နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

သင်္ဘောတွေမှာ ဘတ္ထရီစနစ်သုံးဖို့ စစ်ခေါင်းဆောင် တိုက်တွန်း

ဇန်နဝါရီလ (၂)ရက်။

သင်္ဘောတွေမှာ ဘတ္ထရီစနစ် အသုံးပြုနိုင်ဖို့ သုတေသနပြုဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်ရှိ ဒလသင်္ဘောကျင်း နှစ်(၁၅၀)ပြည့်ပွဲမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

သင်္ဘောခုတ်မောင်းသွားလာဖို့ အင်ဂျင်တွေဟာ ကျောက်မီးသွေးသုံး ဘွိုင်လာကနေ ဒီဇယ်အင်ဂျင်အထိ နည်းပညာပိုင်းအရ ပြောင်းလဲလာတယ်လို့ ဆိုပါတယ်။

ဒီကနေ့ကာလမှာ ကုန်းလမ်းပို့ဆောင်ရေးယာဉ်တွေဟာ လျှပ်စစ်၊ ဘတ္ထရီ စတဲ့ စွမ်းအားတွေ အသုံးပြုနေပြီဖြစ်တာကြောင့် သင်္ဘောတွေမှာ ဘတ္ထရီစနစ် အသုံးပြုဖို့ သူက တိုက်တွန်းထားတာပါ။

နောက်ပြီး မြန်မာနိုင်ငံမြောက်ဖျားကနေ တောင်ဘက် ဧရာဝတီမြစ်ဝှမ်းအထိ သွားလာနေတဲ့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တွေကို ရာသီမရွေး အသုံးချနိုင်ဖို့ ညွှန်ကြားခဲ့ပါသေးတယ်။

ဒါ့အပြင် ပင်လယ်လမ်းကြောင်းတလျှောက် ကူးသန်းသွားလာမှု မြှင့်တင်ဖို့အပြင် စီးပွားရေးတွက်ခြေကိုက်တဲ့ ရေယာဉ်တွေကို ထိန်းသိမ်းပြုပြင်ကာ ပိုမိုတည်ဆောက်ပြီး ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေနဲ့ မြစ်တွင်း သယ်ယူပို့ဆောင်ရေးသာမက ကမ်းရိုးတန်းခရီးစဉ်နဲ့ မြစ်တွင်းခရီးစဉ်ပေါင်းပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ဘေးကင်းလုံခြုံစွာနဲ့ ဆောင်ရွက်ဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေ လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီသံရုံး ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 2 Views
ဇန်နဝါရီလ (၆)ရက်။ မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေအနေနဲ့ လာရောက်လျှောက်ထားနိုင်တယ်လို့ စင်္ကာပူရှိ စစ်ကောင်စီသံရုံးက အခုရက်ပိုင်းထဲ ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေအနေနဲ့
မြန်မာသတင်း

ဗန်းမော်မြို့ မကျစေဖို့ စစ်‌ကောင်စီက အပြင်းအထန် ခုခံနေပြီး အရပ်သား ထိခိုက်သေဆုံးတာ အများအပြားရှိ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 2 Views
ဇန်နဝါရီလ (၆)ရက်။ ဗန်းမော်မြို့ လက်မလွှတ်ရစေဖို့ စစ်ကောင်စီဘက်က အပြင်းအထန် ခုခံနေကာ နေအိမ်နဲ့ အရပ်သား ထိခိုက်သေဆုံးတာ အများအပြားရှိခဲ့တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့
မြန်မာသတင်း

ရန်ကုန်မှာ လျှပ်စစ်မီးကို တစ်ရက် (၈)နာရီသာ စစ်ကောင်စီပေးနိုင်တော့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 2 Views
ဇန်နဝါရီလ (၆)ရက်။ မနေ့ကစပြီး ရန်ကုန်တိုင်းရှိ မြို့နယ်တွေမှာ တစ်ရက်ကို လျှပ်စစ်မီး (၈)နာရီခန့်သာ ပေးတော့မယ်လို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ထယးချက်အရ သိရပါတယ်။ “ အခု ရန်ကုန်မှာ အုပ်စုတွေခွဲပြီး တရက်ကို (၈)နာရီလောက်ပဲပေးတော့မယ်လို့ လျှပ်စစ်ရုံးတွေက
မြန်မာသတင်း

လွတ်ငြိမ်းထဲ နိုင်/ကျဉ်း (၆၀၀)ခန့်ပါတယ်လို့ စစ်ကောင်စီပြောပေမယ့် မြေပြင်နဲ့ ကွာခြားနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 3 Views
ဇန်နဝါရီလ (၆)ရက်။ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းသက်သာခွင့်ထဲ နိုင်ငံရေးအကျဉ်းသား (၆၀၀)ခန့်ပါတယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် မြေပြင်နဲ့ ကွာခြားနေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၅၈၀၀)ကျော်ကို လွှတ်ပေးခဲ့တဲ့အထဲ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်စစ်ရှောင် (၂၀၀)ခန့်ပါတဲ့ စက်လှေတစ်စီးကို ဟိုင်းကြီးကျွန်းနား စစ်ကောင်စီရေတပ်က ဖမ်းဆီးထိန်းသိမ်းထား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 2 Views
ဇန်နဝါရီလ (၆)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့က ရခိုင်စစ်ဘေးရှောင် (၂၀၀)ခန့်ပါတဲ့ စက်လှေကြီးတစ်စီးကို စစ်ကောင်စီရေတပ်က ဟိုင်းကြီးကျွန်းအနီးမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ငပုတော ဟိုင်းကြီးကျွန်းနား ရေလယ်မြစ်ဝမှာ ရခိုင်ဘက်က စစ်ရှောင်စက်လှေတစ်စီး ရောက်နေတယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဒီဇင်ဘာလထဲ စစ်ကောင်စီတပ်သားနဲ့ ရဲ (၂၈)ဦး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 6 Views
ဇန်နဝါရီလ (၆)ရက်။ ၂၀၂၄ခုနှစ် ဒီဇင်ဘာလထဲ စစ်ကောင်စီဘက်က တပ်သားနဲ့ ရဲ (၂၈)ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူတို့တွေဟာ NUG ရဲ့ ပြည်သူ့ရင်ခွင် အကောက်အထည်ဖော်ဆောင်မှု
မြန်မာသတင်း

ဝက်လက်မှာ အင်အား (၇၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂၀)ကျော်သေဆုံးကာ (၃)ဦးဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 7 Views
ဇန်နဝါရီလ (၆)ရက်။ မနေ့က ဝက်လက်မြို့နယ် အုန္နဲဘုတ်ရွာကို ဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီရဲ့ အင်အား (၇၀)ခန့်ပါတဲ့ တပ်မ(၃၃)စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုန္နဲဘုတ်ရွာကို ဝင်ရောက်စီးနင်းထားတဲ့ အင်အား
မြန်မာသတင်း

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးအပါအဝင် (၄၀)ကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 7 Views
ဇန်နဝါရီလ (၆)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့က လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်နီမော်ရွာမှာ တပ်စွဲထားတဲ့ စကစစခန်းတွေကို တိုက်ခိုက်ခဲ့တာမှာ စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး