နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင် ကို စစ်ကောင်စီ အမှုထပ်တိုး

အမျိုးသားဒီမိုကရေစီ အစိုးရအဖွဲ့ မန္တလေး စည်ပင်ဝန်ကြီး ဒေါက်တာရဲလွင် နှင့် ကော်မတီဝင် ဦးကျော်ဇေယျတို့ကို လွတ်ရက်စေ့ပေမယ့် ပြန်မလွှတ်ဘဲ အမှုထပ်မံတိုးပြီး တရားစွဲဆိုထားကြောင်းသိရသည်။

ထပ်တိုးစွဲထားတဲ့ အမှုတွေအတွက် အိုးဘိုထောင်တွင်း တရားရုံးမှာ စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည်။

ဆူပူအောင်လှုံဆော်မှု နှင့် စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖမ်းဆီးကာ ထောင် ၂ နှစ်စီချထားတဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင် နှင့် စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက လွတ်ရက်စေ့ခဲ့ပေမယ့် စစ်ကောင်စီက ပြန်မလွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအခါပြန်မလွှတ်ပေးသည့်အမြပင် နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားအမှု ရာဇသတ်ကြီးပုဒ်မှ ၄၀၉ နှင့် ထပ်တိုး တရားစွဲဆိုခြင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပုဒ်မဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တစ်သက်တကျွန်းအထိ ချနိုင်တဲ့ပုဒ်မ ဖြစ်ကြောင်းသိရသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူများကတော့ ယခုလုပ်ရပ်သည် စစ်ကောင်စီ အနေဖြင့် NLD အဖွဲ့ဝင်များ ၎င်းနှင့် ပတ်သက်သူများကို အညှိုးတေးထားလုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အစ္စလာမ်ဘာသာဝင်အများအပြား ငလျင်ဘေးကြောင့် သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြောင်း NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 0 Views
မတ်လ (၃၁)ရက်။ အစ္စလာမ်ဘာသာဝင် အများအပြား ငလျင်ဘေးကြောင့် သေဆုံးခဲ့ရတဲ့အပေါ် မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ NUG ရဲ့ ဒီကနေ့မှာကျရောက်တဲ့ အီဒွလ်ဖိသ်ရ်နေ့မှာ
မြန်မာသတင်း

ငလျင်ကြောင့် အခုရက်သတ္တပတ်ကို နိုင်ငံအဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီသတ်မှတ်

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 2 Views
မတ်လ (၃၁)ရက်။ အင်အားပြင်းငလျင်ဖြစ်စဉ်ကြောင့် အခုရက်သတ္တပတ်ကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အနေနဲ့ သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ
မြန်မာသတင်း

လူသားစာနာတဲ့အကူအညီတွေကို စစ်တပ်က အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်မထုတ်အောင် စောင့်ကြည့်ဖို့ KNU တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 2 Views
မတ်လ (၃၁)ရက်။ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ပေးအပ်တဲ့ လူသားစာနာတဲ့အကူအညီတွေကို စစ်တပ်က အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်မထု‌တ်အောင် စောင့်ကြည့်ဖို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ၂၀၀၈ခုနှစ်က ကြုံတွေ့ခဲ့ရတဲ့ နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေအတွက် လက်ခံရရှိတဲ့
မြန်မာသတင်း အရှေ့တောင်အာရှ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအရေးပေါ်အစည်းအဝေးမှာ ဝိုင်းဝန်းကူညီပေးဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 2 Views
ငလျင်ကြောင့် စစ်ကောင်းစီဝန်ကြီး ရုံးခန်းပျောက်ပြီး အဆောက်အဦအပြင်ကနေ အစည်းအဝေးတက်ခဲ့ရ မတ်လ (၃၁)ရက်။ မနေ့က ဗီဒီယိုကွန်ဖရန့်စနစ်နဲ့ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအရေးပေါ်အစည်းအဝေးကို စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အထူးအရေးပေါ်အစည်းအဝေးမှာ မြန်မာနဲ့ ထိုင်းတို့မှာ
မြန်မာသတင်း

Sky Villa ကွန်ဒို ရှာဖွေကယ်ဆယ်တာ ရပ်နားပေမယ့် မြောက်ဘက်ခြမ်းမှာ ဆက်လုပ်နေ

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 3 Views
မတ်လ (၃၁)ရက်။ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးရှိ Sky Villa ကွန်ဒိုမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်နားလိုက်ပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်လိုက်တာက တောင်ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းတွေမှာပါ။ အဲ့ဒီဘက်တွေမှာ
မြန်မာသတင်း

နေပြည်တော်မှာ ပိတ်မိနေသူတစ်ဦးကို မြန်မာနဲ့ စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ပေးခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 10 Views
မတ်လ (၃၀) ရက်။ ငလျင်ကြောင့် နေပြည်တော်မှာ ပိတ်မိနေသူတွေကို မြန်မာနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့နဲ့ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်တင်နေရာ နေပြည်တော် သပြေကုန်းရုပ်ရှင်ရုံ သစ္စာလမ်းရှိ နေအိမ်အတွင်း နာရီ လေးဆယ်ကျော်ကြာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးကို မနေ့ည
မြန်မာသတင်း

နေပြည်တော်တွင် အပျက်အစီးများကြား နာရီ ၄၀ နီးပါးကြာ ပိတ်မိနေသူတစ်ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 11 Views
မတ်လ (၃၀) ရက်။ မြန်မာနိုင်ငံ၊ နေပြည်တော်မှာ မြန်မာနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က မတ် ၃၀ ရက် မနက် ၅ နာရီမှာ သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးအား ကယ်တင်နိုင်ခဲ့တယ်လို့
မြန်မာသတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း အပါအဝင် စစ်ကိုင်းမြိုက ပြိုကျအဆောက်အုံတွေမှာ ပိတ်မိနေတဲ့ ၃၆ ဦးကို ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 9 Views
မတ်လ (၃၀) ရက်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်တွေ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ.ထ.က) (၁) စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