နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

မလှိုင်မှာ စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့နေရာတွေ တပြိုင်ထဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးပြီး တပ်ကြပ်ကြီးတစ်ဦး ဖမ်းခံရ

ဇန်နဝါရီလ (၃)ရက်။

မနေ့က နံနက် (၁၀)နာရီအချိန်မှာ မလှိုင်မြို့နယ် သုံးတောင်ရွာနဲ့ သရက်ကောင်းပင်ရွာတွေက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ Guardians of Mahlaing ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနေ့က နံနက် (၁၀)နာရီလောက် သုံးတောင်ရွာနဲ့ သရက်ကောင်းပင်ရွာတွေက အကြမ်းဖက်စစ်တပ် အထိုင်ချတပ်စွဲထားတဲ့နေရာတွေကို တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ပွဲက (၁)နာရီဝန်းကျင်လောက်ကြာတယ်” လို့ ဆိုပါတယ်။

သုံးတောင်ရွာနဲ့ သရက်ကောင်းပင်ရွာတွေက စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့နေရာတွေကို တိုက်ခိုက်ခဲ့ရာ (၁)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ကြပ်ကြီးတစ်ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး G3 အမျိုးအစား သေနတ်(၃)လက်အပါအဝင် ကျည် (၅၅၀)တောင့်နဲ့ ကျည်ဘောက် (၆)ခုတို့ကိုလဲ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးတာကို တွေ့ရှိခဲ့ရသလို အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ်(၃၊၄၊၈၊၁၀)တပ်ရင်းတွေ၊ မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်း(MHLG-PDF)၊ နွားထိုးကြီး ပကဖနဲ့ မလှိုင်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မတ္ထီလာမြို့ ရဲတပ်ရင်း (၃၅)က စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 5 Views
ဇန်နဝါရီလ (၇)ရက်။ ဇန်နဝါရီလ (၄)ရက်နေ့က မိတ္ထီလာမြို့ ရဲတပ်ရင်း (၃၅)က စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Southern YSO
မြန်မာသတင်း

ထားဝယ်မှာ အပြန်အလှန်ပစ်ခတ်မှုထဲ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 5 Views
ဇန်နဝါရီလ (၇)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့ နေ့လယ် (၂)နာရီခန့်က ထားဝယ်မြို့ရှိ စစ်ကောင်စီရဲ့ မယ်ချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့
မြန်မာသတင်း

ပတ်စ်ပို့အတုလုပ်ပြီး ထိုင်းနဲ့ မလေးရှားကို အလုပ်သမားပို့ဆောင်သူတွေကို စစ်ကောင်စီဖမ်းဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 5 Views
ဇန်နဝါရီလ (၇)ရက်။ ပတ်စ်ပို့အတုပြုလုပ်ပေးပြီး ထိုင်းနဲ့ မလေးရှားကို အလုပ်သမားပို့ဆောင်ဖို့ စီစဉ်ပေးသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၉)ရက်နေ့က မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှာ မဲဆောက်ကို ယာယီဖြတ်သန်းခွင့်လက်မှတ်နဲ့ဖြတ်သန်းမယ့်
မြန်မာသတင်း

ရွှေဘိုမှာ အင်အား (၇၇)ဦးပါ စစ်ကောင်စီရဲ့ စခတ(၈)စစ်ကြောင်းဆီက လက်နက် (၄၅)လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 5 Views
ဇန်နဝါရီလ (၇)ရက်။ ဇန်နဝါရီလ (၅)ရက်နေ့ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ လယ်ကိုင်းရွာကနေထွက်လာတဲ့ အင်အား (၇၇)ဦးပါ စစ်ကောင်စီရဲ့ စခတ(၈)စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်ကြောင်းက ဇန်နဝါရီလ (၃)ရက်မှာ
မြန်မာသတင်း

ပုလောမြို့ စစ်ကောင်စီစရဖရုံး စီးနင်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားပြီး ရုံးကို မီးရှို့ရှင်းလင်းခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 5 Views
ဇန်နဝါရီလ (၇)ရက်။ မနေ့က ည (၁၁)နာရီ (၁၀)မိနစ်အချိန် ပုလောမြို့ အမှတ်(၂)ရပ်ကွက်ရှ်ိ စစ်ကောင်စီရဲ့ စရဖရုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညက ပုလောမြို့ စကစလက်အောက်ခံ
မြန်မာသတင်း

တစ်နှစ်တာထဲ တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူသို့ လှူဒါန်းငွေ ကျပ်(၇.၇)ဘီလီယံ ထောက်ပံ့ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 5 Views
ဇန်နဝါရီလ (၇)ရက်။ ပြီးခဲ့တဲ့ တစ်နှစ်တာထဲ တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူသို့ လှူဒါန်းထားတဲ့ ‌ကျပ်(၇.၇)ဘီလီယံကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်သူမှပြည်သူသို့ လှူဒါန်းငွေတွေကို နေရပ်စွန့်ခွာသူနဲ့ စစ်ဘေးရှောင်တွေအပါအဝင် စားနပ်ရိက္ခာကြိုတင်စီစဉ်မှု၊ CDM
မြန်မာသတင်း

မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေ လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီသံရုံး ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 13 Views
ဇန်နဝါရီလ (၆)ရက်။ မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေအနေနဲ့ လာရောက်လျှောက်ထားနိုင်တယ်လို့ စင်္ကာပူရှိ စစ်ကောင်စီသံရုံးက အခုရက်ပိုင်းထဲ ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေအနေနဲ့ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံနဲ့ လျှောက်ထားတင်ပြနိုင်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီသံရုံးက ထုတ်ပြန်ထားတဲ့အထဲ နိုင်ငံသားစွန့်လွှတ်လိုတဲ့
မြန်မာသတင်း

ဗန်းမော်မြို့ မကျစေဖို့ စစ်‌ကောင်စီက အပြင်းအထန် ခုခံနေပြီး အရပ်သား ထိခိုက်သေဆုံးတာ အများအပြားရှိ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 10 Views
ဇန်နဝါရီလ (၆)ရက်။ ဗန်းမော်မြို့ လက်မလွှတ်ရစေဖို့ စစ်ကောင်စီဘက်က အပြင်းအထန် ခုခံနေကာ နေအိမ်နဲ့ အရပ်သား ထိခိုက်သေဆုံးတာ အများအပြားရှိခဲ့တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမော်တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အသာစီးတိုက်ခိုက်နေတာပါ။ စခတွေဘက်က