နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံ M6.8 တိဗက် ငလျင်ကြောင့် လူ ၃၀ ကျော်သေဆုံးပြီး နေအိမ်များပြိုကျကာ ပိတ်မိနေ

ဇန်နဝါရီလ (၇) ရက်။

တရုတ်နိုင်ငံ၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိဂါဇူ (Shigatse) မြို့မှာ ရစ်ခ်ျတာစကေး ၆.၈ ရှိတဲ့ ငလျင်တစ်ခု ဒီနေ့ မနက် ၉ နာရီ ၅ မိနစ်ဝန်းကျင်မှာ လှုပ်ခတ်ခဲ့ပြီး လူ ၃၂ ဦး သေဆုံးခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ လူ ၃၆ ဦး သေဆုံးခဲ့ကြောင်း အချို့မီဒီယာများမှာ ဖော်ပြထားပါတယ်။

နေအိမ်တွေ ပြိုကျပြီး ဒေသခံတွေ ပိတ်မိနေလို့ ကယ်ဆယ်ရေးအဖွဲ့တွေ အခင်းဖြစ်ပွားရာနေရာကို သွားရောက်နေကြောင်း သိရပါတယ်။ ငလျင်ဗဟိုချက်သည် အနက် ၁၀ ကီလိုမီတာ ဖြစ်ကြောင်း တရုတ်မြေငလျင် စီမံခန့်ခွဲရေးအဖွဲ့က ပြောပါတယ်။ မိနစ် ၂၀ ခန့်အကြာမှာ ရစ်ခ်ျတာစကေး ၄ အဆင့် နောက်ဆက်တွဲ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။

ရှိဂါဇူမြို့ဟာ နီပေါ၊ ဘူတန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ တောင်ဘက်ပိုင်းမှာ တည်ရှိသည်။ မြို့တော်အစိုးရရဲ့ အဆိုအရ ရှိဂါဇူမြို့ရဲ့ လူဦးရေဟာ ခန့်မှန်းခြေအားဖြင့် 800,000 ဖြစ်တယ်လို့ ဆိုပါတယ်။

CCTV ဗဟိုရုပ်မြင်သံကြားဌာနရဲ့ အဆိုအရ ငလျင်ဗဟိုချက်မှ ကီလိုမီတာ 20 အချင်းဝက်အတွင်း လူဦးရေမှာ ခန့်မှန်းခြေ 6,900 ဖြစ်တယ်လို့ သိရပါတယ်။ ရွာအများအပြားရှိပြီး အချို့ကျေးရွာတွေမှာ အိမ်အများစု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ငလျင်ဗဟိုချက်တဝိုက် ဧရိယာဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၀၀၀ ခန့်မြင့်တဲ့ ကုန်းမြင့်တစ်ခုဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်ချိန်မှာ ဒေသခံတွေဟာ အဆောက်အအုံအပြင်ဘက်ကို ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အဲ့ဒီဒေသတွင် ဆက်သွယ်ရေးလမ်းကြောင်းတွေ မပြတ်တောက်သေးပေမဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

ဒေသခံစတိုးဆိုင်တစ်ခုလို့ထင်ရတဲ့ အဆောက်အအုံအတွင်းမှာ စင်ပေါ်ကနေ ပြုတ်ကျလာတဲ့ ကုန်ပစ္စည်းတွေကို CCTV က ထုတ်လွှင့်ခဲ့ပါတယ်။ ပြိုကျနေတဲ့ အဆောက်အအုံနဲ့ လမ်းအပျက်အစီးတွေရဲ့ ဗီဒီယိုတွေ တရုတ် လူမှုကွန်ရက် စာမျက်နှာတွေမှာ လွှင့်တင်ထားတာကို တွေ့ရပါတယ်။

သတင်းရင်းမြစ်။ ဆင်ဟွာ၊ ကျိုဒို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ထပ်မံရွှေ့ပြောင်းရန် အမိန့်ပေး

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 10 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အစ္စရေးသည် ဟစ်ဇဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ဘေးလွတ်ရာသို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက တီဟီရန်ကို တိုက်ခိုက်နေချိန်တွင် အီရန်နှင့် ဆွေးနွေးရန် “ နောက်ကျလွန်းပြီ” ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 13 Views
အမေရိကန်သည် အရှေ့အလယ်ပိုင်းရှိ သံရုံးနှစ်ခုကို ပိတ်လိုက်ပြီး ဒေသတွင်း သံတမန်ရေးရာ တည်ရှိမှုများကို လျှော့ချလျက်ရှိသည်။ CNN – ၂၀၂၆ ခုနှစ်၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အထက်လွှတ်တော်လူများစုခေါင်းဆောင် ဂျွန်သွန်း က အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ခိုက်မှုဆိုင်ရာ ဥပဒေကြောင်းအရ အကြောင်းပြချက်ကို နားထောင်ရန် မျှော်လင့်ထားပြီး လွှတ်တော်၏ သဘောတူညီချက် မလိုအပ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 20 Views
CNN -Morgan Rimmer နှင့် Ted Barrett ရေးသားသည်။ ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အထက်လွှတ်တော် လူများစုခေါင်းဆောင် ဂျွန်သွန်း (John Thune) က ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အီရန်အပေါ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များမှ ပြုစုထားသော အသားတင် အကဲဖြတ်ချက် (Net Assessment) ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် “အချို့” ပျက်ကျခဲ့ပြီး “လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်” ဟု ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ CNN
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ထရန့် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အီရန်နိုင်ငံနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂)ရက်နေ့ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အီရန်နှင့် ပတ်သက်၍ သတင်းထောက်များ၏ အော်ဟစ်မေးမြန်းမှုများကိုမူ ၎င်းက