နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

မာ့ခ်စ်နှင့် ရာမာဆွာမိတို့၏ ကျွမ်းကျင်အလုပ်သမားဗီဇာအပေါ် ခုခံကာကွယ်၊ ထရန်န့် ရည်မှန်းချက်ကို ဆန့်ကျင်နေ

ဒီဇင်ဘာလ (၂၇) ရက်။

အီလွန်မာ့ခ်နှင့် ဗီဗက်ရာမာဆွာမိတို့၏ လူမှုမီဒီယာပို့စ်များတွင် ကျွမ်းကျင်အလုပ်သမားများအတွက် ဗီဇာအစီအစဉ် ချဲ့ထွင်ပေးရန် တင်ပြနေခြင်းသည် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို ထောက်ခံသူများကြားတွင် ယင်းအချက်က မကြာမီတက်လာမည့် ထရန့်၏ ပြင်းထန်သော လူဝင်မှု ကြီးကြပ်ရေး အစီအစဉ်တွင် အံဝင်ခွင်ကျ မဖြစ်ဟု အငြင်းပွားဖွယ် ဖြစ်လာရသည်။

အစိုးရစွမ်းဆောင်ရည်ဌာနကို ဦးဆောင်ရန် ထရန့်က ခန့်အပ်ခဲ့သည့် မာ့ခ်နှင့် ရာမာဆွာမိတို့သည် H-1B ဗီဇာဖြင့် နိုင်ငံတကာအလုပ်သမားများကို အသုံးပြုသည့် မာ့ခ်ပိုင်ဆိုင်သည့် ကုမ္ပဏီများ အပါအဝင် အခြားနည်းပညာကုမ္ပဏီများသည် နိုင်ငံခြားသားအလုပ်သမားများကို လုပ်ကိုင်ခွင့်ပေးရန်အတွက် ခုခံငြင်းခုံခဲ့ကြသည်။ သို့သော် ၎င်းတို့၏ မက်ဆေ့ချ်သည် ထရန့်၏ သစ္စာအရှိဆုံး ခုခံကာကွယ်သူအချို့၏ အမေရိကန် အလုပ်သမားများအား မြှင့်ပေးတင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးကို တင်းကြပ်ထားရန် မျှော်မှန်းထားချက်နှင့် ဆန့်ကျင်နေခဲ့သည်။

ထရန့်သည် ၎င်း၏ ပထမသက်တမ်းအတွင်း နိုင်ငံခြားအလုပ်သမားများ ဝင်ရောက်ခွင့်ကို ကန့်သတ်ခဲ့ပြီး ယခင်က H-1B ဗီဇာပရိုဂရမ်ကို ပစ်မှတ်ထား၍ မှတ်ချက်ပေးခဲ့သည်။ သို့သော် ၂၀၂၄ မဲဆွယ်ကာလတွင် ထရန့်သည် နိုင်ငံခြားသားအလုပ်သမားအချို့အား အမေရိကန်တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပါက တရားဝင် အဆင့်အတန်း အလုပ်လုပ်ခွင့် ပေးနိုင်ရန် လမ်းဖွင့်ပေးလာခဲ့သည်။

ဗုဒ္ဓဟူးနေ့က လူမှုမီဒီယာပို့စ်တစ်ခုတွင် မာ့ခ်က အမေရိကန်နည်းပညာကုမ္ပဏီများသည် ယနေ့ အမေရိကတွင် အလုပ်လုပ်နေသော အင်ဂျင်နီယာများ အရေအတွက်ထက် နှစ်ဆအထိ လိုအပ်နေပြီး ကမ္ဘာတစ်ဝှမ်းမှ အကောင်းဆုံး စွမ်းရည်ရှိသည့် အားကစားသမားများကို စုဆောင်းနေသည့် ပရော်ဖက်ရှင်နယ် အားကစားအဖွဲ့နှင့် ယင်းအစီအစဉ်မှ အကျိုးကျေးဇူးများ ရရှိနေမှုများကို နှိုင်းယှဉ်ဖော်ပြခဲ့သည်။

“မင်းရဲ့ အသင်းကို ချန်ပီယံဆုကို ဆွတ်ခူးစေချင်ရင် ထိပ်တန်းပါရမီရှင်တွေကို နေရာတိုင်းကနေ ခေါ်ယူဖို့ လိုပါတယ်။ အဲဒါက အသင်းတစ်ခုလုံးကို အောင်နိုင်စေတယ်” ဟု မာ့ခ်က X တွင် ရေးသားခဲ့သည်။

“အမေရိကန်က ဆက်လက်အနိုင်ရရှိဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်ရှိတဲ့ ထိပ်တန်းအင်ဂျင်နီယာ ၀ ဒဿမ ၁ ရာနှုန်းအထိ တရားဝင် လူဝင်မှုကြီးကြပ်ရေးကနေတဆင့် ခေါ်သွင်းလာဖို့ ရည်ညွှန်းတာပါ” ဟု မာ့ခ်က ကြာသပတေးနေ့တွင် အခြားပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။ “အမေရိကန်ကို ပရော်ဖက်ရှင်နယ် အားကစားအသင်းတခုအနေနဲ့ စဥ်းစားပြီး အချိန်အတော်ကြာအောင် အနိုင်ယူလာနိုင်ခဲ့တာကို ဆက်လက်အနိုင်ရဖို့အတွက် တွေးတောလုပ်ဆောင်တာက မှန်ကန်တဲ့ စိတ်ဓာတ်ရေးရာ တည်ဆောက်မှုပါပဲ” ဟု အီလွန်မာ့ခ်က ဆိုသည်။

အိန္ဒိယနိုင်ငံမှ ပြောင်းရွှေ့လာခဲ့သည့် မိဘနှစ်ပါးမှ မွေးဖွားခဲ့သူ ပထမမျိုးဆက် အမေရိကန် နိုင်ငံသား ရာမာဆွာမိသည် မာ့ခ်နှင့် သဘောထား တူညီခဲ့သည်။ ပြင်ပတွင် အလုပ်သမား ရှာဖွေရသော အမေရိကန်ကုမ္ပဏီများဘက်မှ ခုခံကာကွယ်ခဲ့သည်။

အမေရိကန်ပြင်ပတွင် မွေးဖွားလာသော သို့မဟုတ် အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်သူများမှ မွေးဖွားလာသော အင်ဂျင်နီယာများအား နည်းပညာကုမ္ပဏီများကို ငှားရမ်းခွင့်ပေးသင့်ကြောင်း စောဒကတက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် “ အမေရိကန်ယဉ်ကျေးမှုသည် ထူးချွန်ထက်မြက်မှုထက် သာမန်ကိုသာ တန်ဖိုးထားသောကြောင့် ဖြစ်သည်” ဟု သူက ထူးချွန်သောကျောင်းသားများ၏ တီဗီဇာတ်လမ်းများကို ထောက်ပြပြောဆိုခဲ့သည်။

“ ကျွန်တော်တို့ရဲ့ အမေရိကန်ယဉ်ကျေးမှုဟာ ထူးချွန်ထက်မြက်မှုထက် သာမန်ကို တန်ဖိုးထားတာ ရှည်ကြာစွာ ရှိနေခဲ့ပြီး ဖြစ်ပါတယ် (အနည်းဆုံး ၁၉၉၀ နောက်ပိုင်း၊ ဒီထက်ရှည်လျားနိုင်ပါတယ်)။ အဲဒါက ကောလိပ်တွေကနေ စလာတာ မဟုတ်ဘူး။ လူငယ်တွေဆီကသာ စခဲ့တာဖြစ်တယ်” ဟု ကြာသပတေးနေ့တွင် ရေးသားခဲ့သည်။

“ သင်္ချာအိုလံပစ်ချန်ပီယံထက် နှုတ်ဆက်ပွဲည ကျောင်းကပွဲမှာ အရွေးခံရတဲ့အလှမယ်ကို ပိုမို ဂုဏ်ပြုအားပေးတဲ့ ယဉ်ကျေးမှု ရှိပါတယ်။ ဒီလိုအားပေးမှုမျိုးဟာ အကောင်းဆုံး အင်ဂျင်နီယာတွေကို မွေးထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး” ဟု ရေးသားခဲ့သည်။

နိုင်ငံခြားအလုပ်သမားများအတွက် ပံ့ပိုးကူညီမှုဖြစ်သည့် H-1B အစီအစဉ်ကို တိုးချဲ့ခြင်းသည် ထရန့် ၏အုပ်ချုပ်မှုအောက်တွင် လူဝင်မှုကြီးကြပ်ရေးကို ကန့်သတ်ချုပ်ချယ်ထားခြင်းကို မြင်လိုသည့် MAGA ( Make American Great Again) ထောက်ခံသူများ၏ဆန္ဒကို ထိခိုက်စေပြီး ဝေဖန်တိုက်ခိုက်မှုများ ဖြစ်ပွားစေခဲ့သည်။

လက်ယာစွန်း တက်ကြွလှုပ်ရှားသူ လော်ရာ လွန်းမတ် (Laura Loomer၊ ) ကွန်ဆာဗေးတစ် ပညာရှင် အန်းကော့တာ (Ann Coulter) နှင့် လွှတ်တော်ကိုယ်စားလှယ် မတ်ဂိတ်ဇ် (Rep. Matt Gaetz) တို့ကဲ့သို့ သော ထရန့်ကို သစ္စာခံကျောထောက်နောက်ခံပြုသူများသည် ၎င်းတို့၏ ရပ်တည်ချက်နှင့် ပတ်သက်၍ နည်းပညာစွန့်ဦးတီထွင်သူနှစ်ဦးကို ဝေဖန်ခဲ့သည်။

“ နည်းပညာ ညီအကိုတွေ ပါဝင်လာပြီး တတိယတန်း ကျောင်းဆရာ တယောက်က သူတို့ရဲ့ ကလေးလိင် အမျိုးအစားကို ရွေးချယ်တဲ့ကိစ္စကို ရှောင်ဖို့ လုပ်ဆောင်တာတွေကို ကြိုဆိုပါတယ်” “ဒါပေမဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒကို ဝင်ရောက်စွက်ဖက်ဖို့ကို‌တော့ ကျွန်တော်တို့က သူတို့နှစ်ယောက်ကို မတောင်းဆိုခဲ့ပါဘူး။” ဟု ဂိတ်ဇ်ကကြာသပတေးနေ့က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

မာ့ခ်နှင့် ရာမဆွာမိတို့၏ မှတ်ချက်ချက်သည် ကုလသမဂ္ဂသံအမတ်ဟောင်းဖြစ်သူ နစ်ကီဟေလီ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရသည်။ ရာမာဆွာမိ၏ ရေးသားမှုတွင် နိုင်ငံခြားအလုပ်သမားများကို အမေရိကန် အလုပ်သမားများထက် ဦးစားပေးရန် နောက်တက်လာမည့် အစိုးရကို တောင်းဆိုခြင်းကို သူမက ဝေဖန်လိုက်သည်။

“အမေရိကန်အလုပ်သမားတွေ ဒါမှမဟုတ် အမေရိကန်ယဉ်ကျေးမှုမှာ ဘာအမှားအယွင်းမှ ရှိမနေပါဘူး။ ရှင်တို့လုပ်ရမှာက လိုအပ်ချက်ကို ကြည့်ပြီး ကျမတို့မှာ ဘယ်လောက်ရှိလဲ ကျမတို့ လိုချင်တာ ဘယ်လောက်လဲ ဆိုတာကိုပဲ ကြည့်ရမှာ ဖြစ်တယ်။ ကျမတို့ဟာ အမေရိကန်လူမျိုးထဲမှာပဲ ရင်းနှီးမြုပ်နှံတတာကို ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ နိုင်ငံခြား အလုပ်သမားတွေကို ခေါ်ဖို့ မဟုတ်ပါဘူး” ဟု ဟေလီက ကြာသပတေးနေ့တွင် ရေးသားခဲ့သည်။

မာ့ခ် နှင့် ရာမာဆွာမိတို့၏ ရပ်တည်ချက်သည် ဒီမိုကရက်တစ် အချို့ကြားတွင် ထောက်ခံမှု ရရှိခဲ့

