နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

စမ်းချောင်းမှာ စစ်တပ်ထောက်ခံတဲ့ ယုန်လေးအိမ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဒီဇင်ဘာလ (၃၀)ရက်။

ဒီကနေ့ နံနက် (၉)နာရီအချိန်က စမ်းချောင်းမြို့နယ် ဖျာပုံလမ်းရှိ စစ်တပ်ထောက်ခံတဲ့ အဆိုတော်ယုန်လေးရဲ့ နေအိမ်အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ ယုန်လေးအိမ်နား ပေါက်ကွဲသံ (၂)ချက်ကြားရတာ။ (၉)နာရီကျော်မှာ (၂)ကြိမ်နဲ့ (၁၁)နာရီလောက်တစ်ကြိမ်၊ အသံက တော်တော်ကျယ်တယ်။ မီးသတ်တွေ၊ EPC တွေနဲ့ စကစတပ်သားတွေရောက်လာပြီး ဆဲ‌ဆိုပြီး လမ်းကိုပိတ်ချသွားတယ်” လို့ ရပ်ကွက်နေသူတစ်ဦးက ဆိုပါတယ်။

ယုန်လေးအိမ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့တွေ၊ လျှပ်စစ်ဝန်ထမ်းတွေနဲ့ စစ်သားတွေ ရောက်ရှိလာပြီး လမ်းပိတ်ဆို့တာ‌တွေ ပြုလုပ်ခဲ့တာပါ။

စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်း၊ ကျွန်းတောအလယ်ရပ်ကွက်ရှိ ပန်းလှိုင်မိသားစုဆေးခန်းအရှေ့ရှိ မီးစက်အသေး(၂)လုံးကနေ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီသတင်းချန်နယ်တွေက ဖော်ပြထားကြပါတယ်။

နောက်ပြီး အဲ့ဒီပေါက်ကွဲမှုထဲ လူထိခိုက်တာမရှိခဲ့ပေမယ့် ဆေးခန်းရှေ့ရပ်ထားတဲ့ Mark II ကားတစ်စီး နောက်မှန်ကွဲကာ Crown ကားတစ်စီး ထိမှန်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စမ်းချောင်းမြို့ ကျွန်းတောအလယ်ရပ်ကွက်ရုံးထဲ ထောင်ထားတဲ့မိုင်းဟာ နည်းပညာအခက်အခဲကြောင့် ခွဲမရတဲ့အတွက် ပြည်သူတွေ သွားလာတာမပြုလုပ်ကြဖို့ကိုလဲ Sanchaung Scout Channel က အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လွတ်လပ်ရေးနေ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုန်း (၁၀)လုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 5 Views
ဇန်နဝါရီလ (၄)ရက်။ ဒီကနေ့ လွတ်လပ်ရေးနေ့ နံနက် (၁၂)နာရီ (၅)မိနစ်အချိန်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီဟာ နိုင်ငံရဲ့ (၃)ပုံ (၁)ပုံကိုဝောာင် မစိုးမိုးနိုင်တော့ဘူးလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 5 Views
စစ်ကောင်စီဟာ နိုင်ငံရဲ့ (၃)ပုံ (၁)ပုံကိုဝောာင် မစိုးမိုးနိုင်တော့ဘူးလို့ NUG ပြော ဇန်နဝါရီလ (၄)ရက်။ စစ်ကောင်စီအနေနဲ့ နိုင်ငံရဲ့ (၃)ပုံ
မြန်မာသတင်း

စစ်ကောင်စီလွတ်ငြိမ်းထဲ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 6 Views
ဇန်နဝါရီလ (၄)ရက်။ ဒီကနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ထဲ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင်လာတယ်လို့ နီးစပ်သူတွထံက သိရပါတယ်။ “ ဒီနေ့ လွတ်ငြိမ်းထဲ သင်ဇာဝင့်ကျော်ကတော့ လွတ်လာပြီ၊ ထောင်ကထွက်လာတာတွေ့တယ်။ နန်းမွေစံတော့ ပါဝင်လာတာ မတွေ့ရဘူး”
မြန်မာသတင်း

တရားတဲ့စစ် အောင်မြင်အောင် ပြည်သူတွေ ဝန်းရံဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 5 Views
ဇန်နဝါရီလ (၄)ရက်။ တရားတဲ့စစ် အောင်မြင်ဖို့ ပြည်သူတရပ်လုံးက ဝန်းရံပေးကြပါဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကိုင်တိုက်ခိုက်တာတွေနဲ့ အုပ်ချုပ်ရေးယန္တရားကို ပျက်ပြားအောင်လုပ်တာတွေက နိုင်ငံကို အင်အားချိနဲ့စေပြီး နိုင်ငံလွတ်လပ်ရေးနဲ့
မြန်မာသတင်း

ဒီကနေ့ အကျဉ်းသား (၅၈၀၀)ကျော်ကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 6 Views
စစ်ကောင်စီရဲ့လွတ်ငြိမ်းထဲ နိုင်/ကျဉ်း အနည်းငယ်သာပါဝင်လာ ဇန်နဝါရီလ (၄)ရက်။ ဒီကနေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၅၈၆၄)ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ သူတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁)၊ ပုဒ်မခွဲ(၁)အရ နောက်တကြိမ် ပြစ်မှုကျူးလွန်ရင်
မြန်မာသတင်း

မလှိုင်မှာ စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့နေရာတွေ တပြိုင်ထဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးပြီး တပ်ကြပ်ကြီးတစ်ဦး ဖမ်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 6 Views
ဇန်နဝါရီလ (၃)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ မလှိုင်မြို့နယ် သုံးတောင်ရွာနဲ့ သရက်ကောင်းပင်ရွာတွေက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ Guardians of Mahlaing ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ KNDF စစ်ဦးစီးတပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 8 Views
ဇန်နဝါရီလ (၃)ရက်။ ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တာဝန်ထမ်းဆောင်ကာ စစ်ရေးထဲ ပါဝင်လှုပ်ရှားနေတယ်လို့ KNDF အမှတ် (၆၀၆)စစ်ဦးစီးတပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ် (၆၀၆)စစ်ဦးစီးတပ်အနေနဲ့ ရှမ်းမြောက်က ညီနောင်မဟာမိတ်(၆၁၁) တိုင်းရင်းသားတပ်မဟာမှာ စစ်ပညာသင် တာဝန်ထမ်းဆောင်ပြီး
မြန်မာသတင်း

၂၀၂၄ မြန်မာပြည်စစ်တမ်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 6 Views
၂၀၂၄ မြန်မာပြည်စစ်တမ်း အခုကျရောက်လာတဲ့နှစ်သစ်မှာ စစ်အာဏာရှင်စိုးမိုးမှုကို ဘာကြောင့် ဆန့်ကျင်တော်လှန်သင့်တယ် ဆိုတာကို ဦးထွန်းအောင်ကျော်က သမိုင်းအထောက်အထားတွေကို ကိုးကားပြီး‌ ပြောကြားထားပါတယ်။ သမိုင်းပညာရှင် ဆရာကြီး‌ဒေါက်တာ သန်းထွန်းက “မ,အအောင် သမိုင်းကိုလေ့လာရမယ်” လို့ပြောခဲ့ဖူးတယ်။ ဒါ့အပြင် လက်ရှိနိုင်ငံရေး အခင်းအကျင်းကိုလည်း