နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြို့ပေါင်း (၉၀)ထက်မနည်း စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ခဲ့ပြီလို့ NUG ယာယီသမ္မတပြော

ဒီဇင်ဘာလ (၂၄)ရက်။

နိုင်ငံတဝန်းက မြို့ပေါင်း (၉၀)ထက်မနည်း စစ်ကောင်စီလက်အောက်က လွတ်မြောက်ခဲ့ပြီလို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့ ခရစ္စမတ်ဆုတောင်းစကားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုနှစ်ထဲ စစ်ကောင်စီရဲ့ ရှုံးနိမ့်တာ၊ ပြိုလဲတာတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီဖြစ်ကာ အခုတစ်ကြိမ်မှာ တော်လှန်ရေးယုံကြည်ချက်နဲ့ တိုက်ပွဲဝင်တာကြောင့် စစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ် (၂)ခု ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

သမိုင်းတလျှောက် စစ်တပ်ရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုအနေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ကျဆုံးခဲ့ပြီဖြစ်ကာ မကြာခင် နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ကျ‌ဆုံးတော့မယ့်အခြေအနေကို ရောက်ရှိနေပြီလို့ ပြောဆိုထားပါတယ်။

နောက်ပြီး ကမ္ဘာတဝန်းမှာ ပျော်ရွှင်စရာ ခရစ္စမတ်ရက်ကို ရောက်ရှိတော့မှာဖြစ်ပေမယ့် စစ်ရှုံးစစ်ကောင်စီကြောင့် မလုံခြုံတာ၊ စိုးထိတ်ကြောက်လန့်တာတွေနဲ့ နေရပ်စွန့်ခွာပြီး ခရစ္စမတ်အချိန်အခါကို ဖြတ်သန်းနေရတယ်လို့ ယာယီသမ္မတက ထည့်သွင်းပြောဆိုထားပါတယ်။

ဒီ့အတွက် တော်လှန်ရေးတိုက်ပွဲဝင်နေတဲ ရဲဘော်ရဲဘက် တယောက်ချင်းစီကို အလေးအမြတ်ပြုသလို ချစ်မြတ်နိုးရတဲ့ ပြည်သူလူထုအပေါင်း ကြွုတွေ့နေရတဲ့ ဘေးဒုက္ခတွေအပေါ် အင်မတန် စိတ်ထိခိုက်ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာကြီးနဲ့ထပ်တူ ခရစ္စမတ်အချိန်အခါကို ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ နွေးထွေးလုံခြုံမှုအပြည့်နဲ့ ဖြတ်သန်းခွင့်ရထိုက်တာကြောင့် တော်လှန်ရေးပန်းတိုင်ကို အောင်မြင်အောင် မလျှော့တဲ့ ဇွဲလုံ့လနဲ့ အားစိုက်ကြိုးစားဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မံစီရှိ စစ်ကောင်စီရဲ့ ခမရ(၆၀၁)တပ်စခန်းကို တေ်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့၊ စစ်ကောင်စီဗျူဟာမှူးအဆင့်ရှိသူတစ်ဦး ဖမ်းမိခဲ့တယ်လို့ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၅)ရက်။ ဒီကနေ့ မံစီမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခမရ(၆၀၁)တပ်စခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ယောဒေသလွတ်မြောက်ဖို့ စစ်ရေးအရှိန် တိုးမြှင့်သွားမယ်လို့ ယောတပ်တော်(YA)ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 3 Views
ဒီဇင်ဘာလ (၂၅)ရက်။ ယောဒေသလွတ်မြောက်ဖို့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ စစ်ရေးအရှိန်တိုးမြှင့်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ယောတပ်တော်(YA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ YA
မြန်မာသတင်း

