နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘယ်လာရုစ်နဲ့ စစ်ကောင်စီတို့ ဖွံ့ဖြိုးမှု ပူးတွဲဆောင်ရွက်ဖို့ ရည်ရွယ်တဲ့ စာလွှာ လက်မှတ်ရေးထိုး

ဇန်နဝါရီလ (၁၀)ရက်။

မနေ့က နေပြည်တော်မှာ ဘယ်လာရုစ်နဲ့ စစ်ကောင်စီတို့အကြား ဖွံ့ဖြိုးမှု ပူးတွဲဆောင်ရွက်ဖို့ ရည်ရွယ်တဲ့ စာလွှာကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စာလွှာကို စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစောနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဒေါက်တာကံဇော်အပါအဝင် စီးပွား/ကူးသန်းဝန်ကြီး ဦးထွန်းအုံနဲ့ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး H.E Mr. Maxim RYZHENKOV တို့ တွေ့ဆုံစဉ် လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။

တွေ့ဆုံချိန် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ နို့ထွက်ပစ္စည်းကဏ္ဍ၊ တန်ဖိုးမြှင့်လူသုံးကုန်၊ စားကုန်ထုတ်လုပ်ရေးကဏ္ဍ၊ လျှပ်စစ်၊ စက်မှု၊ မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍနဲ့ ဆေးဝါးနဲ့ ဆေးဝါးကုန်ကြမ်း ထုတ်လုပ်ရေးကဏ္ဍတို့မှာ ရင်းနှီးမြှုပ်နှံဖို့အပြင် သီလဝါစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖိူ့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲမှာ ဘယ်လာရုစ်နိုင်ငံအနေနဲ့ နှစ်ဖက် အပြန်အလှန်အကျိုးရှိတဲ့ ကုန်သွယ်၊ စီးပွားရေးမူဝါဒတွေကို ကျင့်သုံးပြီး မြန်မာနိုင်ငံမှာ နို့နဲ့ နို့ထွက်ပစ္စည်းတွေ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ သဘာဝဓါတ်ငွေ့ကနေ ဓါတ်မြေဩဇာထုတ်တဲ့လုပ်ငန်းတွေနဲ့ လူသုံးဆေးဝါးအပြင် တိရစ္ဆာန်ကုသရေးဆိုင်ရာ ဆေးဝါးတွေ ထုတ်လုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

နောက်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပူးတွဲကော်မတီအစည်းအဝေး ကျင်းပနိုင်ဖို့နဲ့ မြန်မာမှာ ရင်းနှီးမြှုပ်နှံရာမှာ နည်းပညာတွေ လွှဲပြောင်းနိုင်ဖို့အတွက် သိပ္ပံနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီစာချုပ် ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နေပြည်တော်ကို ရောက်ရှိနေတဲ့ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့လဲ တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံ ကဏ္ဍအသီးသီးတို့မှာ ပူးပေါင်းဆောင်ရွက်တာ မြှင့်တင်ဖို့အပြင် ကာကွယ်ရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်တာ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာလဲ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်နေတာကို ထည့်သွင်းပြောဆိုခဲ့ကာ စစ်ကောင်စီဘက်က တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး ညိုစော၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို