နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ ခရီးစဉ်အချို့ ဖျက်သိမ်းရပြီး ခရီးစဉ်အချို့ နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့

ဒီဇင်ဘာလ (၂၆) ရက်။

ယနေ့ ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ဂျပန်လေကြောင်းလိုင်း (JAL) သည် ခရီးသည်တင်အိတ်များကို လက်ခံသည့်ကွန်ပျူတာစနစ်တွင် ချို့ယွင်းချက်တစ်ခု ကြုံတွေ့ခဲ့ရပြီး ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ်များတွင် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ လက်ရှိအချိန်တွင် ကွန်ပျူတာစနစ်ကို ပြန်လည်ထိန်းသိမ်းထားနိုင်သော်လည်း ဆိုက်ဘာတိုက်ခိုက်မှုဟု သံသယရှိပြီး ယင်းကိစ္စကို ကုမ္ပဏီက အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

ခရီးစဉ် ၄ ခု ဖျက်သိမ်းခဲ့ရပြီး ခရီးစဉ် ၇၁ ခု နှောင့်နှေးခဲ့ရ

+++++++++++++++++++++++++++++++

ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင် ကွန်ရက်ပြဿနာများစတင်ဖြစ်ပွားခဲ့သည်ဟု JAL က လူမှုကွန်ရက်စာမျက်နှာ X တွင် ပြောကြားခဲ့သည်။ သို့သော်လည်း ချို့ယွင်းမှုဖြစ်ရသည့် အကြောင်းရင်းကို နံနက် ၈း၅၆ နာရီတွင် ဖော်ထုတ်ဖြေရှင်းနိုင်ခဲ့သည်ဟု ပြောဆိုခဲ့သည်။

စနစ်ကို ချို့ယွင်းစေသော router တစ်ခုကို ယာယီပိတ်လိုက်ရပြီး ဒီဇင်ဘာလ ၂၆ ရက်‌နေ့တွင် ထွက်ခွာမည့် ခရီးစဉ်များအတွက် လက်မှတ်ရောင်းချမှုကို ဆိုင်းငံ့ထားကြောင်းလည်း ကုမ္ပဏီက ပြောဆိုသည်။

ဂျပန်လေကြောင်းလိုင်း၏ အဆိုအရ ကုမ္ပဏီ၏ ပြင်ပနှင့် ဒေတာအချက်အလက်များ ပေးပို့ရာတွင် အသုံးပြုသည့် Net Work စက်စ္စည်းများတွင် အချက်အလက် ပေးပို့မှုပမာဏ ရုတ်တရက် မြင့်တက်လာပြီး ၂၆ ရက်နေ့ နံနက် ၇ နာရီ ၂၄ မိနစ်တွင် ခရီးသည်အိတ်များကို လက်ခံစစ်ဆေးသည့် စနစ်တွင် ပြဿနာတစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းပြဿနကြောင့် ဟာနေဒါနှင့် ဒေသတွင်း ချိတ်ဆက်ထားသော ပြည်တွင်းလေကြောင်းခရီးစဉ် (၄) ခုကို ဖျက်သိမ်းခဲ့ပြီး စုစုပေါင်း ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးစဉ် စုစုပေါင်း ၇၁ ခုကို ရွှေ့ဆိုင်းခဲ့ရသည်။ မိနစ် ၃၀ မှာ လေးနာရီကျော်အထိ ကြန့်ကြာခဲ့ရသည်။

ကုမ္ပဏီသည် အချက်အလက်ပို့ဆောင်ရာတွင် ရုတ်တရက် ပမာဏတိုးလာသော စက်ပစ္စည်းများကို စနစ်မှာ ချိတ်ဆက်မှုဖြတ်တောက်ခြင်းစသည့် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပြီး ရလဒ်အနေဖြင့် ခြောက်နာရီခန့်အကြာတွင် နေ့လည် ၁ နာ မိနစ် ၂၀ တွင် စနစ်ကို ပြန်လည်ထိန်းသိမ်းပြီး အသုံးပြုလာနိုင်ခဲ့သည်။ ပြန်လည်ရရှိခဲ့သည်။ လေယာဉ်လက်မှတ်များ ရောင်းချမှုကိုလည်း ပြန်လည်ပြုလုပ်နိုင်ခဲ့သည်။

ယခုအချိန်အထိ ခရီးသည်များ၏ အချက်အလက်များ ပေါက်ကြားခြင်း သို့မဟုတ် ဗိုင်းရပ်စ်ကြောင့် ပျက်စီးခြင်း မရှိသေးဟု သိရှိရသည်။

ဂျပန်လေကြောင်းလိုင်းသည် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ရှီမာနဲစီရင်စု၊ အီဇူမိုလေဆိပ်နှင့် ဟာနေဒါအကြား လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

အခြားလေကြောင်းခရီးစဉ်များကို ပုံမှန်အတိုင်း လည်ပတ်ရန် စီစဉ်ထားသည်။

ဂျပန်လေကြောင်းလိုင်းက ” ကျွန်ုပ်တို့၏ ခရီးသည်များနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများအတွက် အဆင်မပြေမှုများအတွက် အလေးအနက် တောင်းပန်အပ်ပါသည်။” ဟု မှက်ချက်ပေးခဲ့သည်။

DDoS တိုက်ခိုက်မှုလား

+++++++++++++

စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ပတ်သက်သူများ၏ ပြောကြားချက်အရ မြို့တော်ရဲဌာနသည် ဆိုက်ဘာတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဂျပန်လေကြောင်းလိုင်းထံမှ ဆွေးနွေးမှုကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

အချက်အလက်အမြောက်အမြားပေးပို့ပြီး Site ကို ဖြိုဖျက်သည့် “ DDoS တိုက်ခိုက်မှု” ဖြစ်နိုင်ခြေရှိသဖြင့် ရဲဌာနသည် အသေးစိတ်အခြေအနေများကို အတည်ပြုနေပါသည်။

ကျွမ်းကျင်သူပညာရှင်များက “နှစ်သစ်ကူးအားလပ်ရက်များသည် တိုက်ခိုက်သူများအတွက် အဆင်ပြေသော အခြေအနေဖြစ်သောကြောင့် သတိထားရန်” နှိုးဆော်ထားသည်။

ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ အိုဆာကာတက္ကသိုလ်မှ ပရော်ဖက်ဆာ အာဆုအို အီနိုမာတာ (Atsuo Inomata) က “ကျွန်တော်တို့ နေ့စဥ်အသုံးပြုနေတဲ့ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံစနစ်တွေကို အကြီးစားပိတ်ပစ်ခဲ့ရတာမျိုး မရှိသေးပါဘူး။ ဆိုက်ဘာတိုက်ခိုက်မှုမှာ ကွန်ပျူတာစနစ်ကို အချိန် အနည်းငယ်အတွင်း ပြန်လည်ရယူထားလိုက်နိုင်တယ်ဆိုတဲ့အချက်က အရန်စနစ်ကို အောင်မြင်စွာ ကူးပြောင်းခဲ့တယ်လို့ မြင်ပါတယ်။ သင့်လျော်တဲ့ တုံ့ပြန်မှုတစ်ခုဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။” ဟု မှတ်ချက်ပေးခဲ့သည်။

ဤတိုက်ခိုက်မှုနှင့်ပတ်သက်၍ “ဒေတာအချက်အလက်တွေကို အမြောက်အများ ပို့တာမျိုး ဖြစ်လာရင် ပြဿနာတစ်စုံတစ်ရာမဖြစ်စေရန်အတွက် စနစ်မတွေကို တည်ဆောက်ထားပေမယ့် အခု ဖြစ်ပေါ်လာတဲ့ ဒေတာပမာဏက မျှော်လင့်ထားတာထက် အရမ်းများနေပုံရတယ်။ ပုံမှန် DDoS တိုက်ခိုက်မှုဟာ ဝက်(ဘ)ဆိုဒ် ကို ဝင်ကြည့်လို့မရအောင် တိုက်ခိုက်တာမျိုးက အများစုဖြစ်ပေမယ့် အခုဖြစ်တာက ဝက်(ဘ)ဆိုဒ် မဟုတ်ဘယ် ကုမ္ပဏီအတွင်းအပြင်ဆက်တဲ့ ဆက်သွယ်ရေးစနစ်ကို တိုက်ခိုက်တာကြောင့် သာမန်တိုက်ခိုက်မှုနဲ့တော့ ကွဲပြားပါတယ်” လို့ ၎င်းက ဆက်လက်ပြောခဲ့ပါသည်။

ထို့အပြင် နှစ်ကုန်ပိုင်းနှင့် နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ဝန်ထမ်းများ နည်းပါးလာသောအခါ ” နှစ်ကုန်ပိုင်းတွင် လေယာဉ်နှင့် မီးရထားများကို ပိုမိုအသုံးပြုလာသည့်အတွက် ကုမ္ပဏီများက ၎င်းတို့၏အစီအမံများကို စိတ်ချရအောင် စီစဉ်ထားမည်ဟု မျှော်လင့်ရသော်လည်း နှစ်သစ်ကူးအားလပ်ရက်များသည် တိုက်ခိုက်သူများအတွက် အလွန်အဆင်ပြေသော အခြေအနေကို ဖန်တီးပေး သောကြောင့် အားလပ်ရက်များနှင့် အားလပ်ရက်များအပြီးတွင် သတိထားရန် လိုအပ်ကြောင်း နှိုးဆော်ထားသည်။

ထို့အပြင် လုံခြုံရေးကုမ္ပဏီ အများအပြား၏အဆိုအရ၊ အချို့သောဟက်ကာအဖွဲ့များသည် ဆိုက်ဘာတိုက်ခိုက်မှုကို လုပ်ဆောင်ပြီးနောက်တွင် နိုင်ငံရေးအရ တောင်းဆိုမှုများ သို့မဟုတ် ငွေကြေးတောင်းဆိုမှုများကို အင်တာနက်ပေါ်တွင် ကြေညာာတတ်သော်လည်း ဤတိုက်ခိုက်မှုနှင့် ပတ်သက်ခ၍ ယင်းတောင်းဆိုမှုများကို အတည်မပြုနိုင်သေးပါ။

သတင်းရင်းမြစ်။ NHK and Japan Media များ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

တရုတ်နှင့် ဂျပန်တို့သည် ယဉ်ကျေးမှုဖလှယ်ခြင်းဆိုင်ရာ သဘောတူညီချက် ၁၀ ချက်ကို ရရှိခဲ့ဟုဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၆) ရက်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကေရှိ အီဝါရာတို့သည် ဒုတိယ အကြိမ် တရုတ်နှင့် ဂျပန်ကြား ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ
နိုင်ငံတကာသတင်း အာရှ ဥရောပ

အဇာဘိုင်ဂျန်မှ ရုရှားသို့ ပျံသန်းသည့် အဇာဘိုင်ဂျန်လေယာဉ် ကာဇက်စတန်တွင် ပျက်ကျ ၂၈ ဦး အသက်ရှင်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 12 Views
ဒီဇင်ဘာလ (၂၅) ရက်။ အဇာဘိုင်ဂျန်မှ ရုရှားသို့ ပျံသန်းနေသည့် အဇာဘိုင်ဂျန်လေကြောင်းလိုင်း Embraer လေယာဉ်တစ်စီး ဒီဇင်ဘာ ၂၅ရက်နေ့က ကာဇက်စတန်နိုင်ငံ
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

