Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘိုမှာ အင်အား (၇၇)ဦးပါ စစ်ကောင်စီရဲ့ စခတ(၈)စစ်ကြောင်းဆီက လက်နက် (၄၅)လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

ဇန်နဝါရီလ (၇)ရက်။

ဇန်နဝါရီလ (၅)ရက်နေ့ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ လယ်ကိုင်းရွာကနေထွက်လာတဲ့ အင်အား (၇၇)ဦးပါ စစ်ကောင်စီရဲ့ စခတ(၈)စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

“ အဲ့ဒီစစ်ကြောင်းက ဇန်နဝါရီလ (၃)ရက်မှာ ရွှေဘို စခတ(၈)ကနေ စထွက်လာတာ။ ဒါ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်” လို့ ဆိုပါတယ်။

အဲ့ဒီစခတ(၈)စစ်ကြောင်းကို ဗိုလ်ကြီး မျိုးမင်းသူဦးစီးကာ ဇန်နဝါရီလ (၃)ရက်နေ့ကစပြီး ရွှေဘိုမြို့ ပေါက်တုံရွာအနီး ပြွန်ကြီးသံလမ်းဆုံနဲ့ ဝက်လက်မြို့ လယ်ကိုင်းရွာတို့မှာ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ကြောင်းကနေ ၆၀ မမ ပြောင်းတို (၁)လက်၊ RPG-7 (၁)လက်၊ MA-15 (ငါးကြင်းမြီး) (၁)လက်၊ MA-4 (၂)လက်၊ MA-3 (၅)လက်၊ MA-1 (၁၀)လက်၊ G-3 (၁၇)လက်၊ M-79 (၁)လက်၊ MA-13 (၅)လက်၊ MA-11 (၁)လက်၊ BA-93 (၁)လက်၊ 5.56 ကျည် (၁၁၆၄)တောင့်၊ G-3 ကျည် (၁၆၇၈)တောင့်၊ ၉မမ ကျည် (၃၆၅)တောင့်၊ ကာဘိုင်ကျည် (၃၉၇)တောင့်၊ အီနာဂါပို့ကျည် (၁၄)တောင့်၊ ငါးကြင်းမြီး ကျည်ကပ် (၁)ခု၊ နာနတ်သီးဗုံး (၃)လုံး၊ သံပုရာသီး ဗုံး (၁)လုံး၊ အီနာဂါ ဗုံးသီး (၁၀)လုံး၊ ၆၀ မမ ဗုံးသီး (၆)လုံး၊ RPG-7 ဒုံးသီး (၇)လုံး၊ RPG ပို့ကျည် (၇)ခု၊ နင်းမိုင်း (၅)လုံး၊ MA ကျည်အိမ် (၄၂)ခု၊ G-3 ကျည်အိမ် (၃၈)ခု၊ MA-13 ကျည်အိမ် (၁၁)ခု၊ Jammer အကြီး (၁)ခုနဲ့ ကျည်ကာဦးထုပ် (၁၀)လုံး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ဇန်နဝါရီလ (၅)ရက် နေ့လည် (၁၂)နာရီခွဲခန့်မှာ ဝက်လက်မြို့ ပေါက်ကန်ရွာကို တံတားဦးကနေ တက်လာတဲ့ Yak-130 (၁)စီးနဲ့ (၂)ကြိမ်၊ ညနေ (၃)နာရီခွဲခန့်မှာ မိတ္ထီလာ(ရှမ်းတဲ)ကနေ တက်လာတဲ့ MiG-29 (၁)စီးနဲ့ (၂)ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ကောင်စီအဖွဲ့ကို အမှတ်(၂) ရွှေဘိုခရိုင်ကွပ်ကဲရေးမှူးညွှန်ကြားချက်နဲ့ ရွှေဘိုခရိုင်တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ ခရိုင်ဒရုန်းတပ်ဖွဲ့နဲ့ ဝက်လက်မြို့နယ်ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့တရက်ထဲ ဝက်လက်မြို့ အုန္နဲဘုတ်ရွာမှာ စစ်ကိုင်းမြို့ ဆားတောင်ရွာက ထွက်လာတဲ့ ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီးတဲ့ တပ်မ (၃၃)လက်အောက်ခံ အင်အား (၈၃)ဦးပါစစ်ကြောင်းကို ရွှေဘိုခရိုင် တပ်ရင်း (၁၊၂၊၁၈)နဲ့ ဒေါင်းနီ(LPDF) ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီကို အရေးယူပေးဖို့ NLD တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 3 Views
မေလ (၁၅)ရက်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီရဲ့ ပြည်သူတွေကို ပစ်မှတ်ထားကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာကို အရေးယူပေးဖို့ NLD က ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်း သိမ်းပိုက်ရရှိခဲ့တာကို KNU အတည်ပြုထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 3 Views
မေလ (၁၅)ရက်။ မေလ (၁၃)ရက်နေ့က ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် KNU က ဒီကနေ့မှာ
မြန်မာသတင်း

မြိုင်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခလရ(၂၅၄)တပ် တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 3 Views
မေလ (၁၅)ရက်။ အခုလဆန်းပိုင်းက မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခလရ(၂၅၄)တပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မေလ(၁)ရက်နေ့က မြိုင်ကို စစ်ကြောင်းထိုးလာတဲ့ စကစရဲ့ တပ်မ(၁၀၁)က ခလရ(၂၅၄)တပ်ရင်းစစ်ကြောင်းကို လိုက်လံချေမှုန်းခဲ့တာ။
မြန်မာသတင်း

အခုလ (၂)ပတ်ထဲ စစ်အုပ်စုကြောင့် သေဆုံးသူ (၆၇)ဦးအထိရှိခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 21 Views
မေလ (၁၄)ရက်။ မေလ (၁)ရက်နေ့ကစပြီး (၁၄)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူ (၆၇)ဦးအထိ ရှိခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုကြောင့် သေဆုံးသူတွေဟာ အမျိုးသား (၂၉)ဦးနဲ့ အမျိုးသမီး (၃၈)ဦးဖြစ်ကာ
မြန်မာသတင်း

အိုးတိန်တွင်းရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ သေဆုံးကလေးငယ်ဦးရေ ထပ်တိုး

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 18 Views
မေလ (၁၄)ရက်။ ဒီပဲယင်းနယ် အိုးတိန်တွင်းရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ဒဏ်ရာရတဲ့ ကလေးငယ်တွေထဲက သေဆုံးသူဦးရေ ထပ်တိုးလာခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သေဆုံးဦးရေ ထပ်တိုးတာက ဒဏ်ရာရတဲ့ ကလေးတွေထဲက (၈)နှစ်အရွယ် G-2
မြန်မာသတင်း

စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 20 Views
မေလ (၁၄)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် ဘားအံခရိုင်ရှိ စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီစစ်ကောင်စီဗျူဟာစခန်းဟာ ဘားအံခရိုင် ပိုင်ကျုံမြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီး တည်ရှိပြီး စစ်ကောင်စီရဲ့
မြန်မာသတင်း

(၂)နှစ်ကျော်ကာလထဲ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၆၀၀)ကျော်အထိရှိခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 21 Views
မေလ (၁၄)ရက်။ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁)ရက်ကနေ အခုနှစ် မေလ (၁၂)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၆၇၉)ကြိမ်အထိ ရှိခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ ယာယီအပစ်အခတ်ရပ်စဲရေးကို
မြန်မာသတင်း

ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ပြောတာတွေအပေါ် စစ်ကောင်စီနဲ့ခိုင်းနှိုင်းတဲ့ ဒေါက်တာတူးခေါင်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 31 Views
မေလ (၁၃)ရက်။ ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ ပြောဆိုနေတာတွေအပေါ် NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စစ်ကောင်စီနဲ့ခိုင်းနှိုင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စကစ လေယဉ် ဗုံးကြဲ လူသတ်တိုင်း NUG က မကာကွယ်ပေးလို့ဆိုတဲ့