“ ဟောင်စု” ပရုတ်ဆီကြော်ငြာရိုက်ကူးတဲ့ ဖြူဖြူထွေးကို မြို့ပြပြောက်ကျားအဖွဲ့ သတိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 3 Views
ဒီဇင်ဘာလ (၂၅)ရက်။ “ ဟောင်စု” ပရုတ်ဆီကြော်ညာ ရိုက်ကူးကြော်ညာပေးခဲ့တဲ့ cele တစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးကို မြို့ပြပြောက်ကျားအဖွဲ့ဖြစ်တဲ့ Black Hero UG PDF က မနေ့က သတိပေးစာထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ဒီ‌ဇင်ဘာလ (၂၃)ရက်နေ့က
မြန်မာသတင်း

ကျုံပျော်မှာ စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးဖို့ ပြင်ဆင်နေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၅)ရက်။ ဧရာဝတီတိုင်း ကျုံပျော်ခရိုင်ရှိ မြို့နယ်တွေက ဌာနဆိုင်ရာတွေမှာ စစ်ကောင်စီက စစ်သင်တန်းပေးပြီး လက်နက်ငယ်တွေတပ်ဆင်ပေးဖို့ ပြင်ဆင်နေတယ်လို့ သတင်းအထူးတပ်ဖွဲ့(ပုသိမ်)ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မြို့နယ်တွေမှာရှိတဲ့ ဌာနတွေကို စကစက ဌာနတစ်ခုကို ဝန်ထမ်း(၅)ဦး စာရင်းတောင်းပြီး
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်တပြည်လုံး လွတ်မြောက်တော့မယ့်အောင်ပွဲအတွက် တော်လှန်ရေးအင်အားစုတွေက AA ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၅)ရက်။ AA အနေနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်တပြည်လုံး လွတ်မြောက်တော့မယ့် အောင်ပွဲအတွက် PNLO၊ PNFC၊ NMSP-AD နဲ့ MSFC တို့က ဒီကနေ့မှာ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာရှင်စနစ်အောက်ကနေ
မြန်မာသတင်း

နွေဦးတော်လှန်ရေးက အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရုံနဲ့ ရပ်တန့်မှာမဟုတ်ဘူးလို့ NUG နဲ့ NUCC ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 7 Views
ဒီဇင်ဘာလ (၂၅)ရက်။ နွေဦးတော်လှန်ရေးဟာ စစ်အုပ်စုရဲ့ အဖွဲ့တစ်ခုခုက အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်လိုက်ရုံနဲ့ ရပ်တန့်မှာမဟုတ်ဘူးလို့ NUG နဲ့ NUCC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ ပြည်သူကို လက်နက်နဲ့ခြိမ်ူခြောက်ပြီး အဓမ္မမဲထည့်ခိုင်းမယ့်
မြန်မာသတင်း

စစ်ကောင်စီက ဘာသာရေးဆိုင်ရာ အဆောက်အအုံ (၃၀၀)ကျော်ကို ဖျက်ဆီးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၅)ရက်။ အာဏာသိမ်း (၃)နှစ်ကျော်ကာလထဲ ဘာသာရေးဆိုင်ရာ အဆောက်အအုံ (၃၀၀)ကျော်ကို စစ်ကောင်စီ ဖျက်ဆီးခဲ့တယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ မနေ့က သတင်းစကားအစီအစဉ်မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီဟာ အကြောက်တရား
မြန်မာသတင်း

အုတ်ဖိုမြို့က ဈေးဆိုင်တွေမှာ စစ်တပ်ထုတ်ကုန် ရောင်းချတာတွေကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ စစ်ဆေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၅)ရက်။ ဒီဇင်ဘာလ (၂၀)ရက်နေ့က အုတ်ဖိုမြို့နယ်ထဲရှိ ဈေးဆိုင်တွေမှာ စစ်တပ်ထုတ်ကုန် ရောင်းချတာတွေကို ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အုတ်ဖိုမြို့နယ်ထဲရှိ ဈေးဆိုင်တွေကို ရှာဖွေခဲ့ရာ အကြမ်းဖက်စစ်တပ်ထုတ် အရက်၊ ဘီယာတွေ တွေ့ရှိရပြီး အရေးယူဖျက်ဆီးခဲ့တယ်လို့