နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသရှိ ကာမယ်အက်(ဒ)ဝင် ဆေးရုံကို အစ္စရေး တိုက်ခိုက်မှုကြောင့် လူခုနစ်ဦး သေဆုံး

ဒီဇင်ဘာလ (၃၀) ရက်။

ဂါဇာကမ်းမြောင်ဒေသရှိ ကာမယ်အက်(ဒ)ဝင် ဆေးရုံကို အစ္စရေးက တိုက်ခိုက်မှုကြောင့် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဒေသဆိုင်ရာအာဏာပိုင်က ပြောဆိုလိုက်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆေးဘက်ဆိုင်ရာအဆောက်အအုံများကို အစ္စရေး တိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်သည်။

ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ တစ်ခုတည်းသော အဓိကဆေးရုံဖြစ်တဲ့ ကာမယ်အက်(ဒ)ဝင် (Kamal Adwan) ဆေးရုံကို အစ္စရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းပြီးနောက် ယင်းဆေးရုံ၏ ဒါရိုက်တာ ဒေါက်တာ ဟူဆမ် အာဘူး ဆာဖီယာ (Dr Hussam Abu Safiyah) နှင့် အခြားဝန်ထမ်းများကိုအစ္စရေးစစ်တပ်က ဖမ်းဆီးခဲ့သည်။ ဆေးရုံဒါရိုက်တာနှင့် ဝန်ထမ်းများကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ယင်းဆေးရုံတွင် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသူများအပြင် သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ အပါအဝင် ကျန်လူနာများကို အနီးနားရှိ အခြားဆေးရုံသို့ လွှဲပြောင်းပေးခဲ့ပြီး ဆေးရုံတွင် တစ်ဦးတစ်ယောက်မျှ ကျန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဆေးရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခွဲစိတ်ခန်းနှင့် လူနာတင်ယာဉ်များ ပျက်ဆီးသွားကာ လူနာများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းခဲ့ရကြောင်း သိရပါသည်။

ယင်းဆေးရုံသည် မကြာသေးမီလများအတွင်း အစ္စရေးတပ်ဖွဲ့များ၏ အကြိမ်ကြိမ် တိုက်ခိုက်ခြင်းခံခဲ့ရသည်။

“ဟားမတ်စ်” လို့ သံသယရှိသူများနှင့် ဆေးရုံဒါရိုက်တာကို ဖမ်းဆီထားကြောင်း အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၂၈ ရက်နေ့က ဝန်ခံထားပါတယ်။ ဆေးရုံကို ဟားမတ်စ် အကြမ်းဖက် စခန်းအဖြစ် အသုံးပြုနေသည်ဟု စွတ်စွဲထားပြီး ဟားမတ်စ်နှင့် အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့မှ အဖွဲ့ဝင် ၂၄၀ ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း အစ္စရေးအာဏာပိုင်များက ကြေညာခဲ့သည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ဟားမတ်စ်တို့က ကုလသမဂ္ဂနှင့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများထံ ချက်ချင်းဝင်ရောက်စွက်ဖက်ရန် တောင်းဆိုခဲ့သည်။ လက်ရှိ အခြေအနေကို စစ်ဆေးရန် နိုင်ငံတကာ လေ့လာသူ မစ်ရှင်တစ်ခု စေလွှတ်ပေးရန် ၎င်းတို့ တောင်းဆိုခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဆေးရုံကို အစ္စရေးတပ်ဖွဲ့များက ဝိုင်းရံထားပြီး “လူတိုင်းကို ထွက်ခွာဖို့ အမိန့်ပေးထားတယ်” ဟု ဆေးရုံဒါရိုက်တာက ဆိုရှယ်မီဒီယာတွင် ပြောဆိုခဲ့ပါသည်။။

“ဝန်ထမ်းတွေနဲ့ လူနာတွေကို အပြင်မှာ စုဝေးခိုင်းတယ်” ဟု သူနာပြုများက ပြောပါသည်။ ချမ်းအေးနေသည့်အပြင်ဘက်တွင် လူနာများ၏ အဝတ်အစားများကို ချွတ်ခိုင်းခဲ့သည်ဟုဆိုသည်။ ယောက်ျား၊ မိန်းမ ခွဲခြား၍ အဝတ်အစားများ ချွတ်ခိုင်းပြီး ငြင်းဆိုသူများကို အစ္စရေးစစ်တပ်က ရိုက်နှက်ခဲ့သည်ဟု သိရသည်။

အစ္စရေးစစ်တပ်ကို CNN က တွေ့ဆုံမေးမြန်းခဲ့ရာ “အကြမ်းဖက်သမားဟု သံသယရှိသူများအား ဖမ်းဆီးခြင်း၊ နှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းများကို နိုင်ငံတကာဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း” ပြောဆိုခဲ့သည်။

အစ္စရေး တိုက်ခိုက်မှုကြောင့် လူနာတစ်ဦး သေဆုံးပြီးနောက် ဆေးရုံတွင် မီးလောင်မှု ကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း သူနာပြုများက ပြောကြားခဲ့သည်။ သို့သော်လည်း အစ္စရေးစစ်တပ်က ၎င်းသည် “လူမရှိသော အဆောက်အဦအတွင်း သေးငယ်သော မီးလောင်မှုဖြစ်သည်” ဟု ဆိုကာ ယင်းတို့၏ တိုက်ခိုက်မှုကြောင့် မဟုတ်ဟု ငြင်းဆိုခဲ့သည်။

“ ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ နောက်ဆုံးကျန်နေသည့် အဓိကဆေးရုံ၏ လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားခဲ့သည်။ ဒေသတွင်း ဆေးဘက်ဆိုင်ရာစနစ်ကို ဖျက်သိမ်းလိုက်ခြင်းသည် ပါလက်စတိုင်း ထောင်ပေါင်းများစွာ၏ သေဆုံးမှုကို ထိခိုက်စေနိုင်သည်” ဟု WHO မှ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ပြီး ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်က လူမှုမီဒီယာတွင် “အစ္စရေး၏ ထပ်ခါတလဲလဲ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းနိုင်ငံအတွင်း လည်ပတ်နေသော ဆေးဘက်ဆိုင်ရာ အဆောက်အအုံ အရေအတွက် လျော့နည်းသွားပြီး လူများ၏ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များနှင့် အခွင့်အရေးများကို အကာအကွယ်ပေးနိုင်ရန် အစ္စရေးကို ဆေးရုံများကို တိုက်ခိုက်နေသည်ကို ရပ်တန့်ရန် တိုက်တွန်းထားကြောင်း” ယနေ့ ဒီဇင်ဘာ (၃၀) ရက်နေ့တွင် ပြောကြားခဲ့သည်။

သတင်းရင်းမြစ်များ။ CNN ဂျပန်၊ NHK, Middle East Eye

ဓာတ်ပုံများ။

ဒီဇင်ဘာလ ၁၈ ရက်နေ့၌ ပျက်စီးသွားသော ဆေးရုံ၏ အတွင်းပိုင်းကို ပြသနေသည့် ဒါရိုက်တာ ဒေါက်တာ ဟူဆမ် အာဘူး ဆာဖီယာ (Dr Hussam Abu Safiyah) /Reuters

ကာမယ်အက်(ဒ)ဝင် ဆေးရုံမှာ လူနာများကိုအခြားဆေးရုံသို့လွှဲပြောင်းခဲ့စဉ် (ဒီဇင်ဘာလ ၂၈ ရက်/ Dawoud Abo Alkas / Anadolu / Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို