ဒီဇင်ဘာလ (၂၃) ရက်။
ခွင့်ပြုချက် မရရှိဘဲ မင်းတပ်မြို့အတွင်းကို ဝင်ထွက် သွားလာခွင့် မပြုသေးဘူးလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat က ဒီကနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
တိုက်ပွဲမှာ ကျန်ရှိနေသေးတဲ့ မြေမြှပ်မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေရသလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် ပြည်သူတွေကို ဝင်ထွက်သွားလာခွင့် ကန့်သတ်ထားရတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်နိုင်မယ့် အချိန်ကို ပြန်လည်ထုတ်ပြန် ကြေညာ သွားမယ်လို့လည်း CDF-Mindat က ပြောဆိုထားပါတယ်။
ဓါတ်ပုံ။
မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး CDF – MINDAT စစ်ဦးစီးချုပ်ထန်ချွန်းဖေ (အလယ်) နှင့်အတူ တာဝန်ရှိသူများအား တွေ့ရစဉ်/CDF – MINDAT