နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 30 ရက်

1027 Operations

1027 Operations မြန်မာသတင်း

တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ပြီး အောင်ပွဲရရယူဖို့ အချိန်ကောင်းလို့ TNLA ပြော

ဇန်နဝါရီလ (၁၀)ရက်။

တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်မြှင့်တင်ကာ အောင်ပွဲရရှိဖို့ အချိန်အခါကောင်းလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေက နိုင်ငံတဝန်း ဘုံရန်သူကို ထိုးစစ်ဆင် တော်လှန်နေတာကြောင့် စစ်ကောင်စီဟာ သမိုင်းတွင်တဲ့ ကျဆုံးမှုတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

TNLA အနေနဲ့ တအာင်းတပ်မတော်ကို တပ်မဟာ (၉)ခုအနေနဲ့ တိုးချဲ့ပြင်ဆင်ပြီး တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့အတွက် မြို့ (၁၈)မြို့ပါဝင်တဲ့ ခရိုင် (၅)ကို ပြင်ဆင်ဖွဲ့စည်းသွားမယ်လို့ အသိပေးထားပါတယ်။

PSLF ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီလ (၃)ရက်ကစပြီး (၇)ရက်အထိ ကျင်းပခဲ့ကာ တော်လှန်ရေးအခြေအနေတွေအပါအဝင် တနှစ်တာလုပ်ငန်းတွေ ပြန်လည်သုံးသပ်တာနဲ့ ပြင်ဆင်အားဖြည့်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

PSLF အနေနဲ့ စစ်ဆင်ရေးထဲ ထိန်းသိမ်းရရှိထားတဲ့ မြို့ (၁၂)မြို့အပါအဝင် တအာင်းတပ်မတော် အခြေစိုက်ထား‌တဲ့ ဒေသတွေကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးရေးကိစ္စတွေကို စီမံအုပ်ချုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဒေသခံမိဘပြည်သူတွေ ပါဝင်နိုင်မယ့် လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာဖို့ ဆောင်ရွက်သွားမယ်လို့လဲ ပြောဆိုထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလထဲ စွန့်လွှတ်ပေးဆပ် ပျက်ဆီးခဲ့ကြရတဲ့ ပြည်သူတွေ၊ တပ်ဖွဲ့ဝင်တွေအားလုံးရဲ့ ဘဝပြန်လည်ရှင်သန်ထူထောင်ဖို့နဲ့ လုံခြုံအေးချမ်းတဲ့ လူ့အဖွဲ့အစည်းကို လူမျိုးပေါင်းစုံ ပြည်သူတွေနဲ့အတူ လက်တွဲတည်ဆောက်သွားမယ်လို့ ထုတ်ပြန်ထာချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြိုမှာ DKBA ခေါင်းဆောင်တဦးကို ရေးဘီလူးတပ်ရင်း ဝင်ရောက်ပစ်ခတ်၊ လက်နက်ခဲယမ်းအချို သိမ်းဆည်းရမိခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
ဧပြီလ (၃၀)ရက်။ ရေးမြိုနယ်မှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီဆိုသူကို ပစ်ခတ်ခဲ့တယ်လို ရေးဘီလူးတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကဆုန်လပြည့်ဗုဒ္ဓနေ့ အကျဉ်းသား (၁၅၀၀)ကျော်ကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင် လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 20 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၁၅၀၈)ဦးကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်က
မြန်မာသတင်း

ပုလဲနယ်ထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အထိအခိုက်အကျအဆုံး များပြားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
ဧပြီလ (၃၀)ရက်။ ဖေဖော်ဝါရီလ (၂၂ရက်နေ့ကစပြီး ပုလဲနယ် ချင်ပစ်-မုံသွင်ဘက်မှာ အင်အား (၄၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင်ခရိုင်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား (၁)လကျော်ကြာ
မြန်မာသတင်း

မြိုင်မြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 31 Views
ဧပြီလ (၂၉)ရက်။ ဒီကနေ့ မြိုင်မြို့နယ်အရှေ့မြောက်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကော်မရှင်ဂိတ်စခန်းကို ပခုက္ကူခရိုင် အမှတ်(၂၊၆၊၇)တပ်ရင်းတွေ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်တော်(MGY) အညာမြေတပ်ပေါင်းစုနဲ့ မြိုင်(ပ.က.ဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲဟာ (၁)နာရီနီးပါး ကြာမြင့်ခဲ့ပြီး အဲ့ဒီဂိတ်နေရာမှာ
မြန်မာသတင်း

“ The Low-Class Intellectuals”

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 28 Views
By U Tin Nyunt (April 16, 2026) Note: The Author was arrested after he published the article and his whereabout
မြန်မာသတင်း

ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက် ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 36 Views
စစ်တပ်ဘက်က လက်နက်မျိုးစုံ (၂၀၀)ခန့် ပျက်စီးခဲ့ပြီး (၄)ဦးသေဆုံးခဲ့ ဧပြီလ (၂၉)ရက်။ ဧပြီလ (၁၉)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ(၃၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အရောတော်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဒဏ်ရာရတဲ့ ပျူစောထီးမိသားစုကို ပကဖက ကယ်ဆယ်စောင့်ရှောက်ထား

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 25 Views
ဧပြီလ (၂၉)ရက်။ အရာတော်ဒေသမှာ ဒဏ်ရာရတဲ့ စစ်တပ်ဒေါက်တိုင် ပျူစောထီးမိသားစုကို မြို့နယ်ပကဖက တိုက်ပွဲကနေ ကယ်ဆယ်စောင့်ရှောက်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သလဲဘာရွာ ပြည်သူ့စစ်ရဲဘော် ငလင်းရဲ့ ဇနီးနဲ့ ကလေးငယ်တဦးဟာ အရာတော်ဒေသ တိုက်ပွဲထဲ စစ်တပ်ရဲ့
မြန်မာသတင်း

နွားထိုးကြီးနယ် ထိတွေ့တိုက်ပွဲထဲ စစ်တပ်ဘက်က (၂၀)ဦးခန့် ‌သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 38 Views
ဧပြီလ (၂၉)ရက်။ နွားထိုးကြီးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နွားထိုးကြီး PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၄)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က နွားထိုးကြီးမြို့ ခံစပ်ကုန်း(န)ရွာကနေ အင်အား