နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသရှိ ကာမယ်အက်(ဒ)ဝင် ဆေးရုံကို အစ္စရေး တိုက်ခိုက်မှုကြောင့် လူခုနစ်ဦး သေဆုံး

ဒီဇင်ဘာလ (၃၀) ရက်။

ဂါဇာကမ်းမြောင်ဒေသရှိ ကာမယ်အက်(ဒ)ဝင် ဆေးရုံကို အစ္စရေးက တိုက်ခိုက်မှုကြောင့် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဒေသဆိုင်ရာအာဏာပိုင်က ပြောဆိုလိုက်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆေးဘက်ဆိုင်ရာအဆောက်အအုံများကို အစ္စရေး တိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်သည်။

ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ တစ်ခုတည်းသော အဓိကဆေးရုံဖြစ်တဲ့ ကာမယ်အက်(ဒ)ဝင် (Kamal Adwan) ဆေးရုံကို အစ္စရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းပြီးနောက် ယင်းဆေးရုံ၏ ဒါရိုက်တာ ဒေါက်တာ ဟူဆမ် အာဘူး ဆာဖီယာ (Dr Hussam Abu Safiyah) နှင့် အခြားဝန်ထမ်းများကိုအစ္စရေးစစ်တပ်က ဖမ်းဆီးခဲ့သည်။ ဆေးရုံဒါရိုက်တာနှင့် ဝန်ထမ်းများကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ယင်းဆေးရုံတွင် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသူများအပြင် သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ အပါအဝင် ကျန်လူနာများကို အနီးနားရှိ အခြားဆေးရုံသို့ လွှဲပြောင်းပေးခဲ့ပြီး ဆေးရုံတွင် တစ်ဦးတစ်ယောက်မျှ ကျန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဆေးရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခွဲစိတ်ခန်းနှင့် လူနာတင်ယာဉ်များ ပျက်ဆီးသွားကာ လူနာများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းခဲ့ရကြောင်း သိရပါသည်။

ယင်းဆေးရုံသည် မကြာသေးမီလများအတွင်း အစ္စရေးတပ်ဖွဲ့များ၏ အကြိမ်ကြိမ် တိုက်ခိုက်ခြင်းခံခဲ့ရသည်။

“ဟားမတ်စ်” လို့ သံသယရှိသူများနှင့် ဆေးရုံဒါရိုက်တာကို ဖမ်းဆီထားကြောင်း အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၂၈ ရက်နေ့က ဝန်ခံထားပါတယ်။ ဆေးရုံကို ဟားမတ်စ် အကြမ်းဖက် စခန်းအဖြစ် အသုံးပြုနေသည်ဟု စွတ်စွဲထားပြီး ဟားမတ်စ်နှင့် အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့မှ အဖွဲ့ဝင် ၂၄၀ ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း အစ္စရေးအာဏာပိုင်များက ကြေညာခဲ့သည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ဟားမတ်စ်တို့က ကုလသမဂ္ဂနှင့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများထံ ချက်ချင်းဝင်ရောက်စွက်ဖက်ရန် တောင်းဆိုခဲ့သည်။ လက်ရှိ အခြေအနေကို စစ်ဆေးရန် နိုင်ငံတကာ လေ့လာသူ မစ်ရှင်တစ်ခု စေလွှတ်ပေးရန် ၎င်းတို့ တောင်းဆိုခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဆေးရုံကို အစ္စရေးတပ်ဖွဲ့များက ဝိုင်းရံထားပြီး “လူတိုင်းကို ထွက်ခွာဖို့ အမိန့်ပေးထားတယ်” ဟု ဆေးရုံဒါရိုက်တာက ဆိုရှယ်မီဒီယာတွင် ပြောဆိုခဲ့ပါသည်။။

“ဝန်ထမ်းတွေနဲ့ လူနာတွေကို အပြင်မှာ စုဝေးခိုင်းတယ်” ဟု သူနာပြုများက ပြောပါသည်။ ချမ်းအေးနေသည့်အပြင်ဘက်တွင် လူနာများ၏ အဝတ်အစားများကို ချွတ်ခိုင်းခဲ့သည်ဟုဆိုသည်။ ယောက်ျား၊ မိန်းမ ခွဲခြား၍ အဝတ်အစားများ ချွတ်ခိုင်းပြီး ငြင်းဆိုသူများကို အစ္စရေးစစ်တပ်က ရိုက်နှက်ခဲ့သည်ဟု သိရသည်။

အစ္စရေးစစ်တပ်ကို CNN က တွေ့ဆုံမေးမြန်းခဲ့ရာ “အကြမ်းဖက်သမားဟု သံသယရှိသူများအား ဖမ်းဆီးခြင်း၊ နှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းများကို နိုင်ငံတကာဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း” ပြောဆိုခဲ့သည်။

အစ္စရေး တိုက်ခိုက်မှုကြောင့် လူနာတစ်ဦး သေဆုံးပြီးနောက် ဆေးရုံတွင် မီးလောင်မှု ကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း သူနာပြုများက ပြောကြားခဲ့သည်။ သို့သော်လည်း အစ္စရေးစစ်တပ်က ၎င်းသည် “လူမရှိသော အဆောက်အဦအတွင်း သေးငယ်သော မီးလောင်မှုဖြစ်သည်” ဟု ဆိုကာ ယင်းတို့၏ တိုက်ခိုက်မှုကြောင့် မဟုတ်ဟု ငြင်းဆိုခဲ့သည်။

“ ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ နောက်ဆုံးကျန်နေသည့် အဓိကဆေးရုံ၏ လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားခဲ့သည်။ ဒေသတွင်း ဆေးဘက်ဆိုင်ရာစနစ်ကို ဖျက်သိမ်းလိုက်ခြင်းသည် ပါလက်စတိုင်း ထောင်ပေါင်းများစွာ၏ သေဆုံးမှုကို ထိခိုက်စေနိုင်သည်” ဟု WHO မှ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ပြီး ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်က လူမှုမီဒီယာတွင် “အစ္စရေး၏ ထပ်ခါတလဲလဲ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းနိုင်ငံအတွင်း လည်ပတ်နေသော ဆေးဘက်ဆိုင်ရာ အဆောက်အအုံ အရေအတွက် လျော့နည်းသွားပြီး လူများ၏ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များနှင့် အခွင့်အရေးများကို အကာအကွယ်ပေးနိုင်ရန် အစ္စရေးကို ဆေးရုံများကို တိုက်ခိုက်နေသည်ကို ရပ်တန့်ရန် တိုက်တွန်းထားကြောင်း” ယနေ့ ဒီဇင်ဘာ (၃၀) ရက်နေ့တွင် ပြောကြားခဲ့သည်။

သတင်းရင်းမြစ်များ။ CNN ဂျပန်၊ NHK, Middle East Eye

ဓာတ်ပုံများ။

ဒီဇင်ဘာလ ၁၈ ရက်နေ့၌ ပျက်စီးသွားသော ဆေးရုံ၏ အတွင်းပိုင်းကို ပြသနေသည့် ဒါရိုက်တာ ဒေါက်တာ ဟူဆမ် အာဘူး ဆာဖီယာ (Dr Hussam Abu Safiyah) /Reuters

ကာမယ်အက်(ဒ)ဝင် ဆေးရုံမှာ လူနာများကိုအခြားဆေးရုံသို့လွှဲပြောင်းခဲ့စဉ် (ဒီဇင်ဘာလ ၂၈ ရက်/ Dawoud Abo Alkas / Anadolu / Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၏ အိုလံပစ်မြို့ဟောင်းရှိ ရေနံချက်စက်ရုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 3 ရက်
  • 17 Views
CNN- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၃ရက် ယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သော ရုရှားနိုင်ငံ ဆိုချီမြို့ရှိ ရေနံချက်စက်ရုံ တစ်ခုတွင် မီးသတ်သမား ၁၂၀
ဂျပန် နိုင်ငံတကာသတင်း

ဆူနာမီလှိုင်းလုံးများသည် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်လာသောအခါ အာရှတိုက်ရှိ မန်ဂါ (ဂျပန်ရုပ်ပြကာတွန်း) ဟောကိန်းက အမှန်တကယ် ဖြစ်လာခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 3 ရက်
  • 12 Views
CNN- ၂၀၂၅ ခုနှစ်၊ သြဂုတ် ၃ ရက်။ ကြီးမားကျယ်ပြန့်သော ပစိဖိတ်သမုဒ္ဒရာကို ဗုဒ္ဓဟူးနေ့တွင် လှိုင်းလုံးကြီးများ ဖြတ်ကျော်လာစဉ်၊ ကမ္ဘာတစ်ဝှမ်းရှိ
နိုင်ငံတကာသတင်း ဗြိတိန် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

‘ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် အရမ်းနောက်ကျသွားပြီ’ စတာမာ ရဲ့ ကတိကို ပါလက်စတိုင်းတချို့က ဘာကြောင့် မယုံကြည်ကြတာလဲ။

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 18 Views
ဘီဘီစီ။ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂ ရက် ဗြိတိန်ဝန်ကြီးချုပ် ဆာကီရာစတာမာ(SirKeir Starmer) သည် ပြင်သစ်ဆုံးဖြတ်ချက်ကို လိုက်ပြီးနောက် ကနေဒါကလည်း နောက်မှလိုက်ပါလာခဲ့ပြီး ပါလက်စတိုင်းနိုင်ငံအဖြစ် စက်တင်ဘာတွင် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အသိအမှတ်ပြုရန် အစီအစဉ်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဒီမိုကရက်တစ် အတိုက်အခံများ ကြီးထွားလာပြီး MAGA လှုပ်ရှားမှု နှစ်ခြမ်းကွဲသွားသဖြင့် ဂါဇာတွင် အစ္စရေး၏ လုပ်ဆောင်ချက်များအတွက် အမေရိကန်၏ ထောက်ခံမှု ကျဆင်းသွားသည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 26 Views
သြဂုတ် ၁ ရက်၊ ၂၀၂၅ ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး၏ စစ်ရေးလုပ်ဆောင်မှုများကြောင့် အမေရိကန် ထောက်ခံမှု အရှိန်အဟုန်ဖြင့် ကျဆင်းလာမှုကို အစ္စရေးလိုလားသော ဒီမိုကရက်များနှင့် သမ္မတ ‌ဒေါ်နယ်ထရန့် ၏ ကာလကြာရှည် မဟာမိတ်အချို့က အမေရိကန်အနေနှင့် ၎င်း၏ရပ်တည်မှုကို
နိုင်ငံတကာသတင်း အမေရိကန်

အောက်ပါတို့သည် ထရန့် က အခုအချိန်အထိ ကြေညာထားသည့် ကုန်သွယ်ရေး သဘောတူညီချက်များဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်
  • 29 Views
CNN- ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃၁ရက် အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရန် နှင့် ၎င်း၏အစိုးရအဖွဲ့ဝင်များသည် ဧပြီလတွင်အပြန်အလှန်  စည်းကြပ်ခွန်များကို ခေတ္တရပ်ထားပြီးနောက် ကုန်သွယ်ရေး သဘောတူညီချက် အချို့ကို ပေးအပ်မည်ဟု ကတိပြုခဲ့သည်။ ထိုအချိန်မှစ၍ လက်တစ်ဆုပ်စာသာ ကြေငြာခဲ့ပြီး နှစ်ခုသာ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

တီဟီရန် မြို့သည် ပြင်းထန်သောရေအကျပ်အတည်းနှင့် ရင်ဆိုင်နေရသောကြောင့် ‘ရက်သတ္တပတ်များ အတွင်း’ ရေကုန်ခမ်းသွားနိုင်ချေရှိသည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်
  • 31 Views
CNN- ဇူလိုင် ၃၁၊ ၂၀၂၅ အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်သည် ဆိုးရွားသော ရေအကျပ်အတည်းကို ကြုံတွေ့နေရ သောကြောင့် မြို့တော်၏ နေရာအနှံ့အပြားတွင် ရေပိုက်ခေါင်းများ ခြောက်သွေ့သွာမည့် နေ့ “ရက်သုည”ရောက်ရန် သီတင်းပတ်များ အကွာသို့ ရောက်ရှိ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ ဥရောပ

ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရေး အစီအစဉ်များကြားတွင် သြစတြေးလျနှင့် ဗြိတိန်ခေါင်းဆောင်များက ဂါဇာအကျပ်အတည်းကို ဆွေး‌နွေးခဲ့ကြသည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်
  • 26 Views
ရိုက်တာသတင်း- ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ရက်၊ ဆစ်ဒနီ၊ ဇူလိုင် ၃၁ (ရိုက်တာ) – သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီးစ်က ၎င်း၏ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ကီရာစတာမာ နှင့် ဆွေးနွေးခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်းတို့အတွက်
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ရက်အတန်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် တပ်မတော်ခေါင်းဆောင်များ တွေ့ဆုံမှုတွင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 28 Views
CNN-၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၉ရက် ထိုင်းစစ်တပ်က ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု ထိုင်းစစ်တပ်က ညတွင်းချင်း စွပ်စွဲထားသော်လည်း အင်္ဂါနေ့တွင် နှစ်နိုင်ငံစစ်တပ်မှ တပ်မှူးများ တွေ့ဆုံညှိနှိုင်းစဉ်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားကြား အပစ်အခတ်ရပ်စဲရေး အများစုကို ကျင်းပနိုင်ခဲ့သည်။ တနင်္လာနေ့က