နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

လက်တစ်ဆုပ်စာ လူတစုရဲ့အကျိုးကို ရှေ့တန်းတင်သရွေ့ ပြည်သူတွေ ထိခိုက်နစ်နာရဦးမယ်လို့ စစ်ခေါင်းဆောင်ပြော

ဇန်နဝါရီလ (၅)ရက်။

ပြည်နယ်အရေး၊ လူတစုအရေးဆိုတဲ့ ခေါင်းစဉ်တွေနဲ့ လက်တစ်ဆုပ်စာ လူတစ်စုရဲ့အကျိုးအတ္တကို ရှေ့တန်းတင်သရွေ့ ပြည်သူတွေ ထိခိုက်နစ်နာရဦးမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်တဲ့အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီလို ဆုံးရှုံးနစ်နာတာတွေ မဖြစ်ရအောင် လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်တာတွေ ပေးရမှာက စစ်တပ်ရဲ့ တယဝန်ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာမှာ ဘယ်လိုအဖွဲ့အစည်းကမှ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို လက်ခံထားတာမရှိတာကြောင့် နိုင်ငံမှာလဲ အမြစ်စွဲတာမရှိအောင် တားဆီးကာကွယ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

နောက်ပြီး စစ်သားတွေရဲ့ ပါရမီဖြည့်ဖက် ရဲမေတွေနဲ့ မိသားစုဝင်တွေအနေနဲ့လဲ နိုင်ငံကာကွယ်ဖို့အတွက် အရန်အင်အားတွေဖြစ်ကာ သင်ကြားထားတဲ့ စစ်ပညာတွေနဲ့ တိုက်ပွဲဝင်ခဲ့ကြတာကို ဂုဏ်ယူတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်က ပြည်တွင်းပြည်ပ ပယောကတွေကြောင့် ပဋိပက္ခတွေနဲ့အတူ နိုင်ငံဟာ ဒီကနေ့အထိ တည်ငြိမ်အေးချမ်းတာ အားနည်းနေဆဲဖြစ်တယ်လို့ ပြောဆိုထားပါသေးတယ်။

မနေ့က ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်တဲ့အခမ်းအနားမှာ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ (၃၄)ဦးကို ပေးအပ်ခဲ့ပြီး ကျန်စွမ်းရည်သတ္တိဆိုင်ရာတံဆိပ်နဲ့ လက်မှတ်ရသူတွေကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှာ တပြိုင်ထဲ အပ်နှင်းသွားမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆောမြို့မရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 6 Views
ဇန်နဝါရီလ (၈)ရက်။ ဇန်နဝါရီလ (၆)ရက်နေ့က ဆောမြို့မရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ချင်းညီနောင်အပေါ် CNF/CC က တိုက်ခိုက်နှောင့်ယှက်တဲ့အပေါ် GMO ပြင်းပြင်းထန်ထန်ရှုတ်ချ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 5 Views
ဇန်နဝါကီလ (၈)ရက်။ တီးတိန်မြို့မှာ ချင်းညီနေုင်အပေါ် CNF/CC အုပ်စုက တိုက်ခိုက်နှောင့်ယှက်တာတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ကမ္ဘာလုံးဆိုင်ရာ မတူအဖွဲ့(GMO)က မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

သဘာဝဓါတ်ငွေ့ရည်(LNG)သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ စစ်ကောင်စီပြင်ဆင်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 7 Views
ဇန်နဝါရီလ (၈)ရက်။ သဘာဝဓါတ်ငွေ့ရည်(LNG)သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီဝန်ကြီး တင်အောင်စန်းရဲ့ မနေ့က လျှပ်စစ်နဲ့ စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လျှပ်စစ်ထုတ်လုပ်နိုင်ဖို့အတွက် ရေအားနဲ့ သဘာဝဓါတ်ငွေ့တို့အပေါ် အဓိကမှီခိုနေရကာ ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုကို
မြန်မာသတင်း

ချင်းညီနောင်အပေါ် CNF/CC က တိုက်ခိုက်နှောင့်ယှက်တဲ့အပေါ် GMO ပြင်းပြင်းထန်ထန်ရှုတ်ချ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 3 Views
ဇန်နဝါကီလ (၈)ရက်။ တီးတိန်မြို့မှာ ချင်းညီနေုင်အပေါ် CNF/CC အုပ်စုက တိုက်ခိုက်နှောင့်ယှက်တာတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ကမ္ဘာလုံးဆိုင်ရာ မတူအဖွဲ့(GMO)က မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ GMO အနေနဲ့ အခု ချင်းညီနောင်စစ်ဆင်ရေး ပိုင်နက်ဖြစ်တဲ့ တီးတိန်မြို့ကို CNF/CC
မြန်မာသတင်း

သဘာဝဓါတ်ငွေ့ရည်(LNG)သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ စစ်ကောင်စီပြင်ဆင်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 2 Views
ဇန်နဝါရီလ (၈)ရက်။ သဘာဝဓါတ်ငွေ့ရည်(LNG)သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီဝန်ကြီး တင်အောင်စန်းရဲ့ မနေ့က လျှပ်စစ်နဲ့ စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လျှပ်စစ်ထုတ်လုပ်နိုင်ဖို့အတွက် ရေအားနဲ့ သဘာဝဓါတ်ငွေ့တို့အပေါ် အဓိကမှီခိုနေရကာ ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုကို
မြန်မာသတင်း

အစိုးရအဖွဲ့ထဲ ၂၀၂၅ဟာ အပြောင်းအလဲတွေများမယ့်နှစ်လို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 17 Views
ဇန်နဝါရီလ (၇)ရက်။ အစိုးရအဖွဲ့ထဲ ၂၀၂၅ဟာ အပြောင်းအလဲတွေ များမယ့်နှစ်လို့ ခံယူပြီး ဆက်လက်ချီတက်ဖို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့အစိုးရအဖွဲ့အစည်းမှာ “ ၂၀၂၅ ဟာ
မြန်မာသတင်း

ထီးလင်းမြို့ပေါ်ရှိ စစ်အုပ်စုတပ်စွဲထားတဲ့ နေရာတွေ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 14 Views
ဇန်နဝါရီလ (၇)ရက်။ မနေ့က နံနက်အစောပိုင်းအချိန်ကစပြီး ထီးလင်းမြို့ပေါ်ရှိ စစ်‌အုပ်စု အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းတွေအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ရင်းတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စု အထိုင်ချတပ်စွဲတဲ့
မြန်မာသတင်း

ဆီဆိုင်မှာ စစ်ကောင်စီက မီးလောင်ဗုံးနဲ့ ဗုံးကြဲကာ အရပ်သားနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 16 Views
ဇန်နဝါရီလ (၇)ရက်။ မနေ့က နံနက် (၉)နာရီအချိန် ဆီဆိုင်မြို့ရှိ ထီစုံကျေးရွာကို စစ်ကောင်စီက မီးလောင်ဗုံးနဲ့ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပအိုဝ်းကျေးရွာဖြစ်တဲ့ ထီစုံရွာကို စစ်ကောင်စီက