နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားတွင် လေယာဉ်တစ်အဆင်း ပြေးလမ်းကိုကျော်ပြီး နံရံနှင့် ဝင်တိုက်ခဲ့မှုကြောင့် အနည်းဆုံး ၄၇ ဦးသေဆုံး

ဒီဇင်ဘာလ (၂၉) ရက်။

ခရီးသည်တင်လေယာဉ်တစ်စင်း တောင်ကိုရီးယား အနောက်တောင်ပိုင်းရှိ မူအန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဝမ်းဗိုက်ဖြင့်ဆင်းရာ ပြေးလမ်းကိုကျော်ပြီး နံရံနှင့် ဝင်တိုက်ခဲ့မှုကြောင့် လေယာဉ်ပျက်စီးခဲ့ရသည်။

ကိုရီးယားလေဆိပ်ကော်ပိုရေးရှင်းနှင့် အခြားသတင်းရင်းမြစ်များအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ထွက်ခွာလာသည့် ဂျေဂျူးလေကြောင်းလိုင်း အမှတ်စဉ် 7C2216 သည် တောင်ကိုရီးယားနိုင်ငံ မူအန်လေဆိပ်သို့ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဆင်းသက်ရန် စီစဉ်ထားကြောင်း သိရသည်။

လေယာဉ်သည် ပြေးလမ်းအနီးသို့ ဆင်းသက်ရန် ကြိုးပမ်းခဲ့သော်လည်း ပုံမှန်အတိုင်း ဆင်းသက်နိုင်ခြင်း မရှိခဲ့ဘဲ အပေါ်ပြန်တက်ကာ ဒုတိယအကြိမ် ဆင်းသက်ချိန်တွင် ပြေးလမ်း၏ အပြင်ဘက်နံရံခြံစည်းရိုးနှင့် တိုက်မိကာ တစ်စိတ်တစ်ပိုင်း ပြိုကျကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

လေယာဉ် ပျံတက်ချိန်နှင့် ဆင်းသက်စဉ်တွင် အသုံးပြုသည့် ဂီယာချို့ယွင်းပြီး လေယာဉ်ဘီးချ၍မရတော့သည့်အတွက် ဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရသည်။ အကြောင်းရင်းမှာ ငှက်များနှင့်တိုက်မိပြီး လေယာဉ်အင်ဂျင်ထဲ ငှက်ဝင်သွားသည့် (Bird Strike) ဟု ယူဆရကြောင်း ပြောဆိုထားပါသည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၁၇၅ ဦးနှင့် အမှုထမ်း ၆ ဦး လိုက်ပါခဲ့ကြောင်း သိရသည်။ လူနှစ်ဦးကို လေယာဉ်အနောက်ဘက်မှ ကယ်ဆယ်နိုင်ခဲ့သော်လည်း ယခုအခါ လူ ၂၈ ဦး သေဆုံးကြောင်း အတည်ပြုခဲ့သည်။ အသေအပျောက်အရေအတွက်သည် ပိုမိုများပြားလာမည်ဟု မျှော်လင့်ရသည်။

ဂျေဂျူးလေကြောင်းလိုင်း၏ အဆိုအရ ယင်းလေယာဉ်မှာ Boeing 737-800 ဖြစ်ကြောင်း သိရှိရပြီး လေယာဉ်ပေါ်တွင် ပါရှိသည့် ခရီးသည် ၁၇၃ ဦးမှာ တောင်ကိုရီးယားမှ ဖြစ်ပြီး ၂ ဦးသည် ထိုင်းနိုင်ငံမှ ဖြစ်ကြောင်း သိရှိရသည်။

အခင်းဖြစ်စဉ်ကို မီးသတ်ယာဉ် ၃၂ စီးနှင့် မီးသတ်သမားများစွာဖြင့် ကယ်ဆယ်ငြိမ်းသတ်မှုများ လုပ်ဆောင်နေသည်ဟု မီးသတ်ဌာနက ပြောဆိုခဲ့သည်။

သတင်းရင်းမြစ်။ Yonap, Korea

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော