နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲသတ်ဖြတ်မှု ကျူးလွန်သူ ဆရာဝန်အောင်ဇင်ဖြိုးကို ဖမ်းဆီးထား

ဒီဇင်ဘာလ ( ၂၀) ရက်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်၊ အလောင်း ဖျောက်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူဆရာဝန်အောင်ဇင်ဖြိုးနဲ့ ပူးပေါင်းပါဝင်သူတစ်ဦးတို့ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖမ်းမိထားတယ်လို့ စစ်ကောင်စီ မီဒီယာများမှာ ဖော်ပြထားပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ (၁၇) ရက် မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာ ရပ်ကွက်၊ ၁၀၁ လမ်း၊ ၅၅လမ်းနဲ့ ၅၆လမ်းကြားက ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ ပိုင်ရှင် ဒေါက်တာအောင်မြင့်မြတ်ထွန်း (၃၃ နှစ်) ကို ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးမီးပွိုင့်အနီးမှာ ဆေးခန်းဖွင့်ထားတဲ့ အသိမိတ်ဆွေ ဆရာဝန် အောင်ဇင်ဖြိုးက သူ့ဆေးခန်းမှာရှိတဲ့ လူနာကို လာရောက်ကုသပေးဖို့ ခေါ်ရောက်ခဲ့တဲ့အတွက် ဒေါက်တာအောင်မြင့်မြတ်ထွန်းဟာ ဒီဇင်ဘာလ (၁၇) ရက် မနက် ၉ နာရီမှာ ဆေးကုသဖို့ ကိုယ်ပိုင်ကားနဲ့ ထွက်သွားရာက အဆက်အသွယ် မရတော့ဘဲ မွန်းတည့် ၁၂ နာရီမှာ မိသားစုထံ ဖုန်းဆက်ပြီး ဒေါက်တာ အောင်မြင့်မြတ်ထွန်းကို ပြန်ပေးဆွဲထားကြောင်းနဲ့ အသက်ရှင်လျက် ပြန်လိုချင်ပါက ငွေကျပ်သိန်း ၃၀၀၀ နဲ့ လာရွေးယူဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ မွန်းလွဲ ၃နာရီမှာ ငွေကျပ် သိန်း ၃၀၀၀ ကို မန္တလေးမြို့၊ မဟာမုနိ ဘုရားကြီးအနီး လာရောက်ပေးဆောင်ဖို့ ချိန်းဆိုတာကြောင့် မိသားစုက ငွေကျပ် သိန်း ၃၀၀၀ နဲ့ သွားရောက်ခဲ့ရာ မီနီအိုးဝေသမားကတဆင့် အဆင့်ဆင့် လက်လွှဲယူခဲ့ပြီး ပြန်ပေးဆွဲထားတဲ့ ဒေါက်တာအောင်မြင့်မြတ်ထွန်းကို နောက်ရက်မှာ ပြန်ပို့ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ဒေါက်တာအောင်မြင့်မြတ်ထွန်းရဲ့ မိသားစုက ရဲစခန်းမှာ အမှုဖွင့်လို့ စစ်အုပ်စုက ငွေပေးခဲ့ရတဲ့ မီနီအိုးဝေကတဆင့် CCTV မှတ်တမ်းတွေ အပါအဝင် ဖြစ်စဉ်ကို စုံစမ်းခဲ့ရာ ပြန်ပေးဆွဲ ကျူးလွန်သူ ဒေါက်တာအောင်ဇင်ဖြိုးကို ဒီဇင်ဘာလ ၁၈ ရက် မနက်ပိုင်းမှာ ဖမ်းမိခဲ့ပြီး အတူကျူးလွန်သူကို ဒီဇင်ဘာလ ၁၉ ရက်မှာ ထပ်မံ ဖမ်းမိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒေါက်တာအောင်ဇင်ဖြိုးဟာ ဒေါက်တာအောင်မြင့်မြတ်ထွန်းကို သူ့ဆေးခန်းက လူနာကို ဆေးလာကုပေးဖို့ လိမ်လည် ခေါ်ယူပြီးနောက် ဆေးခန်းအကူ အမျိုးသားနဲ့အတူ ဝိုင်းချုပ်ဖို့ ကြိုးစားချိန် အော်ဟစ်ရုန်းကန်လို့ ပါးစပ်တွေပိတ်ကာ ချုပ်နှောင်ဖို့ ကြိုးစားရင်း သေဆုံးတယ်လို့ ကနဦး ထွက်ဆိုထားပြီး ဒဏ်ရာတွေနဲ့ ပတ်သက်လို့ စစ်ဆေးနေဆဲလို့ သိရပါတယ်။

ဒေါက်တာအောင်မြင့်မြတ်ထွန်းဟာ ညှဉ်းပန်းနှိပ်စက်ခံရပြီး အသတ်ခံရတာလို့ သိရပါတယ်။ အလောင်းတွေ့တဲ့အချိန်မှာ လက်ပြန်ကြိုးတုပ်ခံထားရပြီး ဓားဒဏ်ရာနဲ့ နှိပ်စက်ထားတဲ့ဒဏ်ရာတွေလည်း တွေ့ ရှိရတယ်လို့ သိရပါတယ်။ ပါးစပ်မှာလည်း ဓားဒဏ်ရာရှိပြီး လက်တွေလည်း ကျိုးနေတယ်လို့ ဆိုပါတယ်။

ဒေါက်တာအောင်ဇင်ဖြိုးဟာ ဒေါက်တာ အောင်မြင့်မြတ်ထွန်း သေဆုံးပြီးချိန်မှ မိသားစုထံက ကျပ်သိန်း ၃၀၀၀ တောင်းယူပြီး ကားဝယ်စီးခဲ့ပြီး KTV မှာလည်းသွားရောက်ပျော်ပါးခဲ့တယ်လို့ သိရပါတယ်။

နောက်ရက် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အလောင်းကို ၇၈လမ်း၊ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းနဲ့ ဆိုင်ကယ်လမ်းကြားမှာ စွန့်ပစ်ခဲ့တယ်လို့ သူ့ကို ဖမ်းမိချိန်မှာ ထွက်ဆိုတာကြောင့် အလောင်းကို ပြန်တွေ့ရတာလို့လည်း ဆိုပါတယ်။ အလောင်းကို ဒီဇင်ဘာလ (၁၉) ရက်နေ့ မနက် ၄ နာရီမှာ ရေမြောင်းအတွင်းက ပြန်တွေ့ရပြီး အလောင်းက ပုပ်ပွနေပြီလို့ သိရပါတယ်။

ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ၊ သတ်ဖြတ်၊ အလောင်းဖျောက်တဲ့ ဖြစ်စဉ်ကို CCTV မှတ်တမ်းတွေကတဆင့် မန္တလေးတိုင်းလုံခြုံရေးတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။

ဆရာဝန် ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူက ဖုန်းကတဆင့် ခြေရာခံစုံစမ်းရာ အဲ့ဒီ ကန်တော်ကြီး မွီးပွိုင့်အနီးက ဆေးခန်းတစ်ခုမှာ ဖုန်းကို တွေ့ရှိတာကြောင့် စစ်အုပ်စုက ဝင်ဖမ်းဆီးခဲ့တာလို့ နီးစပ်သူတချို့က ပြောပေမယ့် စစ်အုပ်စုကတော့ CCTV တွေကတဆင့် ခြေရာခံဖမ်းမိတာလို့ သတင်းဖြန့်ထားပါတယ်။

ဓာတ်ပုံ။/စစ်ကောင်စီ

အသတ်ခံရသူ ဆရာဝန်ဒေါက်တာ အောင်မြင့်မြတ်ထွန်း (ထိုင်နေသူ) နဲ့ လူသတ်မှုကျူးလွန်သူ ဆရာဝန်အောင်ဇင်ဖြိုး(ရပ်လျက်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မဲပေးခွင့်မဆုံးရှုံးစေဖို့ ကုလသမဂ္ဂမှာ NUG ငွေပေးသွင်းနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့အချိန်ကစပြီး ၂၀၂၅ခုနှစ်အထိ မဲပေးခွင့်မဆုံးရှုံးစေဖို့ ကုလသမဂ္ဂကို NUG က ငွေပေးသွင်းထားတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့
မြန်မာသတင်း

ပေါက်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၁၀)ဦးကျော်သေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 38 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

ဂိတ်ဖွင့်အခွန်ကောက်တာကစပြီး အကျင့်ပျက်ချစားမှုကြီးအဆင့်အထိ ရှိနေသေးတယ်လို့ NUG ဒုစစ်ဦးစီးအရာရှိချုပ်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 32 Views
တပ်မှူး‌ကြီးတွေအစည်းအဝေးမှာ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ပြီး ထိန်းကျောင်းဖို့ ဆန္ဒရှိကြတယ်လို့ဆို ဖေဖော်ဝါရီလ (၁၀)ရက်။ ဂိတ်ဖွင့် အခွန်ကောက်တာကစပြီး အကျင့်ပျက်ချူညးမှုကြီးအဆင့်အထိ ရှိနေဆဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုစစ်ဦးစီးအရာရှိချုက် ဒေါက်တာ စိုးသူရဇော်က တပ်မှူးကြီးများအစည်းအဝေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှုခိုင်မာဖို့ NUCC နဲ့ NUG ဒုတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 38 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဖေဖော်ဝါရီလ (၈)ရက်နေ့ ည (၇)နာရီအချိန်ကစပြီး NUCC နဲ့ NUG တို့ (၄)နာရီကျော်ကြာ ဒုတိယအကြိမ်မြောက် ဆွေးနွေးအဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးဦးဆောင်မှုခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး
မြန်မာသတင်း

မုံရွာရှိ နမခအနီး ကာကင်းစခန်း တိုက်ခိုက်ခံရပြီး (၂)ပွင့်ဗိုလ်တဦးအပါအဝင် (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက်ပိုင်းက မုံရွာရှိ နမခဌာနချုပ်အနီး ကာကင်းစခန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နမခနားမှာ အထိုင်ချတပ်စွဲထားတဲ့ ကာကင်းခန်းကနေ
မြန်မာသတင်း

တဖွဲ့ချင်း စကားပြောတဲ့ပုံစံမျိုး လက်မခံဘူးလို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ တဖွဲ့ချင်းနဲ့ စကားပြောတဲ့ပုံစံမျိုးကို လက်ခံမှာမဟုတ်ဘူးဆိုတာ ပြောပြထားပြီးဖြစ်တယ်လို့ (၆၅)နှစ်ပြည့် ကချင်တော်လှန်ရေးနေ့အခမ်းအနားမှာ KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ နေပြည်တော်အစိုးရကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ KIO တဖွဲ့ထဲနဲ့
မြန်မာသတင်း

မြိုင်နယ်ရှိ နယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ ရေစကြိုပကဖထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 57 Views
ဖေဖော်ဝါရီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီအချိန်က မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖထံက သိရပါတယ်။ “ လင်းကတောနယ်မြေရဲစခန်းက အသက် (၁၈)နှစ်အရွယ်ရှိတဲ့ ပြည်သူ့စစ်တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ ရေစကြိုပကဖကို ဆက်သွယ်ပြီး အလင်းဝင်လာတာ”
မြန်မာသတင်း

အာဏာရူးနဲ့ငြိမ်းချမ်းရေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 46 Views
ဒီအပတ် ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၃၃) ခေါင်းစဥ်ကတော့” အာဏာရူးနဲ့ငြိမ်းချမ်းရေး”ဖြစ်ပါတယ်။ ဒီနေ့ပြောမဲ့ အကြောင်းအရာ ကတော့ KNU ဥက္ကဋ္ဌစောကွယ်ထူးဝင်းကပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအား ကောင်းရေး လမ်းစဉ်ကို ချမှတ်ထားတယ်ဆိုခဲ့သလို၊ KIO ဥက္ကဋ္ဌ အင်ဘန်လှကလည်း ထိန်းချုပ်နယ်မြေတွေမှာ