ဇန်နဝါရီလ (၁၀)ရက်။
ဇန်နဝါရီလ (၇)ရက်နေ့က လောင်းလုံးမြို့နယ် စမ်းလှန်းရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စမ်းလှမ်းရွာထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်တာက (၄)နာရီလောက်ကြာပြီး စကစဘက်က (၈)ဦးသေဆုံးခဲ့တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ (၄)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိတဲ့ ယာယီစစ်ကြောင်းမှူးအပါအဝင် (၈)ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့အတူ နွေဦးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။