလ (၂၈)ရက်။ အခုအခါ တနင်္သာရီမြို့နယ်ထဲ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ PDF-တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကော်မရှင်ရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)နဲ့ အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃)တို့ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုသာမက တိုက်ပွဲမရှိတဲ့ နေရာတွေကိုပါ
မြန်မာသတင်း

အာဆီယံအနေနဲ့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေကို ထောက်ပံ့ပေးဖို့ ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 34 Views
အောက်တိုဘာလ (၂၈)ရက်။ အာဆီယံအနေနဲ့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ လမ်းကြောင်းကို ထောက်ပံ့ပေးဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ထပ်မံတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ “