နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

‌(၄)နှစ်တာစစ်ဆင်ရေးထဲ ချင်းညီနောင်တပ်ဖွဲ့ဝင် (၂၅၀)ဝန်းကျင် ကျဆုံးခဲ့

ဒီဇင်ဘာလ (၃၁)ရက်။

(၄)နှစ်တာကာလ ချင်းညီနောင်စစ်ဆင်ရေးထဲ တပ်ဖွဲ့ဝင် (၂၅၀)ဝန်းကျင် ကျဆုံးခဲ့တယ်လို့ CDF-MINDAT စစ်ဦးစီးချုပ် ဆလိုင်းထန်ချွန်းဖေရဲ့ မနေ့ကပြုလုပ်တဲ့ ချင်းညီနောင်(၁)နှစ်ပြည့်မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ (၄)နှစ်ကျော်ကာလမှာ အဖွဲ့အစည်းအသီးသီးက ကျဆုံးရဲဘော် (၂၀၀)နဲ့ (၃၀၀)ကြားပေ့ါ၊ စုစုပေါင်း (၂၅၀)ဝန်းကျင်လောက် ကျဆုံးခဲ့ပြီးတော့ တပ်ဖွဲ့ဝင်ပေါင်း (၁၀၀၀)လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ” လို့ ဆိုပါတယ်။

ချင်းညီနောင်တပ်ဖွဲ့ဝင်တွေအနေနဲ့ ချင်းပြည်နယ်အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ယောနယ်ထဲရှိ မဟာမိတ်တွေနဲ့ ပူးပေါင်းကာ စစ်ဆင်ရေးနဲ့ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အခုနှစ်ထဲ ချင်းညီနောင်စစ်ဆင်ရေးအနေနဲ့ ကျင်ဒွေးမြို့၊ မတူပီမြို့၊ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကာ ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ပြောဆိုထားပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲထဲ ချင်းညီနောင်တွေဘက်က မြို့ကို အလုံးစုံ ထိန်းချုပ်ထားကာ စစ်ကောင်စီက လေကြောင်းကနေ စစ်ကူပို့တဲ့ အင်အား (၁၀၀)ကျော်ကိုလဲ ချေမှုန်းနိုင်ခဲ့ပြီး ကျန်ရှိတဲ့ ခလရ(၂၆၈)တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချင်းညီနောင်စစ်ဆင်ရေးထဲ စစ်ကောင်စီထံကနေ ဟောင်ဝစ်ဇာနဲ့ လေယာဉ်ပစ် လက်နက်ကြီးတွေအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် (၁၀၀၀)ခန့် သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်း (၆၀၀)ဦးခန့် ဖမ်းမိခဲ့တယ်လို့ ထပ်မံပြောဆိုထားပါတယ်။

ချင်းညီနောင်ကို ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU)၊ CDF-KANPETLET၊ CDF-Matupi တပ်မဟာ(၁)နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC)တို့ ပူးပေါင်းဖွဲ့စည်းထားတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 32 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 28 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 35 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 34 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့
မြန်မာသတင်း

ယင်းမာပင်တပ်ရင်းထဲ မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းကျင့်ခံရတဲ့အပေါ် မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ ပြင်းထန်စွာရှုတ်ချ

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 38 Views
မတ်လ (၆)ရက်။ ယင်းမာပင်တပ်ရင်း(၂၀)ထဲ တပ်ဖွဲ့ဝင် မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ မြန်မာနိုင်ငံလုံဆိုင်ရာ မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချိုးဖောက်တဲ့ ပြစ်ဒဏ်ကြောင့် တပ်ထဲပြစ်ဒဏ်တွေ ချမှတ်တာဟာ သက်ဆိုင်ရာ စည်းမျဉ်းဥပဒေနဲ့သာ သက်ဆိုင်ပြီး ခွင့်မလွှတ်နိုင်စရာကိစ္စလို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်ကို ကြိုဆိုတယ်ဆိုပြီး အီးယူထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 44 Views
မတ်လ (၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ်ငြိမ်းပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်ဆိုပြီး အီးယူက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုတွဲတွေ
မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 30 Views
မတ်လ (၅)ရက်။ နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နိုင်ငံထဲမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိပါတယ်။ နောက်ပြီး
မြန်မာသတင်း

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA ရဲဘော် (၅)ဦး ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 34 Views
မတ်လ (၅)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်သားတွေက စစ်တပ်နဲ့