နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဟူသီများက အစ္စရေးကို ပစ်မှတ်ထား တိုက်ခိုက်ပြီးနောက် နာရီအတန်အကြာတွင် အစ္စရေး စစ်တပ်က ယီမင်ကို တိုက်ခိုက်

ဒီဇင်ဘာလ (၂၁) ရက်။

အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့က အစ္စရေးအပေါ် နောက်ဆုံး တိုက်ခိုက်မှု အပြီး နာရီပိုင်းအကြာ ကြာသပတေးနေ့အစောပိုင်းတွင် ယီမင်ရှိ ဟူသီပစ်မှတ်များကို အစ္စရေးစစ်တပ်က အသေအပျောက်များသော တန်ပြန်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။

မြို့တော် စန်နာ (Sanaa) အနီးရှိ ဆိပ်ကမ်းနှင့် ရေနံစက်ရုံတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူကိုးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း ဟူသီမီဒီယာရုံး၏ လက်ထောက်အကြီးအကဲ နာဆာရူဒင် အာမာ (Nasruddin Amer) က X တွင် ရေးသားခဲ့သည်။ အစောပိုင်းတွင် ဟူသီသတင်းဌာနဖြစ်သည့် အယ် မာစီရာ့တီဗီ (Al-Masirah TV) က အစ္စရေး၏ တိုက်ခိုက်မှုများသည် မြို့တော်အနီးရှိ ဟေဇက် (Heyzaz) နှင့် ဒါ့ဘင် (Dhahban) ဓာတ်အားပေးစက်ရုံများ၊ ဟိုဒီဒါ့ (Hodeidah) ဆိပ်ကမ်းနှင့် ရာ့စ်အစ်အာ(Ras Isa) ရေနံစက်ရုံတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း‌ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများသည် ဟူသီဒုံးကျည်များနှင့် ဒရုန်း တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုအများစုကို လွန်ခဲ့သည့် နှစ်အတွင်းက ကြားဖြတ်ခြေမှုန်းနိုင်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

“အစ္စရေးရဲ့ လက်တံရှည်က မင်းတို့ဆီကို အရောက်လှမ်းနိုင်မှာပါ” ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ် (Israel Katz) က တိုက်ခိုက်မှုအပြီးတွင် ဟူသီခေါင်းဆောင်များအား သတိပေး ပြောကြားခဲ့သည်။ “အစ္စရေးနိုင်ငံကို ဆန့်ကျင်သူ မည်သူ့ကိုမဆို အစ္စရေးက လက်ကိုဖြတ်ပစ်မည်၊ ငါတို့ကို ထိခိုက်နာကျင်အောင်လုပ်သူအားလုံး ၇ ဆ ပြန်လည်ခံစားစေရမည်” ဟု ပြောကြားခဲ့သည်။

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့၏ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုအပြီးတွင် အစ္စရေးနှင့် ဟူသီသူပုန်များကြား တင်းမာမှုများ လအတန်ကြာတိုးလာနေပြီး ဂါဇာတွင် ဟားမတ်စ်အဖွဲ့အား အစ္စရေးက စစ်ပွဲဆင်နွှဲနေချိန် ကမ္ဘာ့ခေါင်းဆောင်များက ပိုမိုကျယ်ပြန့်သော အရှေ့အလယ်ပိုင်း ပဋိပက္ခ ဖြစ်နိုင်ချေကို သတိပေးထားသည်။

ယီမင်မှ ပစ်လွှတ်သော ဒုံးကျည်တစ်စင်းကို အစ္စရေးစစ်တပ်က ကြားဖြတ် ဟန့်တား ခဲ့ပြီးနောက် ကြာသပတေးနေ့ အစောပိုင်းတွင် အစ္စရေးနိုင်ငံ အလယ်ပိုင်းတွင် ဥသြသံများ ကြားခဲ့ရကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားခဲ့သည်။ ကျောင်းတစ်ကျောင်း ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း IDF မှ ပြောကြားခဲ့သည်။

ဟူသီသူပုန်များသည် တဲလ်အဗီးမြို့ ရှိ ပစ်မှတ်များကို ဒုံးကျည်နှစ်စင်းဖြင့် တိုက်ခိုက်မှုတွင် ၎င်းတို့၏ ရည်မှန်းချက်များ အောင်မြင်ခဲ့ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

ပါလက်စတိုင်း ၄၅,၀၀၀ ကျော် သေဆုံးခဲ့ရသည့် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ရေးစစ်ဆင်ရေးကို ဆန့်ကျင်ပြီး ဟူသီများသည် အစ္စရေး၊ သူ့၏မဟာမိတ်များနှင့်ဆက်စပ်သည့် ပင်လယ်နီအတွင်းရှိ ခုတ်မောင်းလာသည့်သင်္ဘောလိုင်းများကို တိုက်ခိုက်ခဲ့ပါသည်။ ယီမင်၏ လူဦးရေအများဆုံးဒေသများကို ထိန်းချုပ်ထားသည့် အဆိုပါအဖွဲ့သည် ပါလက်စတိုင်းနယ်မြေအတွင်း အပစ်အခတ်ရပ်စဲရေးမပြီးမချင်း အစ္စရေးနှင့် ၎င်း၏မဟာမိတ်များကို တိုက်ခိုက်မှုကို ရပ်တန့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဇူလိုင်လတွင် ဟူသီများသည် အစ္စရေး၏ စီးပွားရေးအချက်အချာကျသော တဲလ်အဗီးမြို့တွင် လူအသေအပျောက်များသော ဒရုန်းတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ယင်းအဖွဲ့၏ ပထမဆုံးသောတိုက်ခိုက်မှုလည်း ဖြစ်သည်။

အစ္စရေးက အသေအပျောက်များသော လေကြောင်းတိုက်ခိုက်မှုဖြင့် ယီမင်ဆိပ်ကမ်းကို ပထမဆုံးတိုက်ခိုက်မှုဖြစ်ပြီး အစ္စရေးတိုက်ခိုက်ခံရပြီး နောက်တစ်နေ့တွင် အစ္စရေးက ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

စက်တင်ဘာလတွင် ဟူသီတို့သည် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီး ယခုလအစောပိုင်းတွင် အစ္စရေးနိုင်ငံအလယ်ပိုင်းရှိ အဆောက်အအုံတစ်ခုကို ထိမှန်ခဲ့သည်။ ယင်းဒရုန်းတိုက်ခိုက်မှုကို ၎င်းတို့က ပပြုလုပ်ခဲ့ကြောင်း ဟူသီတို့က ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အစ္စရေး၏ အဓိကမဟာမိတ်ဖြစ်သော အမေရိကန်သည် ယီမင်ရှိ ဟူသီပစ်မှတ်များကို လွန်ခဲ့သည့်နှစ်အတွင်း အကြိမ်များစွာ ပစ်ခတ်ခဲ့ပြီး နိုဝင်ဘာတွင် ညပိုင်းအချိန်တွင် ဆက်တိုက် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက