နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ဥရောပသို့ ယူကရိန်းမှတဆင့် ရုရှားမှ ဓာတ်ငွေ့ပေးပို့နေမှုကို ယူကရိန်း ရပ်ဆိုင်း

ဇန်နဝါရီလ (၂) ရက်။

ဇန်နဝါရီလ (၁) ရက် ဗုဒ္ဓဟူးနေ့တွင် မော်စကိုနှင့် အဓိကသဘောတူညီချက်တစ်ရပ် သက်တမ်းကုန်ဆုံးပြီးနောက် ၎င်း၏ပိုင်နက်နယ်မြေအတွင်းမှ ဖြတ်သန်း၍ ရုရှားဓာတ်ငွေ့များ ဥရောပသို့ ပို့ဆောင်မှုကို ရပ်တန့်ရန် ယူကရိန်းက ကတိပြုထားသည်။

ယူကရိန်း၏ ကူးသန်းသွားလာရေး သဘောတူညီချက်ကို သက်တမ်းတိုးရန် ငြင်းဆိုမည်ဟု မျှော်လင့်ထားသော်လည်း ရုရှားနှင့် ၎င်း၏ အလုံးစုံစစ်ပွဲ သုံးနှစ်နီးပါးကြာပြီးနောက်တွင် ဥရောပသည် မော်စကို၏ ဓာတ်ငွေ့တင်သွင်းမှုဝေစုကို သိသိသာသာလျော့ချ ဖြတ်တောက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနက “ အမျိုးသား လုံခြုံရေး အကျိုးစီးပွားအတွက်” သဘောတူညီချက်ကို အဆုံးသတ်လိုက်ကြောင်း ပြောကြားခဲ့သည်။

“ရုရှားဓာတ်ငွေ့ ဖြတ်သန်းမှုကို ရပ်တန့်လိုက်ပါပြီ။ ဒါဟာ သမိုင်းဝင်ဖြစ်ရပ်ပါ” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ၎င်း၏ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ သက်တမ်းကုန်ဆုံးချိန်မတိုင်မီ ပြင်ဆင်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ယင်းလုပ်ရပ်သည် မော်စကို၏ အကြီးမား ဆုံးသော ရှုံးနိမ့်မှုတစ်ခုဟု ခေါ်ဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့က တယ်လီဂရမ် ပို့စ်တစ်ခုတွင် ၎င်းက မော်စကိုအနေနှင့် “စွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုကာ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကို စွမ်းအင်ဖြင့် ခြိမ်းချောက်အကြပ်ကိုင်ခြင်းသည် ညစ်ပတ်သောလုပ်ရပ်အဖြစ်” စွပ်စွဲခဲ့ပြီး အမေရိကန်သည် ဥရောပသို့ ဓာတ်ငွေ့များ တိုးမြှင့် ပေးမည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ယူကရိန်းနိုင်ငံမှ Naftogaz ကုမ္ပဏီနှင့် ဓါတ်ငွေ့ပို့ဆောင်ဖြတ်သန်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည့် ကရင်မလင်ပိုင် ဓာတ်ငွေ့ကုမ္ပဏီ Gazprom သည် လွန်ခဲ့သည့် နှစ်တွင် ဒေါ်လာ ၆.၉ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း၊ ဥရောပသို့ ရောင်းချမှု လျော့နည်းသွားခြင်း ကြောင့် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ဆုံးရှုံးမှုဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ ထိုကုမ္ပဏီသည် ဝယ်သူအသစ်ဖြစ်သည့် တရုတ်နိုင်ငံသို့ တင်ပို့မှုမြှင့်တင်ရန် ကြိုးပမ်းနေသော်လည်း ဝင်ငွေတက်မလာခဲ့ပေ။