ရခိုင်ပဋိပက္ခအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှု မဟုတ်ဟုဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 22 Views
ဒီဇင်ဘာလ (၂၄) ရက်။ နိုင်ငံခြားရေးဝန်ကြီး အမ်ဒီတောဟစ်ဟိုစိန် (Md Touhid Hossain) သည် ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပသော အလွတ်သဘောဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသို့ ဤသဝဏ်လွှာကို ပေးပို့ခဲ့သည်။ တွေ့ဆုံစဉ်အတွင်း ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းခြင်း မရှိဘဲ
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံတွင်မွေးဖွားပါက နိုင်ငံသားဖြစ်ခွင့်ပေးခြင်းကို အဆုံးသတ်ရန် ထရန့်အဖွဲ့ စီစဥ်ဆောက်ရွက်လျက်ရှိ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 22 Views
ဒီဇင်ဘာလ (၂၃) ရက်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏အဖွဲ့သည် နိုင်ငံတွင်း မွေးဖွားပါက နိုင်ငံသားဖြစ်ခွင့်ပေးခြင်းကို အဆုံးသတ်ရန် ကတိကဝတ် ပြုထားသည့်အတိုင်း ရွေးစရာ အများအပြားကို အကဲဖြတ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းကို ရင်းနှီးသော သတင်းရင်းမြစ်နှစ်ခုအရ သိရှိရသည်။ တရားရုံးချုပ်သည်
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏သမီး အီဗန်ကာထရန့် နိုင်ငံရေးတွင် မပါတော့ဟုဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 24 Views
+++++++++++++++++++++++++++++++++++++ “ကျမ နိုင်ငံရေးလောကကို ပြန်ဝင်ဖို့ ရည်ရွယ်ချက် မရှိဘူး” ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏သမီးအကြီးဆုံး အီဗန်ကာထရန့်သည် အရွယ်ရောက်ပြီး ကတည်းက သူမ၏ဖခင်အတွက် သူမဘဝတစ်လျှောက်လုံး အလုပ်လုပ်ခဲ့သည်။ အီဗန်ကာသည် အိမ်ခြံမြေသူဌေးဖြစ်ခဲ့စဉ်က ထရန့်၏နောက်ဆောက်မည့်ဟိုတယ်ကို ဒီဇိုင်းဆွဲခဲ့သည်။ ထရန့်သည် ရုပ်မြင်သံကြားဌာန၏
နိုင်ငံတကာသတင်း အမေရိကန်

ငွေချေးပြီး ကျောင်းတက်သူ ကျောင်းသား ၅၅,၀၀၀ အတွက် ကျောင်းသားချေးငွေကို လျှော်ပေးသည့် သက်သာခွင့်ဒေါ်လာ ၄.၂၈ ဘီလီယံကို ဘိုင်ဒင် ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 23 Views
ဒီဇင်ဘာလ (၂၃) ရက်။ သောကြာနေ့က ကြေငြာချက်တွင် ဘိုင်ဒင်သည် လျှော်ပေးသည့် စုစုပေါင်း ချေးငွေ ဒေါ်လာ ၁၈၀ ဘီလီယံအထိ ရှိလာခဲ့သည်။ အစိုးရဌာနများတွင် ၀န်ဆောင်မှုပေးနေသည့် ဝန်ထမ်း ၅၅၀၀၀ နီးပါးအတွက် ကျောင်းသားချေးငွေ သက်သာခွင့်
နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား-ယူကရိန်းစစ်ပွဲ

မြောက်ကိုးရီးယားစစ်သား ရုပ်အလောင်းမှ မှတ်ပုံတင်ကတ်အတုကို ယူကရိန်း သိမ်းဆည်းရမိခဲ့ကြောင်း ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 21 Views
ဒီဇင်ဘာလ (၂၃) ရက်။ ရုရှားဘက်က ဝင်ရောက်တိုက်ခိုက်နေသော မြောက်ကိုရီးယားစစ်သားများကို ရုရှားအမည်များနှင့် မွေးရပ်မြေများပါသည့် မှတ်ပုံတင်ကတ်အတုများ ပေးအပ်ခဲ့ကြောင်း ဒီဇင်ဘာလ (၂၂) ရက်တွင် ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။ ယူကရိန်းအစိုးရကမူ ရုရှားသည် စစ်မြေပြင်တွင် နိုင်ငံခြားစစ်သည်များ ရှိနေခြင်းကို
နိုင်ငံတကာသတင်း အမေရိကန်

ပနားမားတူးမြောင်းကို မကျေနပ်ဘဲ ဖြတ်သန်းခကို “မမျှတ” ဟုဆိုကာ ပြန်ပေးရန် ထရမ့်တောင်းဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 22 Views
ဒီဇင်ဘာလ (၂၃) ရက်။ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် အရီဇိုးနားပြည်နယ် အနောက်ပိုင်းရှိ ရှေးရိုးစွဲအုပ်စုများစုဝေးပွဲတွင် ပနားမားတူးမြောင်းနှင့်ပတ်သက်ပြီး ပစိဖိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကြားတွင် အဓိက ဖြတ်သန်းသွားလာနေသော အမေရိကန်စစ်သင်္ဘောများနှင့် အရပ်သားသင်္ဘောများ၏ ဖြတ်သန်းခနှုန်းထားများက