နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာမှာ လူသတ်ဓါးပြတိုက်တဲ့ တရားခံတွေကို (၁၂)နာရီအတွင်း ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပလဖထုတ်ပြန်

ဒီဇင်ဘာလ (၂၇)ရက်။

မုံရွာမြို့မှာ လူသတ်ဓါးပြတိုက်မှုကျူးလွန်တဲ့ တရားခံတွေကို (၁၂)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မနေ့က နံနက်ပိုင်းက မုံရွာမြို့နယ်မှာ လူသတ်ဓါးပြတိုက်ပြီး ကားလုပြေးတဲ့ တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ မြို့နယ်ပလဖတာဝန်ခံ ကိုအားကူးဦးဆောင်ပြီး ရဲဘော်တွေနဲ့အတူ ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ တရားခံတွေရဲ့ ဓါတ်ပုံတွေအပါအဝင် နောက်ဆက်တွဲအရေးယူတာတွေနဲ့ သက်သေထွက်ဆိုချက်တွေကို မုံရွာမြို့နယ်ပလဖရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ တရားဝင်ထုတ်ပြန်သွားမယ်လို့ အသိပေးထားပါတယ်။

တရားခံတွေ လုယူမောင်းပြေးသွားတဲ့ကားကို သတင်းပေးပို့ချက်တွေအရ မုံရွာမြို့နယ် အက်တောရပ်ကွက် ကန်သာဘုန်းကြီးကျောင်းရဲ့ အရှေ့ဘက် ကွန်ကရစ်လမ်းပေါ်မှာ ပြန်လည်တွေ့ရှိခဲ့တာပါ။

လုယူခံရတဲ့ကားကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အိမ်စီးကားတွေရှိနေသလို ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ကားယူဖို့ အခွင့်မသာခဲ့ဘဲ ထားခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

မနေ့က မုံရွာမြို့ပေါ် သလ္လာရပ်ကွက်ရှိ မကျီးပင်ဈေးအနီး သံတိုသံစရောင်းဝယ်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရွှေဝါရဲ့ နေအိမ်ကို လူ (၃)ဦးရောက်လာပြီး ဒေါ်ရွှေဝါရဲ့ သမီးဖြစ်သူ မမိုးမိုးစံကို ပြန်ပေးဆွဲရာက ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ညမထွက်ရအမိန့် စစ်ကောင်စီ ထပ်မံထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 3 Views
ဒီဇင်ဘာလ (၂၈)ရက်။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လူစုလူဝေး မပြုလုပ်ဖို့နဲ့ ညမထွက်ဖို့ဆိုတဲ့ ပုဒ်မ-၁၄၄ ကို စစ်ကောင်စီက ထပ်မံထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီဆက်သွယ်ရေးစခန်း စီးနင်းတိုက်ခိုက်ခံရ၊ 

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 3 Views
စစ်ကောင်စီဘက်က အရာခံဗိုလ်အဆင့်အပါအဝင် (၂)ဦး ဖမ်းမိခဲ့ကာ ခုခံထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်းခဲ့ ဒီဇင်ဘာလ (၂၈)ရက်။ မနေ့က ည (၆)နာရီဝန်းကျင်ခန့်က ‌ကျောက်ပန်းတောင်းမြို့၊
မြန်မာသတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲထဲ ရဲဘော် (၇)ဦး ကျဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၃)တပ်ရင်းထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၈)။ မင်းတပ်မြို့သိမ်းတိုက်ပွဲထဲ ရဲဘော် (၇)ဦး ကျဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၃)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ ကျဆုံးခဲ့သူ (၇)ဦးဟာ နိုဝင်ဘာလ (၉)ရက်နေ့မှာ တစ်ဦး၊ (၁၆)ရက်နေ့မှာ တစ်ဦး၊ (၂၂)ရက်နေ့မှာ
မြန်မာသတင်း

လက်နက်ခိုးယူသူတွေကို လိုက်လံပစ်ခတ်ရင်း ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ Dragon Brothers(GBK-PDF)ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၈)ရက်။ ဒီဇင်ဘာလ (၂၆)ရက်နေ့က လက်နက်ခိုးယူထွက်ပြေးသွားသူတွေကို လိုက်လံပစ်ခတ်ရင်း သာယာဝတီခရိုင်(၃၈၀၂)၊ တပ်ခွဲ(၁)က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ Dragon Brothers(GBK-PDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၂၆)ရက်နေ့က ကင်းလှည့်သွားမယ်လို့ပြောပြီး လက်နက်ခိုးယူ ထွက်ပြေးသွားတဲ့
မြန်မာသတင်း

မုံရွာမှာ လူသတ်ဓါးပြတိုက်မှု ကျူးလွန်သူတွေက အသက်(၁၇)နှစ်ကနေ (၂၂)နှစ်ကြားရှိသူတွေလို့ မြို့နယ်ပလဖပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 3 Views
ဒီဇင်ဘာလ (၂၈)ရက်။ မုံရွာမြို့မှာဖြစ်ပွားခဲ့တဲ့ လူသတ်ဓါးပြတိုက်မှု ကျူးလွန်ခဲ့သူ (၆)ဦးကို ဖမ်းဆီးရမိခဲ့တဲ့အပေါ် မြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ရုပ်ပုံတွေနဲ့အတူ ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့သူတွေဟာ အသက်အရွယ်အနေနဲ့ အသက် (၁၇)နှစ်ကနေ (၂၂)နှစ်ကြားရှိတဲ့ လူငယ်ပိုင်းတွေဖြစ်ပြီး ဘာကြောင့်ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ အသေးစိတ်ကိုတော့
မြန်မာသတင်း

‌နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ဖိတ်ခေါ်ထားပေမယ့် မျက်ကွယ်ပြုနေကြတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၈)ရက်။ နိုင်ငံရေးနည်းနဲ့‌ ဖြေရှင်းဖို့ ဖိတ်ခေါ်ထားပေမယ့် မျက်ကွယ်ပြုနေကြတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသားနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒေသအချို့မှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့နဲ့
မြန်မာသတင်း

အင်အားလိုအပ်ချက်တွေရှိနေတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းကို (၂)လကျော်နဲ့ သင်တန်းဆင်းခိုင်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 3 Views
ဒီဇင်ဘာလ (၂၈)ရက်။ စစ်မှုထမ်းသင်တန်းကာလ (၃)လ သတ်မှတ်ထားပေမယ့် စစ်‌မှုထမ်းသင်တန်း အပတ်စဉ်(၆)ကို (၂)လကျော်နဲ့ မနေ့က သင်တန်းဆင်းခိုင်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၂၁)ရက်နေ့မှာ စတင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်(၆)ကို အခု
မြန်မာသတင်း

စစ်မှုထမ်းသင်တန်းသားတွေကို ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဖို့ ဒုစစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၈)ရက်။ မနေ့က ပုသိမ်မြို့ နယ်မြေခံသင်တန်းကျောင်းမှာ စစ်မှုထမ်းသင်တန်းသားတွေနဲ့ တွေ့ဆုံချိန် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်သည်တွေအနေနဲ့ နိုင်ငံအလံကို လက်နဲ့ထိတွေ့ပြီး သစ္စာဆိုထားတဲ့အတိုင်း စစ်တပ်အပေါ်