ယူကရိန်းသည် ရုရှားထံမှ ဖြတ်သန်းခ တစ်နှစ်လျှင် ဒေါ်လာ သန်း ၈၀၀ ခန့် ဆုံးရှုံးမှုကို ရင်ဆိုင်ရပြီး Gazprom သည် ဓာတ်ငွေ့ရောင်းချမှုတွင် ဒေါ်လာ ၅ ဘီလီယံနီးပါး ဆုံးရှုံးမည်ဟု သတင်းအေဂျင်စီက ဆိုသည်။ ရုရှားဓာတ်ငွေ့ကို ဝယ်ယူဆဲ ဥရောပနိုင်ငံအများအပြားသည် မကြာခင်က အစားထိုးထောက်ပံ့ရေးလမ်းကြောင်းများ စီစဉ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘရပ်ဆဲလ် အခြေစိုက် ဘရူဂျဲလ် အကြံပေးအဖွဲ့ (Think Tank Bruegel) ၏အဆိုအရ အဆိုပါ သဘောတူညီချက်သည် ဥရောပသမဂ္ဂ၏ စုစုပေါင်းဓာတ်ငွေ့တင်သွင်းမှု၏ ၅ ရာခိုင်နှုန်းခန့် ရှိပြီး သြစတြီးယား၊ ဟန်ဂေရီနှင့် စလိုဗက်ကီးယားတို့ကို အဓိက ထောက်ပံ့ပေးပို့ခဲ့သည်ဟု သိရသည်။ ယခုအခါ သက်တမ်းကုန်ပြီးနောက်တွင် ဥရောပသည် ပိုက်လမ်းလမ်းကြောင်း တစ်ခုတည်းမှတစ်ဆင့်သာ ရုရှားထံမှဓာတ်ငွေ့ပိုက်လိုင်းကို လက်ခံရရှိတော့မည်ဖြစ်သည်။ Turkstream ပိုက်လိုင်းသည် တူရကီကိုဖြတ်၍ ဘူလ်ဂေးရီးယား၊ ဆားဘီးယားနှင့် ဟန်ဂေရီသို့ သွယ်တန်းကြောင်းဘရုဂျယ် (Bruegel) မှ ပြောကြားခဲ့သည်။

ယူရေးရှားအုပ်စု (Eurasia Group) မှ စွမ်းအင်၊ ရာသီဥတုနှင့် အရင်းအမြစ်များ အကြီးအကဲ ဟန်းနင်း ဂလိုစတိန်း (Henning Gloystein) က သဘောတူညီချက် အဆုံးသတ်သွားခြင်းမှာ အံ့သြစရာမဟုတ်သော်လည်း ကြာသပတေးနေ့တွင် စျေးကွက်များ ပြန်လည်ဖွင့်သောအခါတွင် ဓာတ်ငွေ့စျေးနှုန်းများ ခုန်တက်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သို့သော် “ ယခင်ရုရှားမှပေးပို့သော ထောက်ပံ့ရေးလမ်းကြောင်း ဖြတ်တောက်မှုများအတွင်း မြင်တွေ့ရသည့်အတိုင်း ကြီးမားသော စျေးနှုန်းမြင့်တက်မှုသည် EU တင်သွင်းသူများသည် ဤ (အခြေအနေအတွက်) ကြာမြင့်စွာ ပြင်ဆင်ထား နိုင်သည်” ဟု သူက CNN သို့ပြောကြားခဲ့ပြီး ဥရောပ နိုင်ငံအများစုသည် ပျော့ပြောင်းသော ဆောင်းရာသီဖြင့်သာ စတင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် သဘောတူညီချက် သက်တမ်းကုန်ဆုံးမည့် ဖြစ်နိုင်ခြေအတွက် ပြင်ဆင်ရန် နိုင်ငံများနှင့် တစ်နှစ်ကျော် လက်တွဲလုပ်ဆောင်ခဲ့ကြောင်း ဥရောပကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက CNN သို့ ပြောကြားခဲ့သည်။

“ ဥရောပဓာတ်ငွေ့အခြေခံအဆောက်အအုံသည် ရုရှားမှမဟုတ်သည့်ဓာတ်ငွေ့များကို အစားထိုးလမ်းကြောင်းများမှတစ်ဆင့် (အလယ်ပိုင်းနှင့် အရှေ့ဥရောပ) သို့ ဓာတ်ငွေ့ပေးဆောင်ရန် လုံလောက်သော ပြောင်းလွယ် ပြင်လွယ်ဖြစ်သည့် အခြေခံတည်ဆောက်ထားမှုရှိသည်” ဟု ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောကြားခဲ့သည်။ “ ၎င်းကို၂၀၂၂ ခုနှစ်ကတည်းက သိသာထင်ရှားသော (သဘာဝဓာတ်ငွေ့ရည်) တင်သွင်းနိုင်မှုအသစ်များဖြင့် အားဖြည့်ထားသည်။”

“ ကျွန်တော်တို့ အိမ်စာကို လုပ်ခဲ့ပြီး ဒီအခြေအနေအတွက် ကောင်းကောင်းပြင်ဆင်ထားပါတယ်” ဟု သြစတရီးယား (Austria) စွမ်းအင်ဝန်ကြီး လီယွန်နိုရေ ဂေါ်ဝက်စ်လာ(Leonore Gewessler) က X တွင် ဗုဒ္ဓဟူးနေ့အစောပိုင်းက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပြီး နိုင်ငံ၏စွမ်းအင်ကုမ္ပဏီများသည် ရုရှားမဟုတ်သော ပေးသွင်းသူအသစ်များကို ရှာဖွေနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သို့သော်လည်း ယူကရိန်းမှတစ်ဆင့် ရုရှားဓာတ်ငွေ့ စီးဆင်းမှုကို ရပ်တန့်လိုက်ခြင်းသည် အီးယူအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိမည်ဖြစ်သော်လည်း ရုရှားအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း စလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဖီကိုက သဘောတူညီချက် ပြီးဆုံးပါက ဥရောပတွင် သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား စျေးနှုန်းများ မြင့်မားလာမည်ဟု ယခင်က စောဒကတက်ခဲ့ကြောင်း အဆိုပါ သတင်းဌာနက ဆိုသည်။

ဤအချက်က ဥရောပအတွက် ဘဘယ်လို ဖြစ်လာမလဲ။

+++++++++++++++++++++++++++++++

ရုရှားသည် ယူကရိန်းကို ၂၀၂၂ ခုနှစ်တွင် အပြည့်အ၀ကျူးကျော်မှု မစတင်မီတွင်၊ ရုရှားသည် ဥရောပသမဂ္ဂ၏ သဘာဝဓာတ်ငွေ့ အကြီးမားဆုံး ထောက်ပံ့သူဖြစ်သည်။ ဥရောပကောင်စီ၏ အဆိုအရ အဆိုပါအဖွဲ့သည် ရုရှား၏ပိုက်လိုင်းဓာတ်ငွေ့တင်သွင်းမှုဝေစုကို ၂၀၂၁ ခုနှစ်တွင် ၄၀% ကျော်မှ ၂၀၂၃ ခုနှစ်တွင် ၈% ခန့်သို့ လျှော့ချလိုက်ကြောင်း သိရသည်။

အဆိုပါ ကွာဟချက်ကို ဖြည့်ဆည်းရန်အတွက် ဥရောပသည် အမေရိကန်နှင့် အခြားနိုင်ငံများမှ ပင်လယ်ရေနံတင်သင်္ဘောများမှတစ်ဆင့် သယ်ယူနိုင်သော အေးခဲထားသော သဘာဝဓာတ်ငွေ့ရည် (LNG) အမြောက်အမြားကို တင်သွင်းခဲ့ပြီး နော်ဝေမှ ဓာတ်ငွေ့များအပြင် ပိုက်လိုင်းမှ ဓာတ်ငွေ့များလည်း တင်သွင်းခဲ့သည်။ အီးယူသည် ၎င်း၏ နေအိမ်များကို အပူပေးပြီး ၎င်း၏စက်ရုံများကို လျှပ်စစ်ဓာတ်အားပေးရန်အတွက် ရုရှား LNG တင်သွင်းမှုကိုလည်း အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း ၂၀၂၇ ခုနှစ် နောက်ဆုံးထား သတ်မှတ်ထားသည့် နောက်ဆုံးရက်ကို ရင်ဆိုင်နေရပြီး ရုပ်ကြွင်းလောင်စာအားလုံးအပေါ် ရုရှားအား မှီခိုနေရမှုကို ဖြတ်တောက်ရန် စီစဉ်ထားသည်။

ယူကရိန်းမှ ဖြတ်သန်းပြီးတင်ပို့ရေး သဘောတူညီချက်မှ ရုရှားဓာတ်ငွေ့ကို လက်ခံရရှိသည့် နိုင်ငံများ သည် စွမ်းအင်ပြတ်လပ်မှု အန္တရာယ် မကြုံရဘဲ အခြားဥရောပနိုင်ငံများရှိ ပိုက်လိုင်းမှတစ်ဆင့် LNG သို့မဟုတ် သဘာဝဓာတ်ငွေ့ ပိုမိုတင်သွင်းခြင်းဖြင့် ကွာဟချက်အား ဖြည့်ဆည်းနိုင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြီးခဲ့သည့်လက CNN သို့ ပြောကြားခဲ့သည်။

