နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်မှုထမ်းသင်တန်းသားတွေကို ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဖို့ ဒုစစ်ခေါင်းဆောင်ပြော

ဒီဇင်ဘာလ (၂၈)ရက်။

မနေ့က ပုသိမ်မြို့ နယ်မြေခံသင်တန်းကျောင်းမှာ စစ်မှုထမ်းသင်တန်းသားတွေနဲ့ တွေ့ဆုံချိန် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်သည်တွေအနေနဲ့ နိုင်ငံအလံကို လက်နဲ့ထိတွေ့ပြီး သစ္စာဆိုထားတဲ့အတိုင်း စစ်တပ်အပေါ် သစ္စာစောင့်သိဖို့အပါအဝင် ရဲဘော်၊ မိသားစုနဲ့ နိုင်ငံအပေါ် သစ္စာစောင့်သိပြီး တာဝန်ကျေပွန်စွာထမ်းဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။

နောက်ပြီး စစ်အတတ်ပညာတွေကို အမြဲတမ်းလေ့ကျင့်ဖို့၊ အမြဲတမ်း စစ်ရေးသတိရှိဖို့နဲ့ အမြဲတမ်း တိုက်ပွဲဝင်အသင့်ဖြစ်ရမယ်ဆိုတဲ့ မြဲ(၃)မြဲနဲ့အညီ အမြဲမပြတ် လေ့ကျင့်လိုက်နာသွားဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

စစ်ကောင်စီအနေနဲ့ ဧပြီလပိုင်းကစပြီး စစ်မှုထမ်းသင်တန်းကို ဖွက့်လှစ်ခဲ့ကာ အခုအခါ သင်တန်းအပတ်စဉ် (၆)အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်သလို အဲ့ဒီသင်တန်းဆင်းတွေထဲ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အချိန်တိုတိုနဲ့ စစ်သင်တန်းပေးပြီး ရှေ့တန်းကို စေလွှတ်ကာ တိုက်ပွဲဝင်ခိုင်းတာတွေကြာင့် စစ်မြေပြင်မှာ သေဆုံးထိခိုက်တာတွေရှိနေပြီး စိတ်ဓါတ်ပျက်ပြားကာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ခိုလှုံလာတာတွေ ရှိနေပါတယ်။

စစ်ကောင်စီအနေ‌နဲ့ စစ်မှုထမ်းသင်တန်းသားတွေကို သတ်မှတ်ချက်တွေနဲ့အညီ အကျုံးဝင်သူကိုသာ ခေါ်ယူတယ်လို့ ပြောဆိုထားပေမယ့်လဲ မြေပြင်မှာတော့ ငွေကြေးယူပြီး လူစားထိုးတာနဲ့ ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတာပါ။

ဒီလို အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေဟာ မြို့ကြီးတွေမှာပါ ပေါ်ပေါ်ထင်ထင် ဖြစ်နေပေမယ့် စစ်ကောင်စီဘက်က ထိထိရောက်ရောက် အရေးယူတာမရှိတဲ့အတွက် စီးပွားရေးတစ်ခုအနေနဲ့ လုပ်ဆောင်နေကြတယ်လို့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အရေးပေါ်ကြုံတိုင်း နိုင်ငံမပြိုကွဲအောင် ထိန်းသိမ်းနိုင်တာ စစ်တပ်ရှိတာကြောင့်လို့ ဒုစစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၉)ရက်။ နိုင်ငံမှာ အရေးပေါ်အခြေအနေကြုံတိုင်း နိုင်ငံမပြိုကွဲအောင် ထိန်းသိမ်းနိုင်တာက အင်အားတောင့်တင်းတဲ့ စစ်တပ်ရှိနေတာကြောင့်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က အင်းတိုင်တပ်နယ်မှာ
မြန်မာသတင်း

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ညမထွက်ရအမိန့် စစ်ကောင်စီ ထပ်မံထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 7 Views
ဒီဇင်ဘာလ (၂၈)ရက်။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လူစုလူဝေး မပြုလုပ်ဖို့နဲ့ ညမထွက်ဖို့ဆိုတဲ့ ပုဒ်မ-၁၄၄ ကို စစ်ကောင်စီက ထပ်မံထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီဆက်သွယ်ရေးစခန်း စီးနင်းတိုက်ခိုက်ခံရ၊ 

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 7 Views
စစ်ကောင်စီဘက်က အရာခံဗိုလ်အဆင့်အပါအဝင် (၂)ဦး ဖမ်းမိခဲ့ကာ ခုခံထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်းခဲ့ ဒီဇင်ဘာလ (၂၈)ရက်။ မနေ့က ည (၆)နာရီဝန်းကျင်ခန့်က ‌ကျောက်ပန်းတောင်းမြို့၊ ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီရဲ့ ဆက်သွယ်ရေးစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Popa Guerilla Force(PGF)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲထဲ ရဲဘော် (၇)ဦး ကျဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၃)တပ်ရင်းထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 6 Views
ဒီဇင်ဘာလ (၂၈)။ မင်းတပ်မြို့သိမ်းတိုက်ပွဲထဲ ရဲဘော် (၇)ဦး ကျဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၃)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ ကျဆုံးခဲ့သူ (၇)ဦးဟာ နိုဝင်ဘာလ (၉)ရက်နေ့မှာ တစ်ဦး၊ (၁၆)ရက်နေ့မှာ တစ်ဦး၊ (၂၂)ရက်နေ့မှာ
မြန်မာသတင်း

လက်နက်ခိုးယူသူတွေကို လိုက်လံပစ်ခတ်ရင်း ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ Dragon Brothers(GBK-PDF)ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 6 Views
ဒီဇင်ဘာလ (၂၈)ရက်။ ဒီဇင်ဘာလ (၂၆)ရက်နေ့က လက်နက်ခိုးယူထွက်ပြေးသွားသူတွေကို လိုက်လံပစ်ခတ်ရင်း သာယာဝတီခရိုင်(၃၈၀၂)၊ တပ်ခွဲ(၁)က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ Dragon Brothers(GBK-PDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၂၆)ရက်နေ့က ကင်းလှည့်သွားမယ်လို့ပြောပြီး လက်နက်ခိုးယူ ထွက်ပြေးသွားတဲ့
မြန်မာသတင်း

မုံရွာမှာ လူသတ်ဓါးပြတိုက်မှု ကျူးလွန်သူတွေက အသက်(၁၇)နှစ်ကနေ (၂၂)နှစ်ကြားရှိသူတွေလို့ မြို့နယ်ပလဖပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၈)ရက်။ မုံရွာမြို့မှာဖြစ်ပွားခဲ့တဲ့ လူသတ်ဓါးပြတိုက်မှု ကျူးလွန်ခဲ့သူ (၆)ဦးကို ဖမ်းဆီးရမိခဲ့တဲ့အပေါ် မြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ရုပ်ပုံတွေနဲ့အတူ ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့သူတွေဟာ အသက်အရွယ်အနေနဲ့ အသက် (၁၇)နှစ်ကနေ (၂၂)နှစ်ကြားရှိတဲ့ လူငယ်ပိုင်းတွေဖြစ်ပြီး ဘာကြောင့်ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ အသေးစိတ်ကိုတော့
မြန်မာသတင်း

‌နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ဖိတ်ခေါ်ထားပေမယ့် မျက်ကွယ်ပြုနေကြတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၈)ရက်။ နိုင်ငံရေးနည်းနဲ့‌ ဖြေရှင်းဖို့ ဖိတ်ခေါ်ထားပေမယ့် မျက်ကွယ်ပြုနေကြတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသားနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒေသအချို့မှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့နဲ့
မြန်မာသတင်း

အင်အားလိုအပ်ချက်တွေရှိနေတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းကို (၂)လကျော်နဲ့ သင်တန်းဆင်းခိုင်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၈)ရက်။ စစ်မှုထမ်းသင်တန်းကာလ (၃)လ သတ်မှတ်ထားပေမယ့် စစ်‌မှုထမ်းသင်တန်း အပတ်စဉ်(၆)ကို (၂)လကျော်နဲ့ မနေ့က သင်တန်းဆင်းခိုင်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၂၁)ရက်နေ့မှာ စတင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်(၆)ကို အခု