အာဏာသိမ်း စစ်ကောင်စီရဲ့ မတရား ဖမ်းဆီး ခံခဲ့ရပြီး မကြာခင်က ပြန် လွတ်လာတဲ့ စီးပွားရေး ပညာရှင် မစ္စတာရှောင်တာနယ် နှင့် သူ့ ဇနီးတို့ ဟာ ဆစ်ဒနီက ရန်ပုံ ငွေ ဈေးရောင်းပွဲကို လာရောက် အားပေးခဲ့ ကြကြောင်းသိရသည်။
ရန်ပုံငွေ ပွဲကို လာရောက် အားပေးတဲ့ ၎င်းတို့ နှစ်ဦးကို သြစတြေးလျရောက် မြန်မာများနှင့် ၎င်းတို့ရဲ့ မြန်မာမိတ်ဆွေတွေက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြတာကို တွေ့မြင်ရပါတယ်။
သြစတြေးလျရောက် ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ မြန်မာတွေစုပေါင်းပြီး ဒီဇင်ဘာ (၂)ရက် မနက်ပိုင်းက ဆစ်ဒနီ မြို့မှာ ချင်းပြည်နယ်အတွက် ရန်ပုံငွေရှာဖွေပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။