နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းစစ်ပွဲ အဆုံးအဖြတ်အခန်းကဏ္ဍတွင် ထရန့်သည် ပြတ်ပြတ်သားသား ရပ်တည်နိုင်ဟု ဇင်လန်းစကီးပြော

ဇန်နဝါရီလ (၄)ရက်။

လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုတော့မယ့် ရွေးကောက်ခံသမ္မတ ထရန့်သည် “ဒီစစ်ပွဲရဲ့ အဆုံးအဖြတ်အခန်းကဏ္ဍမှာ ပါဝင်လာနိုင်တယ်* လို့ ပြောကြားခဲ့ပြီး ရုရှားရဲ့ စစ်ရေးကျူးကျော်မှုကို အဆုံးအဖြတ်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းမီဒီယာက သမ္မတဇင်လန်းစကီးနဲ့ တွေ့ဆုံမေးမြန်းခန်းကို ဇန်နဝါရီလ (၂) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီအင်တာဗျူးထဲမှာ သမ္မတဇင်လန်းစကီးက “ထရန့်ဟာ ဒီစစ်ပွဲကို အဆုံးအဖြတ်ပေးမယ့်ကဏ္ဍမှာ ရပ်တည်နိုင်ခြေရှိပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ကျွန်တော်တို့က စစ်ပွဲရပ်တန့်အောင် လုပ်ဆောင်တဲ့နေရာမှာ ကူညီပေးနိုင်မှာပါ” လို့ ပြောကြားခဲ့ပြီး သမ္မတထရန့်က ရုရှားရဲ့ စစ်ရေးကျူးကျော်မှုကို ရပ်တန့်သွားဖို့ ရည်ရွယ်ပြီး လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတထရန့်သည် သူသမ္မတတာဝန်ယူပြီးနောက် ယူကရိန်းသို့ အမြန်ဆုံး သွားရောက်လိုကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“ယူကရိန်းနိုင်ငံအတွက် အမေရိကန်မရှိတဲ့ ဘယ်လို လုံခြုံရေးမဆို အားနည်းသွားမှာပါ” လို့ ပြောကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ပါဝင်ပတ်သက်မှုကို ပြင်းထန်စွာ တောင်းဆိုပြီး ဥရောပနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေကိုလည်း ထောက်ခံအားပေးဖို့ ဆက်လက်တိုက်တွန်းသွားမယ်” လို့ ပြောခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဇန်နဝါရီလ (၃) ရက်နေ့ မနက်ပိုင်းမှာ ရုရှားဘက်က မောင်းသူမဲ့လေယာဉ် စုစုပေါင်း ၉၃ စီးကို အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ကြေညာခဲ့ပါတယ်။

မြို့တော်အနီးရှိ အာဏာပိုင်တွေရဲ့ အဆိုအရ မောင်းသူမဲ့လေယာဉ်ကို ကြားဖြတ်ပြီး တန်ပြန်ပစ်ခတ်ရာမှာ လက်နက်အပိုင်းအစ ထိမှန်ပြီး ထရပ်ကားမောင်းသူတစ်ဦး သေဆုံးခဲ့ရပြီး နေရာအသီးသီး၊မှာ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

‘အမေရိကန်နှင့် သဘောတူညီချက်ရယူမှုကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ အစွန်းရောက်သဘောထားတင်းမာသူများ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော
Virus နိုင်ငံတကာသတင်း

ကိန်းဂဏန်းများက ဖော်ပြနေသည့် ဟန်တာဗိုင်းရပ်စ်(Hantavirus) အခြေအနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 17 Views
CNN – ၂၀၂၆၊ မေလ ၉ ရက် MV Hondius သင်္ဘောသည် တီနီရိုက်ဖ် (Tenerife) ကျွန်းသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

-ယခုနှစ် မော်စကိုမြို့၏ အောင်ပွဲနေ့စစ်ရေးပြအခမ်းအနားသည် ယခင်နှစ်များနှင့်မတူဘဲ အလွန်ထူးခြားနေခဲ့သည်။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 18 Views
စတိဗ် ရိုဆင်ဘာ့ဂ်ရေးသားသည် BBC- ၂၀၂၆ခုနှစ်၊မေလ (၁၀)ရက် ကျွန်တော် ရင်ပြင်နီ (Red Square) ပေါ်က အောင်ပွဲနေ့စစ်ရေးပြပွဲ အတော်များများကို တက်ရောက်ဖူးပါသည်။ သို့သော် ယခုနှစ်၏ အခမ်းအနားမှာမူ ယခင်နှစ်များနှင့် လုံးဝကွဲပြားခြားနားနေသည်ဟု ခံစားရသည်။ ယခင်နှစ်များကဆိုလျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 35 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး ထိန်းသိမ်းလိုက်သည့် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့သည်။ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) သည် အိုမန်ပင်လယ်ကွေ့အတွင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နယ်မြေသိမ်းပိုက်မှု အရှိန်အဟုန်ကို ယူကရိန်း ပြောင်းပြန်လှန်နိုင်ခဲ့ဖွယ်ရှိကြောင်း သုတေသနအဖွဲ့ ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 46 Views
Aljazeera – ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက် ဧပြီလအတွင်း ရုရှားစစ်သည် ၃၅,၀၀၀ ကျော် သေဆုံး သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သည်ဟု ယူကရိန်းက အခိုင်အမာ ပြောကြားနေချိန်တွင် မော်စကို၏
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 42 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 46 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-