နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နေရာဒေသတွေကို စက်သုံးဆီရောင်းချနေသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

ဇန်နဝါရီလ (၃)ရက်။

စစ်ကိုင်းနဲ့ မန္တလေးတို့က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာဒေသတွေဆီ စက်သုံးဆီ သိုလှောင်ရောင်းချနေသူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တရားမဝင် စက်သုံးဆီ သိုလှောင်ရောင်းချသူတွေဆိုပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၇)ဦးကို (၂၂)ဘီးကား၊ (၂၁)ဘီးကား၊ (၂၀)ဘီးကား၊ (၁၀)ဘီးကား၊ (၈)ဘီးကားနဲ့ (၆)ဘီးကားတွေအပါအဝင် ကား (၂၂)စီးနဲ့ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

သူတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့က မန္တလေးမြို့ သိန်းသန်းစက်သုံးဆီခြံ၊ ဆားတောင်မြို့က စက်သုံးဆီခြံ၊ မြင်းမူမြို့က စက်သုံးဆီခြံ၊ မြစ်ငယ်မြို့က စက်သုံးဆီခြံနဲ့ Golden Star စားသောက်ဆိုင်အနီး ရပ်ထားတဲ့ စက်သုံးဆီကားတွေကနေ ဖမ်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီစက်သုံးဆီတွေကို ရှောင်ကွင်းလမ်းတွေ အသုံးပြုပြီး နည်းလမ်းမျိုးစုံနဲ့ သယ်ဆောင်ကာ စစ်ကိုင်းက ကျေးရွာအချို့မှာ သိုလှောင်ပြီး စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းမြောက်ကို ပို့ဆောင်နေတာလို့ ရေးသားထားပါတယ်။

နောက်ပြီး စက်သုံးဆီတွေကို မန္တလေးမြို့ကနေတဆင့် ဧရာဝတီတံတား(ရတနာပုံ)ကိုဖြတ်ကာ စစ်ကိုင်း-ရှိန်းမကား-ကမ်းဖြူ-သစ်စိမ့်ကြီးကို စစ်ကိုင်း-ရွှေဘို အမှတ်(၃) ခရိုင်ချင်းဆက်လမ်းမအတိုင်း သယ်ဆောင်တာလို့ ပြောဆိုထားပါသေးတယ်။

အဲ့ဒီကနေတဆင့် KIA ထိန်းချုပ်ထားတဲ့ ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်လုပ်ငန်းတွေ၊ တနိုင်းရှိ ရွှေနဲ့ ပယင်းမှော်လုပ်ငန်းတွေ၊ PDF တွေထိန်းချုပ်ထားတဲ့ ကောလင်းဒေသနဲ့ ချင်းတွင်းမြစ်တလျှောက်အပြင် TNLA ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းဒေသနဲ့ မိုးကုတ်ဒေသက ရွှေနဲ့ ကျောက်မျက်လုက်ကွက်တွေဆီ ပို့ဆောင်ရောင်းချတာလို့လဲ ‌ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် ဖမ်းမိခဲ့သူ (၁၇)ဦးကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)နဲ့ ထိရောက်စွာ အရေးယူသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပြီး သိမ်းဆည်းရမိခဲ့တဲ့ ကားတွေနဲ့ စက်သုံးဆီတွေကို လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့