+++++++++++++++++++++++++++++++

“သူတို့က တစ်စိတ်တစ်ပိုင်း မှန်ကန်တယ်လို့ ထင်ပါတယ်” ဟု ကော်လိုရာဒို အုပ်ချုပ်ရေးမှူး ဂျဲရတ် ပိုလစ် (Jared Polis) က CNN ၏ ကေ့တလန် ကော်လင်း(Kaitlan Collins) အား ကြာသပတေးနေ့ညတွင် “The Source” အစီအစဥ်တွင် ပြောကြားခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ စွန့်ဦးတီထွင်သူများ၏ တန်ဖိုးကို သိမြင်ခြင်းအတွက် ချီးကျူးဂုဏ်ပြုလိုက်ပြီး သူတို့အနေနှင့် ကျွမ်းကျင်မှု နိမ့်ကျတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာလည်း စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလို အမေရိကန်စီးပွားရေးကို အထောက်အကူပြုတဲ့ အခြားကဏ္ဍတွေမှာလည်း အထောက်အကူပြုနေတာကိုတွေ့မြင်ရဖို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

“ရွှေ့ပြောင်းနေထိုင်သူတွေ တည်ထောင်ထားတဲ့ကုမ္ပဏီတွေမှာ အလုပ်လုပ်တဲ့ အမေရိကန် သန်းပေါင်းများစွာ ရှိပါတယ်။ အဲဒီရွှေ့ပြောင်းနေထိုင်သူတွေကို ဝင်ခွင့်မပေးရင် ဒီနေ့ ဒီအလုပ်တွေ ရှိလာမှာ မဟုတ်ဘူး” ဟု ပိုလစ်က ပြောကြားခဲ့သည်။

ထရန့်သည် H1-B ဗီဇာကို ယခင်က ဆန့်ကျင်ခဲ့သည်။

++++++++++++++++++++++++++++++

H-1B ဗီဇာ အစီအစဉ်သည် ကျွမ်းကျင်လုပ်သား ၆၅,၀၀၀ ကို နှစ်စဉ် အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခွင့်ပြုပြီး တိကျသောအလုပ်တစ်ခုကို ဖြည့်ဆီးရန်နှင့် အမေရိကန်တွင် အဆင့်မြင့်ဘွဲ့များ ရရှိထားသူများအား နောက်ထပ်ဗီဇာ ၂၀,၀၀၀ ကို ထုတ်ပေးသည်။ အဆိုပါ အစီအစဉ်သည် အမေရိကန်ကုမ္ပဏီများ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ပြီး ၎င်းတို့၏လုပ်ငန်းကို ကြီးထွားစေကာ အမေရိကန်တွင် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်ကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြခဲ့သည်။ အထူးပြု ကျွမ်းကျင်လုပ်သားများ လိုအပ်ချက်မြင့်မားသော နည်းပညာကဏ္ဍနှင့် ဆက်စပ်နေပါသည်။ မာ့ခ်သည် နိုင်ငံခြားကျောင်းသားအဖြစ် အမေရိကန်သို့ လာရောက်ခဲ့ပြီး နောက်ပိုင်းတွင် H1-B ဗီဇာဖြင့် အလုပ်လုပ်ခဲ့သည်။

ထရန့်သည် ယခင်က H-1B ဗီဇာများကို ဆန့်ကျင်ခဲ့ပြီး ၎င်း၏ ပထမဆုံး သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ၎င်းတို့ကို “ အလွဲသုံးစားလုပ်ခြင်း” ဟူသော ခေါင်းစဥ်ဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ၂၀၁၆ ခုနှစ် ထုတ်ပြန်ချက်တစ်ခုတွင် ထရန့်က ” အမေရိကန် ကုမ္ပဏီများသည် အမေရိကန်အလုပ်သမားများနေရာကို အစားထိုးရန် လစာလျော့ပေးရသည့် နိုင်ငံခြား အလုပ်သမားများကို ရှင်းလင်း ပြတ်သားသော ရည်ရွယ်ချက်ဖြင့် နိုင်ငံတွင်းသို့ ခေါ်ယူရန် H-1B ကို အသုံးချခဲ့သည်ဟု ထိုအစီအစဉ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်”

၂၀၂၀ ခုနှစ်တွင် ထရန့်သည် Covid-19 ကပ်ရောဂါကြောင့် ပြောင်းလဲလာသော စီးပွားရေး အခြေအနေများကို တုံ့ပြန်စဉ်တွင် တရားဝင်လူဝင်မှုကြီးကြပ်ရေးကို တားဆီးရန် အုပ်ချုပ်ရေး၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သော H-1B ဗီဇာများဖြင့် ဝင်ရောက်ခွင့်ကို အကြိမ်ကြိမ် ကန့်သတ်ခဲ့သည်။

