ဇန်နဝါရီလ (၈)ရက်။
မနေ့က နံနက် (၁၀)နာရီကျော်အချိန်က ပေါင်းတလည်မြို့၊ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာနေ စစ်ကောင်စီလက်ပါးစေ ရာအိမ်မှုးလင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF(၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရေကြည်ကုန်းရွာက ရာအိမ်မှူး ချက်ဖောင်းတို့လင်မယားကို သူ့ရဲ့နေအိမ်အနီး မီးသွေးဖိုနားမှာ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ (၂)ဦးစလုံး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရေကြည်ကုန်းရွာနေ ရာအိမ်မှူ ချက်ဖောင်း(ခ)ဇော်မင်းဦးတို့လင်မယားကို PPDF(၃၆၀၁)တပ်ရင်း တပ်ခွဲ(၃)က သူ့ရဲ့နေအိမ်အနီး မီးသွေးဖိုနားမှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလင်မယားနှစ်ဦးဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး ငါအုပ်စုမှာ ဘယ် PDF မှ ဂရုစိုက်စရာမလိုဘူးလို့ ကြွေးကြော်ကာ အုပ်စုထဲ ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျတာနဲ့ လူငယ်တွေရှိတဲ့အိမ်တွေကို ငွေညှစ်တောင်းခံနေတာလို့ ရေးသားထားပါတယ်။
နောက်ပြီး အုပ်စုထဲရှိ ကျေးရွာတွေက ပြည်သူတွေကို ထောက်ပို့/PDF အားပေးတယ်ဆိုပြီး ပေါင်းတလည်ရဲစခန်းကို တိုင်ကြားကာ ဖမ်းဆီးခိုင်းပြီး ငွေနဲ့ပြန်ရွေးခိုင်းသလို အချို့ဟာ ရိုက်နှက်နှိပ်စက်ခံရကာ ထောင်ကျတာတွေရှိတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အခုလဲ ရပ်ရွာထဲ မထင်ရင် မထင်သလို ခြိမ်းခြောက်တာနဲ့ ချက်ဖောင်းတို့လင်မယားကြောင့် ဖမ်းဆီးခံရတာတွေ ရှိတာတို့ကြောင့် ပြတ်ပြတ်သားသား အရေးယူတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။