နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းမှာ တပ်မဟာသစ်တစ်ခု ဖွဲ့စည်းမယ်လို့ MDY-PDF ထုတ်ပြန်

ဒီဇင်ဘာလ (၃၀)ရက်။

စစ်ကိုင်းတိုင်းမှာ တပ်မဟာသစ်တစ်ခု ဖွဲ့စည်းကာ စစ်ဆင်ရေး အရှိန်တိုးမြှင့်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အသစ်ဖွဲ့စည်းမယ့် စစ်ကိုင်း တပ်မဟာမှာ လာရောက်ပူးပေါင်းမယ့် စစ်သည်တော်တွေနဲ့ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေကို ကြိုဆိုတယ်လို့ ဖိတ်ခေါ်ထားပါတယ်။

MDY-PDF အနေနဲ့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လဲ စစ်ဆင်ရေးတွေကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွင်သွားဖို့ အသင့်ရှိတယ်လို့ အသိပေးထားပါတယ်။

MDY-PDF အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းဖို့အတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

ဒါ့အပြင် အခုတစ်နှစ်တာထဲ အကြမ်းဖက်စစ်ကောင်စီကို အထိနာစေတဲ့ စစ်ဆင်ရေးကြီးတွေကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ဖော်ဆောင်နေပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားကို ရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ MDY-PDF အနေနဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေအပြင် စဉ့်ကူးမြို့၊ သပိတ်ကျင်းမြို့တို့ကို သိမ်းပိုက်နိုင်ခဲ့သလို မတ္တရာမြို့ထဲက စစ်ကောင်စီစခန်း အများအပြားကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လွတ်လပ်ရေးနေ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုန်း (၁၀)လုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 5 Views
ဇန်နဝါရီလ (၄)ရက်။ ဒီကနေ့ လွတ်လပ်ရေးနေ့ နံနက် (၁၂)နာရီ (၅)မိနစ်အချိန်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီဟာ နိုင်ငံရဲ့ (၃)ပုံ (၁)ပုံကိုဝောာင် မစိုးမိုးနိုင်တော့ဘူးလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 5 Views
စစ်ကောင်စီဟာ နိုင်ငံရဲ့ (၃)ပုံ (၁)ပုံကိုဝောာင် မစိုးမိုးနိုင်တော့ဘူးလို့ NUG ပြော ဇန်နဝါရီလ (၄)ရက်။ စစ်ကောင်စီအနေနဲ့ နိုင်ငံရဲ့ (၃)ပုံ
မြန်မာသတင်း

စစ်ကောင်စီလွတ်ငြိမ်းထဲ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 6 Views
ဇန်နဝါရီလ (၄)ရက်။ ဒီကနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ထဲ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင်လာတယ်လို့ နီးစပ်သူတွထံက သိရပါတယ်။ “ ဒီနေ့ လွတ်ငြိမ်းထဲ သင်ဇာဝင့်ကျော်ကတော့ လွတ်လာပြီ၊ ထောင်ကထွက်လာတာတွေ့တယ်။ နန်းမွေစံတော့ ပါဝင်လာတာ မတွေ့ရဘူး”
မြန်မာသတင်း

တရားတဲ့စစ် အောင်မြင်အောင် ပြည်သူတွေ ဝန်းရံဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 5 Views
ဇန်နဝါရီလ (၄)ရက်။ တရားတဲ့စစ် အောင်မြင်ဖို့ ပြည်သူတရပ်လုံးက ဝန်းရံပေးကြပါဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကိုင်တိုက်ခိုက်တာတွေနဲ့ အုပ်ချုပ်ရေးယန္တရားကို ပျက်ပြားအောင်လုပ်တာတွေက နိုင်ငံကို အင်အားချိနဲ့စေပြီး နိုင်ငံလွတ်လပ်ရေးနဲ့
မြန်မာသတင်း

ဒီကနေ့ အကျဉ်းသား (၅၈၀၀)ကျော်ကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 6 Views
စစ်ကောင်စီရဲ့လွတ်ငြိမ်းထဲ နိုင်/ကျဉ်း အနည်းငယ်သာပါဝင်လာ ဇန်နဝါရီလ (၄)ရက်။ ဒီကနေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၅၈၆၄)ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ သူတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁)၊ ပုဒ်မခွဲ(၁)အရ နောက်တကြိမ် ပြစ်မှုကျူးလွန်ရင်
မြန်မာသတင်း

မလှိုင်မှာ စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့နေရာတွေ တပြိုင်ထဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးပြီး တပ်ကြပ်ကြီးတစ်ဦး ဖမ်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 6 Views
ဇန်နဝါရီလ (၃)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ မလှိုင်မြို့နယ် သုံးတောင်ရွာနဲ့ သရက်ကောင်းပင်ရွာတွေက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ Guardians of Mahlaing ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ KNDF စစ်ဦးစီးတပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 8 Views
ဇန်နဝါရီလ (၃)ရက်။ ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တာဝန်ထမ်းဆောင်ကာ စစ်ရေးထဲ ပါဝင်လှုပ်ရှားနေတယ်လို့ KNDF အမှတ် (၆၀၆)စစ်ဦးစီးတပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ် (၆၀၆)စစ်ဦးစီးတပ်အနေနဲ့ ရှမ်းမြောက်က ညီနောင်မဟာမိတ်(၆၁၁) တိုင်းရင်းသားတပ်မဟာမှာ စစ်ပညာသင် တာဝန်ထမ်းဆောင်ပြီး
မြန်မာသတင်း

၂၀၂၄ မြန်မာပြည်စစ်တမ်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 6 Views
၂၀၂၄ မြန်မာပြည်စစ်တမ်း အခုကျရောက်လာတဲ့နှစ်သစ်မှာ စစ်အာဏာရှင်စိုးမိုးမှုကို ဘာကြောင့် ဆန့်ကျင်တော်လှန်သင့်တယ် ဆိုတာကို ဦးထွန်းအောင်ကျော်က သမိုင်းအထောက်အထားတွေကို ကိုးကားပြီး‌ ပြောကြားထားပါတယ်။ သမိုင်းပညာရှင် ဆရာကြီး‌ဒေါက်တာ သန်းထွန်းက “မ,အအောင် သမိုင်းကိုလေ့လာရမယ်” လို့ပြောခဲ့ဖူးတယ်။ ဒါ့အပြင် လက်ရှိနိုင်ငံရေး အခင်းအကျင်းကိုလည်း