သို့တိုင်အောင် စွမ်းအင်ဒေတာကုမ္ပဏီ Wood Mackenzie မှ အကြီးတန်း သဘာဝဓာတ်ငွေ့ သုတေသနပညာရှင် Massimo Di Odoardo က သဘောတူညီချက်၏ သက်တမ်းကုန်ဆုံးမှုသည် လာမည့်ဆောင်းရာသီမတိုင်မီ ဥရောပအတွက် ပိုမိုခက်ခဲ စေမည်ဖြစ်ကြောင်း ဒီဇင်ဘာလ နှောင်းပိုင်းတွင် CNN သို့ပြောကြားခဲ့သည်။ ထိုအချက်သည် ဥရောပဓာတ်ငွေ့ဈေးနှုန်းများသည် ၎င်းတို့၏ လက်ရှိ စျေးနှုန်းနှင့် နီးကပ်နေနိုင်ဖွယ် ရှိခြင်း သို့မဟုတ် ၂၀၂၅ ခုနှစ်တွင် မြင့်တက်လာနိုင်သည်ဟု ၎င်းက ဆိုသည်။

စျေးနှုန်းများသည် ၂၀၂၂ ခုနှစ် နွေရာသီတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း ၎င်းတို့၏ သမိုင်းဝင်အဆင့်ထက် နှစ်ဆကျော် ရှိနေသည်။

ဒေသတွင်းတွင် ပြင်းထန်တဲ့ လက္ခဏာတွေ ရှိနေပြီဖြစ်သည်။ ယူကရိန်းမှတစ်ဆင့် ရုရှားဓာတ်ငွေ့ကို လက်ခံရရှိသည့် မော်လ်ဒိုဗာ၏ ခွဲထွက်ဒေသဖြစ်သည့် Transnistria သည် သယ်ယူပို့ဆောင်ရေးသဘောတူညီချက် သက်တမ်းကုန်ဆုံးပြီးနောက် အိမ်ထောင်စုများအတွက် အပူနှင့် ရေပူများ ထောက်ပံ့မှု ဖြတ်တောက်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

‘အမေရိကန်နှင့် သဘောတူညီချက်ရယူမှုကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ အစွန်းရောက်သဘောထားတင်းမာသူများ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော
Virus နိုင်ငံတကာသတင်း

ကိန်းဂဏန်းများက ဖော်ပြနေသည့် ဟန်တာဗိုင်းရပ်စ်(Hantavirus) အခြေအနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 17 Views
CNN – ၂၀၂၆၊ မေလ ၉ ရက် MV Hondius သင်္ဘောသည် တီနီရိုက်ဖ် (Tenerife) ကျွန်းသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

-ယခုနှစ် မော်စကိုမြို့၏ အောင်ပွဲနေ့စစ်ရေးပြအခမ်းအနားသည် ယခင်နှစ်များနှင့်မတူဘဲ အလွန်ထူးခြားနေခဲ့သည်။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 18 Views
စတိဗ် ရိုဆင်ဘာ့ဂ်ရေးသားသည် BBC- ၂၀၂၆ခုနှစ်၊မေလ (၁၀)ရက် ကျွန်တော် ရင်ပြင်နီ (Red Square) ပေါ်က အောင်ပွဲနေ့စစ်ရေးပြပွဲ အတော်များများကို တက်ရောက်ဖူးပါသည်။ သို့သော် ယခုနှစ်၏ အခမ်းအနားမှာမူ ယခင်နှစ်များနှင့် လုံးဝကွဲပြားခြားနားနေသည်ဟု ခံစားရသည်။ ယခင်နှစ်များကဆိုလျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 35 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး ထိန်းသိမ်းလိုက်သည့် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့သည်။ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) သည် အိုမန်ပင်လယ်ကွေ့အတွင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နယ်မြေသိမ်းပိုက်မှု အရှိန်အဟုန်ကို ယူကရိန်း ပြောင်းပြန်လှန်နိုင်ခဲ့ဖွယ်ရှိကြောင်း သုတေသနအဖွဲ့ ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 46 Views
Aljazeera – ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက် ဧပြီလအတွင်း ရုရှားစစ်သည် ၃၅,၀၀၀ ကျော် သေဆုံး သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သည်ဟု ယူကရိန်းက အခိုင်အမာ ပြောကြားနေချိန်တွင် မော်စကို၏
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 42 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 46 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-