၁၆ ဆင့် ရှုံးထွက်ပွဲစဉ်တွင် ဂျပန်အသင်း ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း ဂျပန်အသင်းသည် (၁၆) သင်းအဆင့်သို့ တက်လှမ်းခဲ့ပြီး ဆုငွေ ဒေါ်လာ (၁၃) သန်းကို ရရှိခဲ့သည်။
အကယ်၍ ဂျပန်အသင်းနှင့် ကိုရီးယားအသင်းတို့က ကွာတာဖိုင်နယ်ကို တက်ရောက်နိုင်ပါက ဒေါ်လာ (၁၇) သန်း ရရှိမည် ဖြစ်သည်။
ယခုနှစ် ကမ္ဘာ့ဖလားအတွက် ဆုကြေးသည် အမေရိကန်ဒေါ်လာ သန်း ၄၄၀ ဖြစ်ပြီး ကမ္ဘာ့ဖလားသမိုင်းတွင် အများဆုံး ဖြစ်သည်။
ချန်ပီယံနိုင်ငံအသင်းသည် ဒေါ်လာ (၄၂) သန်း၊ ဒုတိယအသင်းသည် ဒေါ်လာ သန်း (၃၀) နှင့် တတိယအသင်းသည် ဒေါ်လာ (၂၇) သန်း ရရှိမည်ဖြစ်ပြီး စတုတ္ထအသင်းသည် ဒေါ်လာ (၂၅) သန်း ရရှိမည်ဖြစ်သည်။
Source: FIFA