နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာမြို့မရဲစခန်းအချုပ်မှာ ဆေးရုံတက်ခွင့်မရ‌တာကြောင့် LGBT တစ်ဦးဖြစ်တဲ့ နိုင်/ကျဉ်းတစ်ဦး သေဆုံး

ဒီဇင်ဘာလ (၂၆)ရက်။

မနေ့က မုံရွာမြို့မရဲစခန်းအချုပ်မှာ LGBT တစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ဘုံဘုံဟာ ရောဂါပြင်းထန်စွာ ခံစားခဲ့ရပေမယ့် ဆေးရုံတက်ကုသခွင့်မရတာကြောင့် သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ သူက နိုဝင်ဘာလ ဒုတိယပတ်ကစပြီး ကျောက်ကပ်ရောဂါကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတာ။ ဒါကို ဆေးကုသခွင့်ရဖို့ မြို့မရဲစခန်းကို တင်ပြခဲ့ပေမယ့် ရဲစခန်းက တာဝန်ရှိသူတွေက ဆေးရုံပို့ကုသတာမလုပ်ပေးဘဲ အချုပ်ခန်းထဲမှာပဲ ဆေးလိုင်းချိတ်ပြီး ထပ်ချုပ်ထားတာ။ အဲ့ဒါကြောင့် အခုလ ဒုတိယအပတ်ကစပြီး လမ်းမလျှောက်နိုင် အစားမစားနိုင်ဘဲ ကျန်းမာရေးပိုဆိုးပြီး ကျဆုံးသွားခဲ့တာ” လို့ ဆိုပါတယ်။

ကျောက်ကပ်ရောဂါအပါအဝင် အတွင်းအကြောတက်တဲ့ဝေဒနာကို ခံစားခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ဘုံဘုံအနေနဲ့ ဆေးရုံတက်ကုသနိုင်ဖို့ မြို့မရဲစခန်းကို တင်ပြခဲ့ပေမယ့် ခွင့်မပြုခဲ့ဘဲ အချုပ်ခန်းထဲ ဆေးလိုင်းချိတ်ကုသပေးတာသာ ယာယီပြုလုပ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် နိုင်ငံရေးအကျဉ်းသား ဘုံဘုံဟာ ဒီဇင်ဘာလ ဒုတိယအပတ်ကစပြီး လမ်းကောင်းစွာ မလျှောက်နိုင်တော့တဲ့အပြင် အစာမာတွေကိုလဲ မစားသောက်နိုင်တော့ဘဲ ကျန်းမာရေး ပိုမိုဆိုးရွားလာပြီး ကျဆုံးခဲ့တာလို့ ရေးသားထားပါတယ်။

ဘုံဘုံကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ (၂၄)ရက်မှာ မုံရွာမြို့ အောင်ဇေယျရပ်ကွက် အိုးရှင်းစင်တာအနီး ဖမ်းဆီးခဲ့ကာ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က)နဲ့ ၅၂(ခ)တို့နဲ့ ဒီဇင်ဘာလ (၂၃)ရက်နေ့မှာ ထောင်ဒဏ်(၁၀)နှစ် ချမှတ်ခံခဲ့ရတာပါ။

ဘုံဘုံဟာ ဖမ်းဆီးမခံရချိန်က PPNM အဖွဲ့ဝင်အနေနဲ့ နိုင်ငံရေးအကျဉ်းသူတွေအရေးကို လုပ်ကိုင်ခဲ့သူဖြစ်တာကြောင့် နှမြောဝမ်းနည်းခြင်းများစွာနဲ့ ဦးညွှတ်အလေးပြုတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 25 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 25 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်အုပ်စုဖန်တီးမယ့် ဘယ်လိုနိုင်ငံရေးအစီအမံကိုမှ အသိအမှတ်မပြုဖို့ ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 23 Views
မတ်လ (၁၆)ရက်။ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းကနေ အချက် (၁၀)ချက်ကို အတည်ပြုကြေညာခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအချက်တွေထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ဖန်တီးမယ့် တရားမဝင်လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဘယ်လို
မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 134 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ “ အခုဆိုရင် လွှတ်တော်အမတ်မင်းတွေက အခြေအနေအရ နေရာဒေသအသီးသီးမှာ ရှိနေကြရတာကို
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 20 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်သဘာပတိအနေနဲ့ နန္ဒကျော်စွာက တာဝန်ယူပြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကို ရွေးချယ်ခန့်အပ်ကြပါတယ်။ အဲ့ဒီလို ရွေးချယ်တာမှာ
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 33 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 23 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်
မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 42 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ “ စစ်ကိုင်းက