ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသ) ဒုဥက္ကဋ္ဌဟောင်း ကိုဂျိမ်း ခေါ် ကိုလင်းထက်နိုင်ကို အင်းစိန်ထောင်တွင်းတရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ထောင် ၃ နှစ် ချမှတ် လိုက်ကြောင်းသိရသည်။
ကိုလင်းထက်နိုင်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်က ဗိုလ်တထောင်မြို့နယ်ထဲမှာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ထောင်ဒဏ် တသက်အထိ ချလို့ရသည့် အကြမ်းဖက် ပုဒ်မ ၅၀(ည) ဖြင့်လည်း စစ်ကောင်စီက တရားထပ်မံစွဲဆိုထားကြောင်းသိရသည်။