နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

တစ်နှစ်တာထဲ တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူသို့ လှူဒါန်းငွေ ကျပ်(၇.၇)ဘီလီယံ ထောက်ပံ့ခဲ့

ဇန်နဝါရီလ (၇)ရက်။

ပြီးခဲ့တဲ့ တစ်နှစ်တာထဲ တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူသို့ လှူဒါန်းထားတဲ့ ‌ကျပ်(၇.၇)ဘီလီယံကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြည်သူမှပြည်သူသို့ လှူဒါန်းငွေတွေကို နေရပ်စွန့်ခွာသူနဲ့ စစ်ဘေးရှောင်တွေအပါအဝင် စားနပ်ရိက္ခာကြိုတင်စီစဉ်မှု၊ CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်း ပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေအပြင် သဘာဝဘေးခံစားရသူတွေ၊ ထိခိုက်လွယ်ခံစားရတဲ့ ပြည်သူတွေနဲ့ မိသားစုတွေနဲ့ အထွေထွေ လူသားစာနာမှုအကူအညီတို့လဲ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလ (၄)နှစ်တာထဲ တော်လှန်ရေး အလျင်အမြန် အောင်မြင်နိုင်ဖို့ကို ရှေးရှုကာ ဘက်ပေါင်းစုံ အကြပ်အတည်းတွေကြားက ကြံ့ကြံ့ခံပြီး ပါဝင်တေယ်လှန်နေသူတွေကို လေးစားဂုဏ်ယူတယ်လို့ ပြောဆိုထားပါတယ်။

ရှေ့ဆက်ပြီးလဲ အခုလို မလျော့တဲ့ဇွဲနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းရာမှာ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ဖို့ NUG ရဲ့ လူသားစာနာဝန်ကြီးဌာနက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲအတွက် မဲရုံအလိုက် မဲစာရင်းတွေပြုစုဖို့ စစ်ကောင်စီစီစဉ်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 3 Views
ဇန်နဝါရီလ (၉)ရက်။ စစ်ကောင်စီက အခုနှစ်ထဲ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲအတွက် မဲရုံအလိုက် မဲစာရင်းတွေပြုစုဖို့ မနေ့က နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့
မြန်မာသတင်း

မြိုင်မြို့နယ်ထဲ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူတာနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 3 Views
ဇန်နဝါရီလ (၉)ရက်။ မြိုင်မြို့နယ်ရဲ့ အရှေ့တောင်ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ
မြန်မာသတင်း

ကျပ်(၂၀၀၀၀)တန်နဲ့ပတ်သက်ပြီး သတင်းလွှင့် ဈေးကစားသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီဗဟိုဘဏ် သတိပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 2 Views
ဇန်နဝါရီလ (၉)ရက်။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ငွေကျပ်(၂၀၀၀၀)တန်နဲ့ပတ်သက်ပြီး သတင်းလွှင့်ကာ ဈေးကစားသူတွေကို ဖော်ထုတ်အရေးယူမယ်လို့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငွေကျပ်(၂၀၀၀၀)တန်နဲ့ပတ်သက်ပြီး ကောလာဟလသတင်းလွှင့်ကာ ကုန်ပစ္စည်းတွေအပါအဝင် ဒေါ်လာနဲ့ နိုင်ငံခြားငွေတွေ ဈေးကစားဖို့နဲ့ ငွေကြေးဈေးကွက်နဲ့ ရွှေဈေးကွက်ကို ပျက်ပြားစေဖို့
မြန်မာသတင်း

တန့်ဆည်မြို့ရှိ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရပြီး (၁)ဦးသေဆုံးကာ (၃)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 3 Views
ဇန်နဝါရီလ (၉)ရက်။ ဇန်နဝါရီလ (၇)ရက် ည (၁၁)နာရီအချိန်က တန့်ဆည်မြို့ မူးဂွကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ မူးဂွရွာနားက
မြန်မာသတင်း

ရန်ကုန် ပန်းဘဲတန်းမှာ စိန်ရွှေရတနာဆိုင် လုယက်ဓါးပြတိုက်ခံရပြီး တန်ဖိုးကျပ်သိန်း(၁၀၀၀၀)ကျော်ပါသွားခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 2 Views
ဇန်နဝါရီလ (၉)ရက်။ မနေ့က နံနက် (၉)နာရီခွဲအချိန်က ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့၊ လမ်း(၃၀) အလယ်ဘလောက်ရှိ ရွှေချစ်သူ စိန်ရွှေရတနာရောင်းဝယ်ရေးဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ရွှေရောင်းချင်တယ်ဆိုပြီးပြောလို့ တံခါးဖွင့်ပေးရာကနေ သေနတ်တွေ ဓါးတွေနဲ့
1027 Operations မြန်မာသတင်း

ပလောင်အလံမလွှင့်ရင် ထောင်ဒဏ်ချမယ်လို့ TNLA အမိန့်ထုတ်ပြန်ချက် ဒေသခံတွေ အခက်တွေ့နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 3 Views
ဇန်နဝါရီလ (၉)ရက်။ နမ္မတူမြို့ရှိ နေအိမ်တွေတိုင်း ပလောင်တော်လှန်ရေးနေ့အတွက် အလံမလွှင့်ထူရင် ငွေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်မယ်ဆိုပြီး TNLA က အမိန့်ထုတ်ထားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ဒီလ (၁၂)ရက်နေ့မှာကျရောက်မယ့် ပလောင်တော်လှန်ရေးနေ့အတွက် အိမ်တွေမှာ ပလောင်အလံတွေ
မြန်မာသတင်း

မန်စီမြို့ စစ်ကောင်စီတပ်စခန်းအားလုံးကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 11 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ မန်စီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလို့ မြေပြင်သတင်းတွေအရ သိရပါတယ်။ “ မန်စီမှာ ကျန်နေသေးတဲ့ ခမရ(၆၀၁)အပါအဝင် ခမရ(၃၁၉)နဲ့အတူ အမတ(၅၃၂)စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့
မြန်မာသတင်း

စစ်ကောင်စီ ငြိမ်းချမ်းရေးစကား အယောင်ပြဖြစ်ပြီး လက်တွေ့မှာ အာဏာတည်မြဲဖို့ ပြည်သူကို ပစ်မှတ်ထား သတ်ဖြတ်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 12 Views
ဇန်နဝါရီလ (၈)ရက်။ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးစကားဟာ အယောင်ပြသာဖြစ်ပြီး လက်တွေ့မှာ အာဏာတည်မြဲဖို့ ပြည်သူကို ပစ်မှတ်ထား သတ်ဖြတ်နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်ရဲ့ ဒီကနေ့ Press Briefing အစီအစဉ်မှာ ပြောဆိုထားချက်အရ သိရပါတယ်။