သို့သော် ၎င်း၏ မကြာသေးမီက သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွင် ထရန့်သည် အမေရိကန်တွင် အလုပ်လုပ်ရန် ကျွမ်းကျင်သော နိုင်ငံခြားသားများ ဝင်ရောက်ခွင့်ကို ပိုမိုသီးခံလာခဲ့သည်။ ဇွန်လက ပေါ့တ်ကာစ် အင်တာဗျူးတစ်ခုတွင် ထရန့်သည် အမေရိကန် ကောလိပ်နှင့် တက္ကသိုလ်မှ ဘွဲ့ ရရှိသော နိုင်ငံခြားသား မည်သူ့ကိုမဆို အမြဲတမ်းနေထိုင်ခွင့် ပေးလိုသည်ဟု ပြောကြားခဲ့သည်။

“ ကျွန်တော် လုပ်လိုတဲ့အရာ၊ ကျွန်တော် လုပ်ရမယ့်အရာက ခင်ဗျား ကောလိပ်၊ တက္ကသိုလ်က ဘွဲ့ရတယ်ဆိုရင် ခင်ဗျားအနေနဲ့ ဒီတိုင်းပြည်မှာ နေနိုင်ဖို့ အစိမ်းရောင်ကတ်ကို အလိုအလျောက် ရသင့်တယ်” လို့ ထရန့်က “အားလုံးဝင်ပါ” ဆိုသည့်ပေါ့တ်ကာစ်အစီအစဉ်တွင် ပြောကြားခဲ့ပါသည်။

ဗီဇာပြဿနာကြောင့် ထရန့်၏ အခြေခံအဖွဲ့ဝင်များနှင့် မာ့ခ်တို့အကြား ထိပ်တိုက်တွေ့မှုသည် သမ္မတရွေးချယ်ခံရသည့်ဝန်းကျင်အတွင်း နည်းပညာဘီလျံနာများ၏ ကြီးထွားလာနေသော သြဇာလွှမ်းမိုးမှု၏ နောက်ထပ် အခန်းကဏတစ်ခု ဖြစ်လာသည်။

နှစ်ဘက်ပါတီ သဘောတူသည့် အစိုးရရန်ပုံငွေဥပဒေကြမ်းကို မာ့ခ်က ဦးဆောင်ပြီး ဆန့်ကျင်ခဲ့ပြီးနောက် ထရန့်ကလည်း ဆန့်ကျင်လိုက်သည့်အတွက် နောက်ဆုံးတွင် ဖျက်သိမ်းခံခဲ့ရသည်ကို ဒီမိုကရက်များက နည်းပညာ သူဌေးကြီးကို “သမ္မတမာ့ခ်” ဟု မာ့ခ်အား လှောင်ပြောင်ပြောဆိုလာကြသည်။

တနင်္ဂနွေနေ့က အာရီဇိုးနားတွင် ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူများ စုဝေးပွဲ၌ မိန့်ခွန်းပြောနေစဉ်တွင် ထရန့်က ဒီမိုကရက်တစ်များ၏ တိုက်ခိုက်မှုများကို ပြန်လည်ခြေပခဲ့သည်။

“မဟုတ်ဘူး၊ သူက သမ္မတရာထူး ယူနေတာ မဟုတ်ဘူး။ ထက်မြက်တဲ့သူတွေ ရှိနေတာကို ကျုပ်သဘောကျတယ်” ဟု ဆိုသည်။ “ဒီမိုကရက်တစ်တွေက ထိုးနှက်ချက်အသစ် လုပ်နေတာ။ ‘ရုရှား၊ ရုရှား၊ ရုရှား၊’ ‘ယူကရိန်း၊ ယူကရိန်း၊ ယူကရိန်း၊’ ဆိုပြီး လှည့်ဖြားမှု အမျိုးမျိုး ပြောနေကြတယ်။ အခု အသစ်ဖြစ်လာတာက ‘သမ္မတ ထရန့်က အီလွန်မာ့ခ်ကို သမ္မတရာထူး အပ်နှင်းလိုက်ပါပြီ ဆိုတာပဲ” မဟုတ်ဘူး၊ ဒါက ဖြစ်လာမှာ မဟုတ်ပါဘူး။” ဟု ထရန့်က ပြောခဲ့သည်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော