နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

တောင်သာမြို့ ဇရပ်ကြီးရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့ (၂)ကြိမ်တိုက်ခိုက်၊ အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

ဒီဇင်ဘာလ (၂၆)ရက်။

မနေ့က နေ့လယ် (၁၂)နာရီခန့်က တောင်သာမြို့နယ် ဇရပ်ကြီးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူထုလှုပ်ရှားမှုကော်မတီထွက သိရပါတယ်။

“ ဇရပ်ကြီးရွာစာသင်ကျောင်းကို နေ့လယ် (၁၂)ခန့်မှာ လေကြောင်းကနေ တစ်ကြိမ်နဲ့ (၂)နာရီလောက်မှာ လေထီးအင်ဂျင်တပ်နဲ့ တစ်ကြိမ် ဗုံးချတိုက်ခိုက်တာ၊ အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဇရပ်ကြီးရွာစာသင်ကျောင်းကို နေ့လယ် (၁၂)နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့တစ်ကြိမ်၊ နေ့လယ် (၂)နာရီခန့်မှာ လေထီးအင်ဂျင်တပ်နဲ့ တစ်ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ကာ အရပ်သား (၂)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တာပါ။

အခုအခါ အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်တာကို ပုံစံအမျိုးမျိုးနဲ့ အသုံးပြုလာနေတဲ့အတွက် ပြည်သူတွေ ဂရုစိုက်နေထိုင်ကြဖို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက အသိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်နဲ့ ကကထုတ် လေထီးတပ်စက်တွေနဲ့ တောင်သာမြို့မှာ စတင်တိုက်ခိုက်လာကာ ဗုံးလာချတဲ့ လေထီးတွေဟာ မလှိုင်မြို့တစ်နေရာမှာ ဆင်းသက်သွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လေယာဉ်ဆီ ပြတ်လပ်တာကြောင့် အခုလို လေထီးတပ်စက်တွေ ပိုမိုအသုံးပြုလာနိုင်တဲ့အတွက် အဲ့ဒီလေထီးတွေ လာရာအရပ်ဒေသကနေ အချင်းချင်း အသိပေး သတင်းပေးကြဖို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီကို အရေးယူပေးဖို့ NLD တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 5 Views
မေလ (၁၅)ရက်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီရဲ့ ပြည်သူတွေကို ပစ်မှတ်ထားကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာကို အရေးယူပေးဖို့ NLD က ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်း သိမ်းပိုက်ရရှိခဲ့တာကို KNU အတည်ပြုထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 3 Views
မေလ (၁၅)ရက်။ မေလ (၁၃)ရက်နေ့က ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် KNU က ဒီကနေ့မှာ
မြန်မာသတင်း

မြိုင်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခလရ(၂၅၄)တပ် တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 3 Views
မေလ (၁၅)ရက်။ အခုလဆန်းပိုင်းက မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခလရ(၂၅၄)တပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မေလ(၁)ရက်နေ့က မြိုင်ကို စစ်ကြောင်းထိုးလာတဲ့ စကစရဲ့ တပ်မ(၁၀၁)က ခလရ(၂၅၄)တပ်ရင်းစစ်ကြောင်းကို လိုက်လံချေမှုန်းခဲ့တာ။
မြန်မာသတင်း

အခုလ (၂)ပတ်ထဲ စစ်အုပ်စုကြောင့် သေဆုံးသူ (၆၇)ဦးအထိရှိခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 21 Views
မေလ (၁၄)ရက်။ မေလ (၁)ရက်နေ့ကစပြီး (၁၄)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူ (၆၇)ဦးအထိ ရှိခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုကြောင့် သေဆုံးသူတွေဟာ အမျိုးသား (၂၉)ဦးနဲ့ အမျိုးသမီး (၃၈)ဦးဖြစ်ကာ
မြန်မာသတင်း

အိုးတိန်တွင်းရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ သေဆုံးကလေးငယ်ဦးရေ ထပ်တိုး

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 18 Views
မေလ (၁၄)ရက်။ ဒီပဲယင်းနယ် အိုးတိန်တွင်းရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ဒဏ်ရာရတဲ့ ကလေးငယ်တွေထဲက သေဆုံးသူဦးရေ ထပ်တိုးလာခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သေဆုံးဦးရေ ထပ်တိုးတာက ဒဏ်ရာရတဲ့ ကလေးတွေထဲက (၈)နှစ်အရွယ် G-2
မြန်မာသတင်း

စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 20 Views
မေလ (၁၄)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် ဘားအံခရိုင်ရှိ စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီစစ်ကောင်စီဗျူဟာစခန်းဟာ ဘားအံခရိုင် ပိုင်ကျုံမြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီး တည်ရှိပြီး စစ်ကောင်စီရဲ့
မြန်မာသတင်း

(၂)နှစ်ကျော်ကာလထဲ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၆၀၀)ကျော်အထိရှိခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 21 Views
မေလ (၁၄)ရက်။ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁)ရက်ကနေ အခုနှစ် မေလ (၁၂)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၆၇၉)ကြိမ်အထိ ရှိခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ ယာယီအပစ်အခတ်ရပ်စဲရေးကို
မြန်မာသတင်း

ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ပြောတာတွေအပေါ် စစ်ကောင်စီနဲ့ခိုင်းနှိုင်းတဲ့ ဒေါက်တာတူးခေါင်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 31 Views
မေလ (၁၃)ရက်။ ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ ပြောဆိုနေတာတွေအပေါ် NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စစ်ကောင်စီနဲ့ခိုင်းနှိုင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စကစ လေယဉ် ဗုံးကြဲ လူသတ်တိုင်း NUG က မကာကွယ်ပေးလို့ဆိုတဲ့