နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဗမာပြည်နယ်ပေါ်ထွန်းဖို့ ဗမာလူမျိုးစုတပ်မတော် ဖွဲ့စည်းကြောင်း ထုတ်ပြန်

ဇန်နဝါရီလ (၁)ရက်။

ဗမာပြည်နယ် ပေါ်ထွန်းဖို့အတွက် ဗမာပြည်သူတွေကို ကိုယ်စားပြုမယ့် ဗမာ့တပ်တော်(သို့မဟုတ်) ဗမာလူမျိုးစုတပ်မတော် ဖွဲ့စည်းကြောင်း ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အာဏာရှင်တွေဟာ ပြည်နယ်အသစ်တွေနဲ့ ဗမာပြည်နယ် ပေါ်ထွန်းလာမှာကို မနှစ်မြို့ဘဲ သူတို့စိတ်ကြိုက် အာဏာတည်ဆောက်ဖို့ ဗမာလူမျိုးကြီးဝါဒ ကြီးစိုးဖို့ကို အကောင်အထည်ဖော်ခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ မန္တလေးတို့မှာ တော်လှန်ရေးအဖွဲ့တွေ ပြန့်ကျဲနေတာအပြင် မိတ်ဖက်ပဋိပက္ခများစွာ ဖြစ်ပေါ်တာတွေကြောင့် တော်လှန်ရေးအောင်မြင်ဖို့ နှောင့်နှေးနေတာလို့ ဖော်ပြထားပါတယ်။

နောက်ပြီး တော်လှန်ရေးအဖွဲ့တွေအနေနဲ့ တိကျတဲ့ မူဝါဒ‌တွေ အခြေခံတဲ့ နိုင်ငံရေးခံယူချက်တွေ မရှိတဲ့အပြင် နိုင်ငံရေးအတွေးအခေါ်မပါတဲ့ တော်လှန်ရေးကိုသာ ဆင်နွှဲနေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဒေသစွဲ၊ အဖွဲ့အစည်းစွဲတွေ ဖြစ်ပေါ်နေပြီး ဒေသတစ်ခုထဲ စိုးမိုးနိုင်ရေးကိုသာ ဆောင်ရွက်နေကာ စစ်အာဏာရှင်အပေါ် မုန်းတီးစိတ်ကို အခြေခံပြီး ရေတိုစစ်ရေးဖော်ဆောင်တာလို့ ပြောဆိုထားပါတယ်။

ဒီလိုအချက်တွေကြောင့် ဗမာပြည်နယ်ပေါ်ထွန်းနိုင်ဖို့အတွက် ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေးနဲ့ မဟာမိတ်မူဝါဒတွေအပေါ်  လက်တွဲပူးပေါင်းဆောင်ရွက်ဖို့နဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့အပါအဝင် ရည်မှန်းချက်တူပြီး ပူးပေါင်းလိုတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပေါင်းစည်းဖွဲ့စည်းတာလို့ ထုတ်ပြန်ထားပါတယ်။

အခုလို ဗမာလူမျိုးကိုယ်စားပြုတဲ့ ဗမာ့တပ်တော်ကို စတင်ဖွဲ့စည်းတယ်လို့ ကြေညာထားပေမယ့် ဘယ်အဖွဲ့တွေပါဝင်တယ်ဆိုတာနဲ့ ဘယ်သူတွေ ဦးဆောင်တယ်ဆိုတာကို ဖော်ပြထားတာမရှိသေးပါဘူး။

ဗမာလူမျိုး ကိုယ်စားပြုတဲ့ ဗမာ့တပ်တော် (သို့မဟုတ်) ဗမာ့လူမျိုးစုတပ်တော်(Burma Army)ကို နိုင်ငံရေးမူဝါဒ (၅)ရပ်၊ စစ်ရေးမူဝါဒ (၆)ရပ် ချမှတ်ပြီး တပ်တော်ဖွဲ့စည်းပုံကို စုဖွဲ့မှုပုံစံအသစ်နဲ့ ဒီကနေ့မှာ စတင်ဖွဲ့စည်းတာလို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 15 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 13 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 15 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 15 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 31 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို